အကူအညီ:စတိုင်လက်စွဲ မိတ်ဆက်/အားလုံး

ဝီကီပီးဒီးယား မှ


Bookshelf with full set of Encyclopaedia Britannica volumes
We're working on shortening the MoS ... really.

စတိုင်လက်စွဲ (Manual of Style အတိုကောက် MoS သို့မဟုတ် MOS) ဆိုတာက ဝီကီပီးဒီးယားဆောင်းပါးတွေကို တစ်ပြေးညီစံဖြစ်အောင် ဘယ်လိုပုံစံချမလဲဆိုတဲ့ ထဲထဲဝင်ဝင်ဖော်ပြထားတဲ့ လမ်းညွှန်ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလမ်းညွှန်ချက်တွေကို လိုက်နာခြင်းက စွယ်စုံကျမ်းကို ရှင်းလင်းစေဖို့၊ တညီတညွတ်တည်း ဖြစ်စေဖို့နဲ့ တည်ငြိမ်စေဖို့ ကူညီပေးပါတယ်။


အလွယ်ကူဆုံးနည်းလမ်းကတော့ ပုံစံတကျရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရှာပြီး သူ့ရဲ့ ပုံစံချထားတွေကို ကူးယူတာပါပဲ။ ဒါပေမယ့် ပုံစံချတာနဲ့ ပတ်သက်ပြီး နောက်ထပ် အချက်အလက်တွေကို သိလိုသေးတယ်ဆိုရင် MoSမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ (သူ့ရဲ့ မာတိကာကို ဒီနေရာကနေ ရှာဖွေနိုင်ပါတယ်)။


စတိုင်လက်စွဲက လမ်းညွှန်ချက်တစ်ခုဖြစ်တယ်ဆိုတာ မှတ်သားထားပါ။ အကုန်လုံးကို အလွတ်မှတ်ထားနေဖို့ မလိုပါဘူး။ ပုံစံချတာပတ်သက်ပြီး မသေချာလို့ သိချင်တာပဲဖြစ်ဖြစ်၊ အခြားတည်းဖြတ်သူတစ်ယောက်နဲ့ ပုံစံချခြင်းအတွက် သဘောမတူတာတွေ ရှိလာတာပဲဖြစ်ဖြစ် စတိုင်လက်စွဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


ပုံစံချတာထက် ပါဝင်အကြောင်းအရာက ပိုအရေးကြီးပါတယ်။ သံသယရှိတယ်ဆိုရင် အခြားတည်းဖြတ်သူတွေက အကူအညီပေးပါလိမ့်မယ်။ (အလားတူ သင့်အရေးအသားကို အခြားသူတွေက ပုံစံချပြီး ဝင်ရောက်ကူညီတဲ့အခါမှာ ရိုးသားစွာ ပြုမူ ဆက်ဆံပါ

ဆောင်းပါးအပိုင်းများ[ပြင်ဆင်ရန်]

An article with a table of contents block and an image near the start, then several sections

ဆောင်းပါးတစ်ပုဒ်ဟာ ခေါင်းစဉ်ရဲ့ အနှစ်ချုပ်နဲ့ စတင်သင့်ပါတယ်။ ပြီးတော့မှ စာဖတ်သူကို အသေးစိတ်ကျကျ ခေါ်ဆောင်ရေးသားပါ။ ဖတ်ရှုရလွယ်ကူစေဖို့ စာပိုဒ်တွေ၊ အပိုင်းတွေခွဲပြီး ရေးသားသင့်ပါတယ်။


