ဟိမဝန္တာဆား

ဝီကီပီးဒီးယား မှ
ဟိမဝန္တာဆား

ဟိမဝန္တာဆား(ခေါ်) ပန်းရောင်ဆား (အင်္ဂလိပ်: Himalayan salt) ဆိုသည်မှာ ပါကစ္စတန်နိုင်ငံ၊ ပန်ချပ်ဒေသရှိ ကျောက်တုံးများမှ ရရှိသော တွင်းထွက်ဆား (Halite) တစ်မျိုးဖြစ်သည်။ အဆိုပါဆားသည် ပန်းရောင်သန်းနေသဖြင့် ပန်းရောင်ဆားဟုလည်း ခေါ်ဝေါ်သည်။ ဟိမဝန္တာဆားကို အစားအစာများ စားသောက်ရာတွင် စားပွဲတင်ဆားအဖြစ် အသုံးပြုကြသည့်အပြင် အစားအစာများကို ချက်ပြုတ်ရာနှင့် ပြင်ဆင်ရာတို့တွင်၎င်း၊ ဆားပုံဆောင်ခဲများကို အသုံးပြု၍ အခန်းတွင်း လေသန့်စင်စေရန် အလှဆင် ဆားမီးခွက်များ ပြုလုပ်ရာ၌၎င်း ခန္ဓာကိုယ်အား နှိပ်နယ်ရာ၌၎င်း အသုံးပြုကြသည်။

ဟိမဝန္တာဆားကို ဆားကြောရှိသော တောင်ကြောတစ်လျှောက်မှ တူးဖော်ရရှိသည်။ ဆားတောင်ကြောသည် ဟိမဝန္တာ တောင်ဘက်စွန်း ပိုသိုဟာကုန်းမြင့် တစ်လျှောက်တွင် တည်ရှိသည်။ အဆိုပါကုန်းပြင်မြင့်သည် အိန္ဒိယတိုက်နှင့် ယူရေးရှား ခေါ် ဥရောပ၊ အာရှတိုက်တို့ ထိတွေ့တိုက်မိမှုမှ တွန့်ခေါက်၍ ပေါ်ထွက်လာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသန်း ၆၀၀ မှ ၅၄၀ ကြားတွင် ဟိမဝန္တာတောင်သည် ပင်လယ်ရေပြင်အောက်၌ ရှိနေခဲ့ပြီး ကမ္ဘာ့မြေပြင်၏ ရွေ့လျားမှုကြောင့် ဟိမဝန္တာတောင်သည် ပင်လယ်ရေပြင် မြေအောက် မီတာ ၆၀၀ အောက်သို့ရောက်ရှိခဲ့သည်။ နှစ်သန်းပေါင်းများစွာ ကမ္ဘာ့မြေအောက်၏ ဖိအားနှင့် အပူချိန်ကြောင့် ပန်းရောင်ပုံဆောင်ခဲများ အသွင်သို့ ပြောင်းလဲသွားပြီး နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင်တွင် သဘာဝဆား အဖြစ်သို့ ရောက်ရှိခဲ့သည်။

ပထမဦးဆုံး မှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ခန့်က ဂျန်ဂျူယာလူမျိုးများက စတင်တူးဖော် အသုံးပြုခဲ့ကြသည်။ ဟိမဝန္တာဆားကို အများအားဖြင့် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၊ ဂျဟီးလမ်းခရိုင်၊ ဟူရာမြို့အနီးရှိ ဟူရာဆားမိုင်းမှ အများအပြား ထုတ်လုပ်လျက် ရှိသည်။ ဟိမဝန္တာဆားသည် စားပွဲတင်ဆားနှင့် ဓာတုဗေဒအရ ဆင်တူသော်လည်း ရှေးဦးကမ္ဘာ့ပင်လယ်ရေအောက်၌ ဖြစ်ထွန်းလာသောကြောင့် သတ္တဝါအားလုံးအတွက် အလွန်တန်ဖိုးရှိလှပြီး သတ္တုဓာတ် အမျိုးပေါင်း ၈၄-မျိုး ပါဝင်ကာ ကမ္ဘာ့အသန့်စင်ဆုံး ဆားဖြစ်သည်။ ဆား၏ အရောင်မှာ အနီဖျော့ဖျော့အရောင်နှင့် နီဝါရောင်များလည်း ရှိတတ်သည်။ တစ်ခါတသ်ရံ ဆားတူးဖော်သူအချို၏ အညစ်အကြေးများ သန့်စင်မှု မရှိသောကြောင့် ဆားသုံးရန် မသင့်သည့် ဆားများလည်း ပါလာတတ်သည်။

