သံတဲဟိုတယ်

ဝီကီပီးဒီးယား မှ

သံတဲဟိုတယ် သည် ပုဂံရှေးဟောင်းမြို့ရိုး၏ အနောက်ဘက်ထောင့်နှင့် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိပြီး ပုဂံရှေးဟောင်းသုတေသနဇုန်အတွင်း၌ တည်ရှိသည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ဟိုတယ်၏ အရှေ့ဘက်၌တည်ပြီး ဟိုတယ်၏ အနောက်ဘက်ခြမ်းတွင် ဧရာဝတီမြစ် တည်ရှိသည်။ ဟိုတယ်သည် ညောင်ဦးမှ ၆.၄ ကီလိုမီတာ၊ ပုဂံမြို့သစ်မှ ၆ ကီလိုမီတာ၊ ညောင်ဦးလေဆိပ်မှ ၁၀ ကီလိုမီတာ၊ မီးရထားဘူတာရုံ မှ ၁၆ ကီလိုမီတာ နှင့် ဆိပ်ခံတံတားသို့ ၁.၅ ကီလိုမီတာ အသီးသီး ကွာဝေးသည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]