နိဒါန်းစာပိုဒ်

နိဒါန်းအပိုင်းက ဆောင်းပါးတစ်ပုဒ်ရဲ့ ပထမဦးဆုံး အစိတ်အပိုင်း ဖြစ်ပြီး မာတိကာနဲ့ အခြားခေါင်းစဉ်ခွဲတွေရဲ့ အပေါ်မှာ ရှိပါတယ်။ နိဒါန်းရဲ့ ပထမဆုံး ဝါကျမှာ ကျစ်လျစ်ပြည့်စုံတဲ့ လိုရင်းတိုရှင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ဆောင်းပါးခေါင်းစဉ်ရဲ့ ထင်ရှားအရေးပါမှုကို ဖော်ပြထားတာ ပါဝင်ပါတယ်။ နိဒါန်းရဲ့ ကျန်အပိုင်းတွေကတော့ ဆောင်းပါးရဲ့ အဆက်အစပ်တွေကို ဆက်လက်မိတ်ဆက်သွားပြီး အဓိကအချက်အလက်တွေကို အနှစ်ချုပ် ဖော်ပြထားပါတယ်။


နိဒါန်းအပိုင်းဟာ စာပိုဒ်တစ်ပိုဒ်ကနေ လေးပိုဒ်လောက်ထိရှိသင့်ပြီး ဆောင်းပါးတစ်ပုဒ်လုံးရဲ့ အနှစ်ချုပ်ကို လိုတိုရှင်း ဖြစ်အောင် ရေးထားသင့်ပါတယ်။ အကြောင်းအရာရဲ့ အရေးပါခြင်းကို ထင်ဟပ်စေနိုင်ဖို့ နိဒါန်းထဲက ဖော်ပြချက်တိုင်းကို အသားပေးရေးသားသင့်ပါတယ်။ ဖော်ပြချက်တိုင်းကို ဂရုတစိုက်နဲ့ ကိုးကားချက်တွေ ထည့်ပေးသင့်ပြီး ဖတ်ရှုသူကို ဆောင်းပါးတစ်ပုဒ်လုံးဆက်လက် ဖတ်ရှုသွားနိုင်စေဖို့ ရှင်းလင်းစွာ ရေးထားသင့်ပါတယ်။ ဆောင်းပါးရဲ့ ကျန်တဲ့ စကားပြေ အပိုင်းတွေက နောက်ထပ်ပိုမိုသိရှိလိုတဲ့ ဖတ်ရှုသူကို အသေးစိတ်ဖော်ပြပါလိမ့်မယ်။


အပိုင်းများနဲ့ ခေါင်းစဉ်ခွဲများ

ဆောင်းပါးတွေကို အပိုင်းတွေနဲ့ အပိုဒ်ခွဲ၊ ခေါင်းစဉ်ခွဲများနဲ့ စုစည်းထားပြီး ခေါင်းစဉ်ခွဲတွေဟာ ဆောင်းပါးမာတိကာမှာ အလိုအလျောက် ဖော်ပြထားမှာ ဖြစ်ပါတယ်။ ယေဘုယျအနေနဲ့ အပိုင်းတွေအတွက် စာတစ်ပိုဒ်ကနေ လေးပိုဒ်ခန့်ထိ ရှည်လျားတာက ဖတ်လို့ အကောင်းဆုံးပါပဲ။


ဆောင်းပါးခေါင်းစဉ်က ခေါင်းစဉ်အဆင့် ၁ ဖြစ်ပြီး အလိုအလျောက် ဖော်ပြပေးပါတယ်။ အပိုင်းတွေရဲ့ ခေါင်းစဉ်ကတော့ ဒုတိယအဆင့်ခေါင်းစဉ် (==ခေါင်းစဉ် ၂==) ဖြစ်ပြီး အပိုင်းခွဲတွေအတွက် တတိယအဆင့် ခေါင်းစဉ် (===ခေါင်းစဉ် ၃===) စသဖြင့် အဆင့်ဆင့် ရှိပါတယ်။ အပိုင်းတွေကို ခေါင်းစဉ်အဆင့် ကျော်တပ်တာမျိုး (ဒုတိယအဆင့် ခေါင်းစဉ်ပြီးတော့ စတုတ္ထအဆင့် ခေါင်းစဉ်ရောက်သွားတာမျိုး) မလုပ်သင့်ပါဘူး။


အခြားကြည့်ရန်

ပုံများနှင့် ကိုးကားများ[ပြင်ဆင်ရန်]

