အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်/၂

ဝီကီပီးဒီးယား မှ

တည်းဖြတ်မုဒ် ဖွင့်ခြင်း
တည်းဖြတ်မုဒ် ဘယ်လိုစဖွင့်မလဲ

ကိရိယာဘား အခြေခံများ
အလိုရှိရာသုံးဖို့ ကိရိယာများ

လင့်ခ်များနှင့် ဝီကီလင့်ခ်များ
စာမျက်နှာအချင်းချင်း ချိတ်ဆက်ဖို့

ဆောင်းပါးသစ်များ ဖန်တီးခြင်း
စာမျက်နှာတစ်ခု တည်ဆောက်ခြင်း

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



Screenshot of the VisualEditor toolbar


သင်စတင်တည်းဖြတ်လိုက်ပြီဆိုရင် VisualEditor ကိရိယာဘားဟာ စခရင်နဲ့ ထိပ်ဆုံးမှာ ပေါ်လာပါတယ်။


ခလုတ်တွေက သင်လုပ်လိုက်တဲ့ ပြောင်းလဲမှုတွေကို နောက်ပြန် ပြန်ပြင်ရန် နဲ့ ရှေ့သို့ ပြန်ပြင်ရန် ဖြစ်ပါတယ်။


Paragraph  ဒါမှမဟုတ် Headings  မီနူးတွေကတော့ ပုံမှန်စာပုံစံချတဲ့အခါမှာ သုံးတာတွေဖြစ်ပြီး ခေါင်းစဉ်တွေနဲ့ ခေါင်းစဉ်ခွဲ စတာတွေကို ဖန်တီးနိုင်ပါတယ်။ ပုံမှန်စာရိုက်တဲ့ ပုံစံကိုတော့ "Paragraph" လို့ခေါ်ပြီး စာမျက်နှာထဲကအပိုင်းတွေကို "ခေါင်းစဉ်" လို့ခေါ်ပြီး ခေါင်းစဉ်ခွဲတွေကတော့ "Heading 2"၊ "Heading 3" စသဖြင့် ဖြစ်ပါတယ်။


A  ခလုတ်မှာ စာလုံးအထူ (B)၊ စာလုံးစောင်း (I)၊ စာလုံးအောက်ခြေ မျဉ်းတား (U)၊ စာလုံးအပေါ်ဆင့် (x2) နဲ့ အောက်ဆင့် (x2) စတာတွေ ပါဝင်ပါတယ်။ အလိုရှိရာစာသားတွေကို ရွေးချယ်ပြီး ဒီပုံစံချတာတွေကို သုံးနိုင်ပါတယ်။ ဥပမာ၊ ဆောင်းပါးတစ်ခုရဲ့ အကြောင်းအရာကို ပထမဆုံး ဖော်ပြရေးသားတဲ့အခါမှာ စာလုံးအထူနဲ့ ဖော်ပြရေးသားသင့်ပါတယ်။


  မီနူးထဲမှာ နံပါတ်စဉ်ထိုးတာ၊ bullet တပ်တာတွေ ပြုလုပ်နိုင်ပြီး Ω မီနူးထဲမှာ အထူးအက္ခရာစာလုံးတွေ ပါဝင်ပါတယ်။