သွန်းနေစိုး

ဝီကီပီးဒီးယား မှ
ဆရာသွန်းနေစိုး
မွေးဖွားဦးကျော်၀ဏ္ဏ၊ ဦးသွန်းနေစိုး
(1976-09-20)စက်တင်ဘာ ၂၀၊ ၁၉၇၆
ရန်ကုန်မြို့
နိုင်ငံလူမျိုးဗမာ
အခြား အမည်များဒဿကျော်စွာ
အလုပ်အကိုင်စာရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ
မိဘ(များ)ဦးကျော်ရီ၊ ဒေါ်မြင့်ကြည်

သွန်းနေစိုး[၁]သည် စာရေးဆရာ၊ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်သည်။ အမည်ရင်းမှာ ဦးကျော်၀ဏ္ဏ (ခေါ်) ဦးသွန်းနေစိုး ဖြစ်သည်။

ငယ်ဘဝ နှင့် ပညာရေး[ပြင်ဆင်ရန်]

စာရေးဆရာ သွန်းနေစိုးကို ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့ တွင် အဖ တရားလွှတ်တော်ရှေ့နေကြီး ဦးကျော်ရီ အမိ ဒေါ်မြင့်ကြည်တို့က ဖွားမြင်သည်။ မွေးချင်း ၂ ယောက်တွင် အကြီးဆုံးသား ဖြစ်သည်။ မိဘပေးသော အမည်ရင်းမှာ မောင်ကျော်၀ဏ္ဏ ဖြစ်သည်။

သူငယ်တန်းမှ ပထမတန်းအထိကို ရန်ကုန်မြို့၊ အမက (၆)၊ ကျောက်တံတားတွင် ပညာသင်ယူခဲ့ပြီး ဒုတိယတန်းမှ န၀မတန်းအထိကို အထက (၆)၊ ကျောက်တံတား (စိန်ပေါလ်)ကျောင်း သို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။ ထို့နောက် ဒဿမတန်း (ဆယ်တန်း) ကို အထက (၁) လသာ တွင် ဆက်လက်ပညာသင်ယူခဲ့ကာ ထိုကျောင်းမှပင် ဆယ်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေ (RC1) တွင် ရုက္ခဗေဒဘာသာ အထူးပြုဖြင့် ပထမနှစ်မှ တတိယနှစ်အထိ တက်ရောက်ပညာသင်ယူခဲ့ကာ စတုတ္ထနှစ် (နောက်ဆုံးနှစ်) ကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် သင်ယူခဲ့ပြီး ထိုတက္ကသိုလ်မှပင် သိပ္ပံဘွဲ့ (ရုက္ခဗေဒ အထူးပြု) ဖြင့် ဘွဲ့ရရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ သို့ သွားရောက်ပြီး CNBC ရုပ်သံဌာနတွင် ရုပ်သံလွှင့်ပညာများသင်ယူလေ့လာခဲ့သလို ထိုကာလ နောက်ပိုင်းကတည်းက ရုပ်ရှင်ဒါရိုက်တာပညာနှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးနည်း အတတ်ပညာများကိုလည်း အွန်လိုင်း ပညာသင်ကြားရေးဌာနများမှ လေ့လာသင်ယူခဲ့ပါသည်။

ရုပ်ရှင်ဆိုင်ရာ ဒီပလိုမာနှင့် အသိအမှတ်ပြုလက်မှတ်များအဖြစ် ရှောင်းမီမှ ပေးအပ်သော Mobile Film Making ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၃ ဖေဖော်ဝါရီလတွင်လည်းကောင်း၊ Alison မှပေးအပ်သည့် Advanced Diploma in Film Studies ဒီပလိုမာ လက်မှတ်ကို ၂၀၂၃ ဇွန်လတွင်လည်းကောင်း၊ Screenwriting သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၃ ဇွန်လတွင်ပင် လည်းကောင်း ရရှိ အောင်မြင်ခဲ့ပါသည်။

စာပေနယ်သို့ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ်၊ ဆယ်တန်းအောင်မြင်ကာစတွင်ပင် မြှားနတ်မောင်မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော အိပ်မက်အမည်ရှိ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်အများအပြားတွင် ကဗျာများ၊ ဝတ္ထုများ၊ ဆောင်းပါးများစွာ ရေးသားခဲ့သည်။

ပင်တိုင်ဆောင်းပါးရှင်အဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ The Hot News ဂျာနယ်တွင်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၄ အထိ နံနက်ခင်းဂျာနယ်တွင်လည်းကောင်း၊ ၂၀၁၃ မှ ၂၀၁၄ အထိ Tomorrow News Journal တွင်လည်းကောင်း အခန်းဆက်နှင့် တပုဒ်ချင်း ဆောင်းပါးများ၊ အက်ဆေးများစွာ ရေးသားခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် The Magic Paper အမည်ရှိ ဂမ္ဘီရဂျာနယ်တစ်စောင်ကို အယ်ဒီတာချုပ်အဖြစ် ကိုယ်တိုင် ဦးစီး ထုတ်ဝေခဲ့ပါသည်။