ပုံတွေဟာ ဆောင်းပါးတစ်ပုဒ်ရဲ့ စာကိုယ်ထဲမှာ ပြွတ်သိပ်မနေစေဘဲ ရှိသင့်ပြီး အငြင်းပွားဖွယ် သို့မဟုတ် စောဒကတက်ဖွယ် အချက်အလက်တွေအတွက် ကိုးကားတွေနဲ့ ထောက်ပံ့ထားသင့်ပါတယ်။


ပုံများ

ပုံတွေဟာ စာဖတ်သူကို ဆောင်းပါးအကြောင်း ပိုမိုနားလည်စေဖို့ ကူညီပေးပါတယ်။ ရှိနှင့်ပြီးပုံတွေထက် ပိုကောင်းတာ ဒါမှမဟုတ် ဆောင်းပါးပါစသားကို ထပ်မံထောက်ပံ့ပေးနိုင်တာမျိုး ရှိမှသာလျှင့် ပုံတွေကို ထည့်တာ၊ အစားထိုးတာမျိုး ပြုလုပ်သင့်ပါတယ်။ ပုံတစ်ပုံကို ဖန်တီးပြီး တင်တော့မယ်ဆိုရင် ဆီလျော်တဲ့ ပုံဖောမက်အမျိုးအစားနဲ့ လုံလုံလောက်လောက် အရည်အသွေးမြင့်တဲ့ ပုံတွေ ဖြစ်သင့်ပါတယ်။


ပုံတွေကို ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖြန့်ကျက်ထားသင့်ပြီး ဆီလျော်တဲ့ အပိုင်းတွေထဲမှာ ပုံတွေ ရှိနေသင့်ပါသလို ရှင်းပြထားတဲ့ ပုံစာလဲ ပါဝင်နေသင့်ပါတယ်။ ပုံသေအနေနဲ့ ပုံတွေကို နမူနာပုံသေးအနေနဲ့ ပြထားပြီး အမြင်ဆီလျော်စေဖို့ ဆောင်းပါးရဲ့ ညာဖက်ပိုင်းမှာ ထားရှိလေ့ရှိပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အခြားပုံစံချတာတွေ (ဘယ်ဖက်ခြမ်းမှာထားတာ၊ ပုံပြခန်းနဲ့ မြင်ကွင်းကျယ် စတာတွေ) ကို ပြုလုပ်နိုင်ပါတယ်။


အပိုင်းတိုလေးထဲမှာ ပုံများစွာ ထည့်သွင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပုံတွေက နောက်အပိုင်းထဲထိ ရောက်သွားပြီး စာဖတ်ရှုနိုင်မှုကို ကျဆင်းစေတဲ့အတွက် ဖြစ်ပါတယ်။

အခြားကြည့်ရန်


lefteless
lefteless

ကိုးကားခြင်း

  • ရင်းမြစ်တွေက ကိုးကားချက်တွေကို အလွန်အကျွံ အသုံးမပြုပါနဲ့။ ဆောင်းပါးတွေကို ယေဘုယျအနေနဲ့ စကားပြေအနေနဲ့ ရေးသင့်ပြီး အကြောင်းအရာ အကြောင်း ရင်းမြစ်တွေက ဖော်ပြထားတာကို အနှစ်ချုပ်အနေနဲ့ပဲ ရေးသင့်ပါတယ်။
  • ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေက အချက်အလက်တွေကို အသုံးပြုပါ။
  • ဆောင်းပါးရဲ့ ရှိနှင့်ပြီး ကိုးကားပုံစံကို အသုံးပြုပြီး ကိုးကားစာရင်းကို ဆောင်းပါးရဲ့ အောက်ခြေမှာ ထားပါ။။


