သဲစု

ဝီကီပီးဒီးယား မှ
သဲစု
ကိုယ်ရေးအချက်အလက်
အမျိးသား အသင်းမြန်မာနိုင်ငံ
ဇာတိဒလမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
တက်ကြွနှစ်များ၂၀၁၉
အားကစား
နိုင်ငံမြန်မာနိုင်ငံ
အားကစားကိုယ်ကာယအားကစား
အောင်မြင်မှုများနှင့် တံဆိပ်များ
ကမ္ဘာ့ ဗိုလ်လုပွဲများ
  • 2019 World Body Building and Physique Sport Championship: ၂၁ နှစ်အောက် အမျိုးသမီး အငယ်တန်း ကာယအားကစား - ကြေး[၁]
ဒေသတွင်း ဗိုလ်လုပွဲများ
  • 2019 Asian Bodybuilding and Physique Championships: Women's Junior Fitness Physique - ရွှေ၊ Women's Junior Model Physique - ငွေ[၂]
  • 2019 SEA Bodybuilding and Physique Sports Championship: Women's Fitness Physique Open Category - ရွှေ[၃]

မသဲစု သည် မြန်မာနိုင်ငံသား အမျိုးသမီး ကိုယ်ကာယအားကစားမယ်တစ်ဦး ဖြစ်သည်။[၄] ၁၁ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် တတိယဆု[၁]၊ ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် အားကစားပြိုင်ပွဲတွင် ပထမဆု၊[၃]၊ ၅၃ ကြိမ်မြောက် အာရှကာယဗလနှင့် ကိုယ်ကာယအားကစားပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုများ ရရှိခဲ့သည်။[၂]

၂၀၁၄ ခုနှစ် ပဉ္စမတန်း နောက်ဆုံးစာမေးပွဲ ဖြေအပြီး နွေရာသီအေရိုးဗစ်သင်တန်း သွားလျှောက်ခဲ့ရာမှ အားကစားလောကထဲသို့ ရောက်ရှိလာခဲ့သည်။[၅] ထိုမှတဆင့် ခရိုင်အဆင့်၊ တိုင်းအဆင့်များအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ဆုတံဆိပ်များ ရရှိခဲ့သည်။[၅]

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၏ လူရွေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ကာယကြံ့ခိုင်မှု အားကစား မြန်မာ့လက်ရွေးစင်ဖြစ်လာခဲ့သည်။[၄]

ရရှိခဲ့သော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

မြို့နယ်၊ ခရိုင်၊ တိုင်းလက်ရွေးစင်ပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်း ၂၀ ကျော် ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ၁၁ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် အသက် ၂၁ နှစ်အောက် အမျိုးသမီး အငယ်တန်း ကာယကြံ့ခိုင်မှုတွင် တတိယဆု ကြေးတံဆိပ် ရရှိခဲ့သည်။[၁] ထို့အပြင် ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် အားကစားပြိုင်ပွဲ Women's Fitness Physique Open Category တွင် ရွှေတံဆိပ် ရရှိခဲ့သည်။[၃] ၂၀၁၉ ခုနှစ်မှာပင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော ၅၃ ကြိမ်မြောက် အာရှကာယဗလနှင့် ကိုယ်ကာယအားကစားပြိုင်ပွဲ၊ Women's Junior Fitness Physique တွင် ရွှေတံဆိပ်နှင့် Women's Junior Model Physique တွင် ငွေတံဆိပ်များ ရရှိခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ 11th WBPF Champions 2019 (PDF)။ World Bodybuilding and Physique Sports Federation။ pp. ၁၇။ ၁၈ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ 53rd Asian Bodybuilding and Physique Championships (PDF)။ World Bodybuilding and Physique Sports Federation။ ၁၈ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး
  3. ၃.၀ ၃.၁ ၃.၂ 16th SEA Bodybuilding and Physique Sports Championship 2019 (PDF)။ Asian Bodybuilding And Physique Sports Federation။ ၁၈ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး
  4. ၄.၀ ၄.၁ "ကျူးကျော်နေအိမ်ကနေ ကမ္ဘာ့အဆင့်ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့သူ" (in my)၊ Radio Free Asia၊ ၁၃ ဇွန် ၂၀၂၃။ 
  5. ၅.၀ ၅.၁ "မပြည့်မစုံဘဝနဲ့ ကမ္ဘာ့အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အားကစားမယ်" (in my)၊ Radio Free Asia၊ ၁၂ ဇွန် ၂၀၂၃။