ရုပ်ရှင်နယ်သို့ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ်မှ စတင်ကာ နာမည်ကျော်ဒါရိုက်တာတစ်ဦးဖြစ်သော မောင်မျိုးမင်း (ရင်တွင်းဖြစ်) ထံတွင် ဇာတ်ညွှန်းများရေးသားခြင်းဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပါသည်။ ဒါရိုက်တာ မောင်မျိုးမင်းထံတွင် ဇာတ်ညွှန်းရေးဆရာအဖြစ် ရေးသားခဲ့သော ဇာတ်ညွှန်းများအနက် မင်းမော်ကွန်း နှင့် န၀ရတ် တို့ ခေါင်းဆောင်ပါဝင်သော တယောက်တခြမ်းဇာတ်ကား၊ ရာဇာနေဝင်း နှင့် ပန်းဖြူတို့ ‌ေခါင်းဆောင်ပါဝင်သော တိမ်တိုက်နှင့်စီးနင်းလိုက်ပါကြသူများ ဇာတ်ကားတို့မှာ ထင်ရှားသည်။

ဗိုလ်ချုပ်အောင်ဆန်း အင်တာဗျူးများ စာအုပ်မျက်နှာဖုံး

ဝတ္ထုရေးဆရာဘ၀[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ်တွင် ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သော ချစ်သူဝှက်ထားတဲ့အိပ်မက် လုံးချင်းဝတ္ထုကို ထုတ်ဝေခဲ့ပြီး၊ တွယ်တာသူ့တေး၊ ဖေဖေ့အကြောင်း၊ ကမ္ဘာကြီးတောင် ပြားသွားမယ် ... စသည့် လုံးချင်းဝတ္ထုပေါင်း ၁၆အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၁အုပ်၊ လုံးချင်းဝတ္ထုတို ၃အုပ်၊ ကဗျာစာအုပ် ၅အုပ် [၂]နှင့်

ရပ်ကွက်အထာနဲ့ ပြောတဲ့ဒီမိုကရေစီကျမ်း[၃]အမည်ရှိ နိုင်ငံရေးသိပ္ပံစာအုပ်ကို ၂၀၁၂ တွင်လည်ကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အင်တာဗျူးများအမည်ရှိ စာအုပ်ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်းရေးသားထုတ်ဝေခဲ့ပါသည်။

၂၀၀၈ ခုနှစ်တွင် ကလောင်ခွဲဖြစ်သော ဒဿကျော်စွာ[၄] အမည်ဖြင့် သုသာန်စောင့် မဖဲဝါ လုံးချင်းဝတ္ထုကို ရေးသားထုတ်ဝေခဲ့ရာ အလွန်အောင်မြင်သော စာအုပ်ဖြစ်ခဲ့ပြီး ထိုအချိန်မှ စတင်ကာ မဖဲဝါအမည်ဖြင့် စာအုပ်ပေါင်းများစွာကို အခြားစာရေးဆရာများစွာက ရေးသားခဲ့ကြပါသည်။

ဒဿကျော်စွာ ကလောင်အမည်အပြင် နောက်ထပ် ကလောင်ခွဲများဖြစ်သော ဒိဗ္ဗကျော်စွာ၊ ဒတ္တကျော်စွာ ကလောင်အမည်များဖြင့်လည်း ရေးသားခဲ့သေးရာ ထိုကလောင်နာမည် ၃ခုဖြင့် စုစုပေါင်း လုံးချင်းဝတ္ထုအုပ် ၄၀ ကျော်ရေးသားထုတ်ဝေခဲ့ပါသည်။[၅]

ဒါရိုက်တာဘ၀[ပြင်ဆင်ရန်]

၂၀၀၆ခုနှစ်မှ စတင်ကာ စိန်ဌေးဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်သော နေအောင် ဖြိုးငွေစိုး ချောရတနာ တို့ခေါင်းဆောင်ပါဝင်သည့် နေနှစ်စင်းမျက်နှာချင်းဆိုင် အမည်ရှိ ဗီဒီယိုဇာတ်ကားအား ဒါရိုက်တာအဖြစ် စတင်ရိုက်ကူးခဲ့ပြီး ဖြိုးငွေစိုး သင်ဇာဝင့်ကျော် တို့ခေါင်းဆောင်ပါဝင်သော အလကားပြောတာပါ အမည်ရှိဇာတ်ကား။

ထွန်းထွန်း သင်ဇာဝင့်ကျော်တို့ ခေါင်းဆောင်ပါဝင်သော သစ်ရွက်ကဗျာ အမည်ရှိဇာတ်ကား။ မင်းသစ္စာ မေသန်းနု တို့ ခေါင်းဆောင်ပါဝင်သော မိသားစု အမည်ရှိဇာတ်ကားများမှ စတင်ကာ စုစုပေါင်း ဗီဒီယိုဇာတ်ကား ၁၂ကားတိတိအား ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါသည်။

၂၀၁၆ တွင် ထိုစဉ်က မင်းသားသစ်ဖြစ်သော ပိုင်တံခွန် အား ခေါ်ယူစာချုပ်ချုပ်ဆိုကာ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးရန် စီစဉ်ခဲ့ပါသည်။ [၆] [၇]