အငြင်းပွားဖွယ်ရာ ဒါမှမဟုတ် စောဒကတက်နိုင်စရာ အကြောင်းအရာတွေကို ထည့်သွင်းတာ၊ တစ်စုံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားတာ၊ သက်ရှိပုဂ္ဂိုလ်တစ်ဦးရဲ့ အတ္ထုပ္ပတ္တိမှာ အကြောင်းအရာတွေထည့်တာ၊ ပုံတစ်ပုံ တင်တဲ့အချိန်တွေမှာ ရင်းမြစ်ကိုးကားတွေ ထည့်သင့်ပါတယ်။ ကိုးကားပုံစံတွေကို မှန်မှန်ကန်ကန်ထည့်သွင်းဖို့ ကြိုးစာချိန်မှာ အရေးကြီးတဲ့အချက်က စာဖတ်သူအနေနဲ့ ရင်းမြစ်ကို အတည်ပြုနိုင်ဖို့ လုံလောက်တဲ့ အချက်အလက်တွေ ပါဝင်စေဖို့ ဖြစ်ပါတယ်။


ပုံတွေလိုမှာပဲ ပုံသေကိုးကားစတိုင်တစ်ခု ရှိပေမယ့် တစ်ခါတစ်ရံမှာ မူကွဲပုံစံကိုလည်း သုံးပါသေးတယ်။ (ဥပမာ အချို့သမိုင်းဆောင်းပါးတွေမှာ စကားဘညှပ် ကိုးကားခြင်းကို အသုံးပြုလေ့ရှိပါတယ်)။ ကိုးကားအသစ်တွေ ထည့်တဲ့အခါမှာ ဆောင်းပါးထဲမှာ အသုံးပြုထားပြီးဖြစ်တဲ့ ကိုးကားစတိုင်ပုံစံကိုပဲ သုံးပါ။ ဒါမှမဟုတ် မပြောင်းလဲခင်မှာ ဆွေးနွေးချက် စာမျက်နှာကတဆင့် အများဆန္ဒကို မေးမြန်းပါ။ ဆောင်းပါးထဲမှာ ထည့်လိုက်တဲ့ ကိုးကားစာကြောင်းတွေကို ဆောင်းပါးအောက်ဆုံးက "ကိုးကား" အပိုင်းမှာ အလိုအလျောက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ (ကိုးကားအပိုင်းကို "အခြားကြည့်ရန်"၊ "ဆက်စပ်ဖတ်ရှုရန်" အပိုင်းရဲ့ အောက်မှာနဲ့ "ပြင်ပလင့်ခ်များ" အပိုင်းရဲ့ အပေါ်မှာ ထားရှိသင့်ပါတယ်)။


အခြားကြည့်ရန်

ချိတ်ဆက်ခြင်း[ပြင်ဆင်ရန်]

အချိတ်အဆက် လင့်ခ်များ

Example of good wikilinking, with only the first occurrence of each key term linked.

ဟိုက်ပါလင့်ခ်တွေနဲ့ ချိတ်ဆက်ခြင်းက ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ အင်္ဂါရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အတွင်းလင့်ခ် (သို့မဟုတ် "ဝီကီလင့်ခ်")တွေက ပရောဂျက်ကို အတူတကွပေါင်းစည်းပေးပြီး အပြန်အလှန်ဆက်သွယ်စေပါတယ်။ အချိတ်အဆက်လင့်ခ်တွေဟာ ပရောဂျက်အတွင်းမှာ တည်နေရာတွေကို လမ်းညွှန်ပေးနိုင်ပြီး ဖတ်ရှုသူကို အကြောင်းအရာတစ်ခုအကြောင်း ပိုမိုနားလည်လာစေပါတယ်။ ဒီသင်ခန်းစာရဲ့ တည်းဖြတ်ခြင်း အပိုင်းမှာ အချိတ်အဆက်လင့်ခ်တွေကို ဘယ်လိုထည့်သွင်းရမယ်ဆိုတာ လေ့လာခဲ့ပြီးပါပြီ။


