သောနဝနှစ်အကြောင်း သံချို

ဝီကီပီးဒီးယား မှ

သောနဝနှစ်အကြောင်း သံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

သောနဝနှစ်အကြောင်း သံချို[ပြင်ဆင်ရန်]

သောနဝမှာဖြင့်၊ ဟောပြဘွယ် ချေယတြာနှင့်၊ ရွှေဗမာ ကြမ္မာညှိုးလေတော့၊ အမျိုးပါခိုက်ရန်များလို့ရယ်၊ ဓားလက်နက်လှံကိုကိုင်။

တရွာ တသင်း၊ ဆရာချင်း၊ စစ်ခင်းကာ နှုတ်လုံခုပါလို့၊ နရတိ အချိန်ကုန်တော့၊ သိဟ်ဘုံမှာ ရာဟုမင်းငယ်နှင့်၊ အန္တရာယ် ရန်ပယ်ရှင်းမယ်လို့၊ မှန်တကယ် ဉာဏ်ကျယ်လို့ လင်းကြပေတော့၊ ယင်းမူလ အကြောင်းဆိုင်။

ခေတ်မကောင်းလေဘု၊ အပြစ်ပေါင်းငယ်နှင့်၊ ရှစ်သောင်းကျော် ဗိုလ်သေနင်တို့၊ မြေငလျင် ပဲ့တင်သိမ့်အောင်၊ နွှဲခြိမ့်ခြိမ့်ယှဉ်ကာပြိုင်၊ ခံနိုင်က ခံစတမ်း။

မြန်တလျှောက်မှာတော့၊ အမှန်မှောက်တော့မယ်၊ ကြောက်မက်သူ တူတူပုန်းကြရော့၊ နှောက်ရှက်သူ ဆူပူတုန်းပေမဲ့၊ မုန်းနေကြသည်ကတကြိမ်၊ မတည်းငြိမ်လာမည့်ပွဲမှာလ၊ တို့တွက်ကာ၊ ကိုယ့်ဘက်မှာ မနဲပါဘု၊ ရဲထွက်ခဲ့စမ်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။