ဟိမဝန္တာဆား၌ ဆိုရီယမ် ကလိုရိုက်၉၈%?ပါဝင်ပြီး အခြားသတ္တုဓာတ်များဖြစ်သည့် မဂ္ဂနီစီယမ်ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ် ၂% ပါဝင်နေသည်။ ချက်ပြုတ်ရာတွင်၎င်း၊ ကော့တေးများ ပြင်ဆင်ရာတွင်၎င်း၊ အိမ်တွင်း Spa အနေဖြင့် ၎င်း အသုံးပြုနိုင်သည်။ အတုံးအခဲများ ဖြစ်၍ အဆိုပါဆားကို လေထုသန့်စင်နိုင်ခြင်းကြောင့် မိမိအိပ်ခန်းအတွင်းတွင်လည်း ထားရှိနိုင်သည်။


ဈေးကွက်၌ ရောင်းချနေသော မည်သည့်ဆားမဆို ပင်လယ်ရေမှသာ ထုတ်လုပ်သန့်စင်ပြီး ဆိုဒီယမ်ကလိုရိုက်နှင့် အချို့ဆားများတွင် အိုင်အိုဒင်း ထည့်ထားသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် မည်သည့် သတ္တုဓာတ်မှ ပါဝင်မှု မရှိပါ။ ပင်လယ်ရေတွင်လည်း အမှိုက်များ၊ ဓာတုအဆိပ်အတောက်များနှင့် ပြည့်နှက်နေသဖြင့် ပင်လယ်ရေမှ ဆားဖြူများ ဖြစ်လာအောင် ချွတ်ဆေးများ၊ ဓာတုသန့်စင်ဆေးများ၊ အစိုမပြန်အောင် ဓာတုဆေးများ စသည်တို့ဖြင့် ပြုပြင် သန့်စင်ထားသောကြောင့် ဆားကို မြောက်မြားစွာ ကြာရှည်သုံးဆောင်ပါက သွေးတိုးရောဓါ၊ နှလုံးရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ၊ စိတ်ကျရောဂါ၊ ဓာတ်မတည့်ခြင်း၊ ဖောရောင်ခြင်းနှင့် အိပ်ရေးပျက်ခြင်းတို့ကို ပိုမိုဖြစ်စေသည်။

အကျိုးအာနိသင်[ပြင်ဆင်ရန်]

ဟိမဝန္တာဆားအား လက်ဖက်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်နှင့် သောက်သုံးပါက စိတ်ကိုကြည်လင်ပေါ့ပါးစေသည်။ ထို့ပြင် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်၏ လုပ်ဆောင်ချက်များကို ကူညီပံ့ပိုးပေးခြင်း၊ သွေးကြောများ၏ ဆဲလ်အတွင်းရှိရှိ ရေဓာတ်ကို ထိန်းညှိပေးခြင်း၊ ရေဓာတ်စုပ်ယူမှု အားကောင်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါတို့ကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေခြင်း၊ ကြွက်သားများ နာကျင်စေမှုကို လျှော့ချပေးပြီး ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်စေခြင်း၊ သွားကိုက်သွားနာခြင်းနှင့် သွားဖုံးရောဂါများကို သက်သာလျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။

ယခုအခါ ဟိမဝန္တာဆား တောင်ကြောကို နှစ်စဉ် ခရီးသွားဧည့်သည် လေးသောင်းကျော် လာရောက်လည်ပတ်နေကြပြီး ဆားမိုင်းအတွင်း၌ ဆားပုံဆောင်ခဲများဖြင့် လက်ရာမြောက်စွာ တည်ဆောက်ထားသော အဆောက်အအုံများကိုလည်း လေ့လာနိုင်သည်။ ယခုအခါ ဟိမဝန္တာဆားကို မြန်မာနိုင်ငံအတွင်း အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်သတင်းစာ၊ ၉.၂.၂၀၁၉၊ စာ-၂၄