ဆောင်းပါးတစ်ပုဒ်ထဲမှာ လင့်ခ်ဘယ်လောက်များများ ပါဝင်သင့်သလဲဆိုတာအတွက် "ဒီခေါင်းစဉ်ကို စာဖတ်သူတစ်ယောက်က အခြားဆောင်းပါးထဲမှာ စိတ်ဝင်စားနိုင်သလား။ ဒီဆောင်းပါးထဲမှာ အချုပ်ဖော်ပြထားတာက ရှင်းလင်းသိသာစေဖို့ လုံလောက်သလား။ ဒါမှမဟုတ် စာဖတ်သူက အကျွမ်းတဝင် မဖြစ်နေနိုင်သလား" ဆိုတဲ့မေးခွန်းကို သင့်ကိုယ်သင် မေးမြန်းပါ။ ယေဘုယျအနေနဲ့ အရေးပါတဲ့ စကားလုံးတစ်ခုရဲ့ ပထမဆုံး ဖော်ပြမှုမှာ ဆီလျော်တဲ့ အကြောင်းအရာဆီကို ချိတ်ဆက်ထားသင့်ပါတယ်။ ဖတ်ရှုနိုင်စွမ်းကို လျော့ကျစေနိုင်တဲ့ လင့်ခ်တွေ အလွန်အကျွံဖြစ်မနေစေဖို့လဲ ဂရုပြုပါ။


ပြင်ပလင့်ခ်တွေ (ဝီကီပီးဒီးယားမဟုတ်တဲ့ အခြားဝဘ်ဆိုဒ်တွေဆီ) ကို "ပြင်ပလင့်ခ်များ" အပိုင်းမှာ ဖော်ပြချက်အတိုနဲ့အတူ ထည့်နိုင်ပါတယ်။ ဆောင်းပါးထဲမှာ ပါဝင်နေတာထက် ပိုမိုအသေးစိတ် ဖော်ပြထားနိုင်တာမျိုး ဒါမှမဟုတ် ဆောင်းပါးနဲ့ အထူးဆီလျော်မှုရှိမှသာ ပြင်ပလင့်ခ်တွေကို ထည့်သင့်ပါတယ်။ ကိုးကားအနေနဲ့ သုံးထားတဲ့ ဝဘ်ဆိုဒ်တွေဆိုရင်တော့ "ကိုးကား" အပိုင်းမှာပဲ ထည့်သွင်းပါ။


အခြားကြည့်ရန်


ညီညွတ်ခြင်း[ပြင်ဆင်ရန်]

စတိုင်လက်စွဲ (MoS) မှာ ပုံစံချတာတွေ အမျိုးမျိုးအတွက် ပြည့်စုံတဲ့ လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။ အောက်မှာတော့ သိထားသင့်တဲ့ထဲက နမူနာအချို့ကို ဖော်ပြထားပါတယ်။


ဘာသာစကား

အသေးစိတ်

မြန်မာဘာသာစကား ဝီကီပီးဒီးယားမှာ မြန်မာဘာသာကို အသုံးပြုပြီး စာလုံးပေါင်း မတူညီတဲ့ ဝေါဟာရ၊ စကားစုတွေအတွက် မတူညီတဲ့ သီးခြားဆောင်းပါးခွဲခြားတာမျိုး မရှိဘဲ တစ်မျိုးတည်းကိုသာ ခေါင်းစဉ်တစ်ခုအတွက် အသုံးပြုပြီး မူကွဲကို ပြန်ညွှန်းအနေနဲ့ သုံးပါတယ်။

ကျွန်တော်ကျွန်မကျွန်ုပ်ကျွန်တော်တို့သင် စတဲ့ စကားလုံးတွေကို အဆိုအမိန့်တွေနဲ့ ဖန်တီးမှုအမည်တွေကလွဲပြီး မသုံးပါနဲ့။

မှတ်သားပါ နဲ့ သတိပြုပါ (အသုံးပြုသူကို သင် လို့ရည်ညွှန်းသော) ဝေါဟာရမျိုးတွေ ရှောင်ကြဉ်ပါ။ ဟုတ်တာပေါ့တကယ်တော့စတဲ့ ဖော်ပြချက် ဝေါဟာရတွေကို အသုံးပြုတာမျိုး ရှောင်ပါ။