ပိုင်တံခွန်နှင့် ရုပ်ရှင်ဇာတ်ကား ၄ကားတိတိ ရိုက်ကူးထားပြီးဖြစ်သော်လည်း ကိုဗစ်ဖြစ်ပွားလာခြင်း၊ အာဏာသိမ်းယူခြင်းများနှင့်ကြုံတွေ့ရခြင်းကြောင့် ယခုအချိန်အထိ ရုံတင်ပြသခြင်း မပြုရသေးပါ။

တော်လှန်ရေးသမားဘ၀[ပြင်ဆင်ရန်]

မြန်မာပြည်အား စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဆရာသွန်းနေစိုးသည် စစ်တပ်က ပုဒ်မ ၅၀၅ ထုတ်ကာ[၈] [၉]လိုက်လံဖမ်းဆီးခံရခြင်းကြောင့်ရှောင်တိမ်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ခိုအောင်းနေထိုင်ခဲ့ရပါသည်။

လိုင်ဇာတွင် ရှိနေစဉ် ကချင်အနုပညာကျောင်းဖြစ်သော ဆွန်ပရော့မဂျွယ်တွင် စစ်ဘေးရှောင်ကလေးများအား ရုပ်ရှင်ပညာများသင်ကြားခဲ့ပြီး နိုင်ငံတကာ မီဒီယာများတွင် မြန်မာပြည်စစ်အာဏာသိမ်းအဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆောင်းပါးများရေးသားခြင်း၊ အင်တာဗျူးများလုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထင်ရှားသော ကိုရီးယားမဂ္ဂဇင်းများ [၁၀] နှင့် ဂျပန်နိုင်ငံထုတ် သတင်းစာကြီးများ[၁၁]တွင် မကြာခဏဆိုသလို ဆောင်းပါးများရေးသားခဲ့သည်။

အဆိုပါ လုပ်ဆောင်မှုများကြောင့်လည်းကောင်း ထို့မတိုင်ခင် နှစ်ကာလ များစွာကတည်းက ပြည်သူလူထုအကျိုးပြုလုပ်ငန်းများစွာ [၁၂][၁၃] ကို လုပ်ဆောင်ခဲ့သောကြောင့်လည်းကောင်း ဂျာမနီနိုင်ငံရှိ Jean-Jacques-Rousseau ဖောင်ဒေးရှင်းက ဆရာသွန်းနေစိုးအား ၂၀၂၁ ခုနှစ်တွင် fellowship အဖြစ် အသိအမှတ်ပြုပေးခဲ့ပါသည်။ [၁၄]

လက်ရှိတွင် ဆရာသွန်းနေစိုးသည် မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများသို့ လှည့်လည်ကာ လူ့အခွင်အရေးဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်နေသလို[၁၅] အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ နွေဦးရုပ်ရှင်ကျောင်းတွင် ဒုကျောင်းအုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

နွေဦးတော်လှန်ရေးကာလ လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

  • ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ
  1. "ဇာတ်ညွှန်းရေးနည်းအတတ်ပညာ" ပို့ချခြင်း
  2. "Modern and Contemporary Literature, and Optional Creative Writing" ပို့ချခြင်း
  • နိုင်ငံရေးဆိုင်ရာ ဟောပြောမှုများ
  1. "မိသားစု စကားဝိုင်း - Episode 2 -"
  2. "နိုင်ငံရေးအင်တာဗျူး"
  • တော်လှန်ရေးအနုပညာ
  1. "Documentary Film of Martyrs' Day"

ရေးသားခဲ့သည့် စာပေများ[ပြင်ဆင်ရန်]

  1. "ချစ်သူဖွက်ထားတဲ့အိပ်မက်" (လုံးချင်းဝတ္ထု)
  2. "ရယ်စရာကောင်းတဲ့ အချစ်" (လုံးချင်းဝတ္ထု)
  3. "ကမ္ဘာကြီးတောင် ပြားသွားမယ်" (လုံးချင်းဝတ္ထု)
  4. "အချစ်သည် အူကြောင်ကြောင်နိုင်၏" (လုံးချင်းဝတ္ထု)
  5. "သက်တန့်ခူးတဲ့ညနေကြယ်" (လုံးချင်းဝတ္ထု)
  6. "တွယ်တာသူ့တေး" (ဝတ္ထုတိုပေါင်းချုပ်)
  7. "သူစိမ်း" (ဝတ္ထုတိုပေါင်းချုပ်)
  8. "ဖေဖေ့အကြောင်း" (လုံးချင်းဝတ္ထု)
  9. "ရပ်ကွက်အထာနဲ့ပြောတဲ့ ဒီမိုကရေစီကျမ်း" (နိုင်ငံရေးကျမ်း)
  10. "ဗိုလ်ချုပ်အောင်ဆန်းအင်တာဗျူးများ" (နိုင်ငံရေးစာပေ)
  11. "ပြည့်တန်ဆာဟု အမည်တွင်ကြသူများအကြောင်း" (ဖြစ်ရပ်မှန်)

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]