အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်/၃
![]() | ဤစာမျက်နှာအား အသုံးပြုသူ အသစ် သို့မဟုတ် မှတ်ပုံမတင်ထားသော အသုံးပြုသူများ တည်းဖြတ်ခွင့်ကို လတ်တလောတွင် ခွင့်မပြုထားပါ။. အသေးစိတ်အတွက် ကာကွယ်ခြင်း မူဝါဒနှင့် ကာကွယ်မှု မှတ်တမ်း ကို ကြည့်ပါ။ အကယ်၍ သင်သည် ဤ စာမျက်နှာ အား မပြင်ဆင်နိုင်သော်လည်း ပြောင်းလဲမှု ပြုလုပ်လိုပါက သင့်အနေဖြင့် ပြင်ဆင်မှု တောင်းဆိုခြင်း၊ ဆွေးနွေးချက် စာမျက်နှာ တွင် ဆွေးနွေးခြင်း၊ ကာကွယ်မှု ဖယ်ရှားရန် တောင်းဆိုခြင်း၊ အကောင့်ဝင်ရောက်ခြင်း၊ သို့မဟုတ် အကောင့်ဖန်တီးခြင်းများ ပြုလုပ်နိုင်သည်။ |
တည်းဖြတ်မုဒ် ဖွင့်ခြင်း
တည်းဖြတ်မုဒ် ဘယ်လိုစဖွင့်မလဲ
ကိရိယာဘား အခြေခံများ
အလိုရှိရာသုံးဖို့ ကိရိယာများ
လင့်ခ်များနှင့် ဝီကီလင့်ခ်များ
စာမျက်နှာအချင်းချင်း ချိတ်ဆက်ဖို့
ပြောင်းလဲမှုများ လွှင့်တင်ခြင်း
လုပ်လိုက်တော့
ဆောင်းပါးသစ်များ ဖန်တီးခြင်း
စာမျက်နှာတစ်ခု တည်ဆောက်ခြင်း
အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ

လင့်ခ်များ (အထူးသဖြင့် ဝီကီလင့်ခ်များ) ဟာ ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဝီကီလင့်ခ်တွေက စွယ်စုံကျမ်းပေါ်က စာမျက်နှာတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ချည်နှောင်ထားပေးပါတယ်။
ယေဘုယျအနေနဲ့ ဝီကီလင့်ခ်တွေကို အကြောင်းအရာရဲ့ အရေးပါတဲ့ ပထမဆုံး ဖော်ပြတဲ့အခါမှာပဲ ချိတ်ဆက်သင့်ပါတယ်။ လင့်ခ်တွေကိုတော့
မီနူးခလုတ်ကနေ ဒါမှမဟုတ် ကီးဘုတ်အတိုကောက်ခလုတ် Ctrl+K နဲ့ ထည့်သွင်းနိုင်ပါတယ်။

လင့်ခ်ချိတ်ဆက်တာကို အသုံးပြုလိုက်ရင် ဝီကီပီးဒီးယားထဲက ဆီလျော်တဲ့ လင့်ခ်တွေကို ရှာဖွေပြသပေးပါတယ်။ ↵ Enter ကိုနှိပ်လိုက်ခြင်း ဒါမှမဟုတ် "ပြီးပြီ" ခလုတ်ကို နှိပ်လိုက်ရင်တော့ မျက်မြင်တည်းဖြတ်စာမျက်နှာမှာ လင့်ခ်ချိတ်ဆက်ထားတာကို မြင်ရပါလိမ့်မယ်။

(အခြားဝဘ်ဆိုဒ်များသို့) ပြင်ပလင့်ခ်များကိုတော့ "ပြင်ပဆိုဒ်" ခလုတ်ကနေ အကွက်ထဲမှာ URL တစ်ခုကို ရိုက်ထည့်ပြီး ချိတ်ဆက်နိုင်ပါတယ်။ ဆောင်းပါးထဲမှာတော့ စာမျက်နှာ အောက်ဆုံးမှာရှိတဲ့ ပြင်ပလင့်ခ်များ ဆိုတဲ့ အပိုင်းအောက်မှာပဲ ပြင်ပလင့်ခ်တွေကို ထားသင့်ပါတယ်။
စာမျက်နှာပေါ်က ရှိနှင့်ပြီး လင့်ခ်ကို ပြင်ဆင်ချင်တာ ဒါမှမဟုတ် ဖယ်ရှားချင်တာဆိုရင် အဲဒီလင့်ခ်ပေါ်မှာ နှိပ်လိုက်ရုံပါပဲ။