ရက်စွဲများနှင့် နံပါတ်များ

အချိန်နဲ့လိုက်ပြီး ဟောင်းသွားမယ့် ဝေါဟာရတွေ (ဥပမာ မကြာသေးမီက) ကို ရှောင်ပါ။

#၁ ဆိုတာမျိုး မရေးပါနဲ့။ နံပါတ်တစ် ဆိုတာမျိုးကို သုံးပါ။ ရုပ်ပြစာအုပ်တွေကတော့ ခြွင်းချက် ဖြစ်ပါတယ်။

တစ်သောင်းနှစ်ထောင်ကို ၁၂,၀၀၀ ပုံစံနဲ့ ရေးပါ။ ဒဿမကိန်းဂဏန်းတွေကို ၃.၁၄ ပုံစံနဲ့ရေးပြီး ၃,၁၄ လို့ မရေးပါဘူး။

၁၀.၆.၁၉၂၁ ပုံစံကို အသုံးပြုတာထက် ၁၉၂၁ ခုနှစ် ဇွန်လ ၁၀ ရက်၁၀ ဇွန် ၁၉၂၁ နဲ့ ဇွန် ၁၀၊ ၁၉၂၁ ပုံစံတို့ကို သုံးသင့်ပါတယ်။ ဒါပေမယ့် ဆောင်းပါးတစ်ခုထဲမှာတော့ ပုံစံတစ်မျိုးတည်းကိုပဲ သုံးသင့်ပါတယ်။

၄၀၀ အေဒီ နဲ့ ၄၀၀ ဘီစီအေဒီ ၄၀၀ နဲ့ ဘီစီ ၄၀၀ စတာတွေသုံးနိုင်ပြီး ဆောင်းပါးတစ်ခုထဲမှာ ပုံစံတစ်မျိုးကိုပဲ သုံးပါ။


ပုဒ်ဖြတ်ပုဒ်ရပ်

ကီးဘုတ်တိုင်းမှာ အလွယ်တကူရိုက်မရတဲ့ မျက်တောင်ကွေးသင်္ကတေ“ ” နဲ့ ‘ ’ အစား အလွယ်တကူရိုက်လို့ရတဲ့ မျက်တောင်အဖြောင့်ပုံစံ " နဲ့ ' တို့ကို အသုံးပြုပါ။

စာအုပ်၊ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲ၊ ဂီတအယ်လ်ဘမ်၊ ပန်းချီကား၊ သင်္ဘောတို့ရဲ့ အမည်တွေကို စာလုံးစောင်းနဲ့ ရေးပါ။ သို့သော် ကဗျာနဲ့ သီချင်းတွေရဲ့ အမည်ကိုတော့ စာလုံးစောင်းပုံစံမသုံးဘဲ မျက်တောင်သင်္ကေတနဲ့ပဲ သုံးပါတယ်။


ပုံစာတွေကိုတော့ ဝါကအပြည့်အစုံမဟုတ်ရင် အဆုံးမှာ ပုဒ်မ (။) သင်္ကေတ အသုံးပြုစရာမလိုပါ။


Non-breaking spaces

အတွဲလိုက်သုံးထားတဲ့ စကားစုတွေမှာ စာကြောင်းတစ်ခုစီ ကွဲမသွားစေဖို့ non-breaking space တွေကို   သို့မဟုတ်{{nbsp}} နဲ့ သုံးနိုင်ပါတယ်။ 17 kg, AD 565, £11 billion, မတ် ၂၀၂၄, 5° 24′ 21.12″ N, Boeing 747, နဲ့ World War II စတဲ့ ဖော်ပြစကားစုတွေမှာ စာကြောင်းတစ်ခုစီ ကွဲမသွားစေဖို့ ဖြစ်ပါတယ်။


အခြားကြည့်ရန်[ပြင်ဆင်ရန်]