သေနာသနဒါယက
ပုံပန်းသွင်ပြင်
အရှင်သေနာသနဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်သေနာသနဒါယကထေရ် သည် မြတ်စွာဘုရားအား သစ်ရွက်အခင်းကို ပေးလှူခဲ့၏။ ထို့ပြင် ပန်းကိုလည်း ပေးလှူပြန်၏။ [၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် သစ်ရွက်အခင်းကို ပေးလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့အပြင် ငါးခုမြောက်ကမ္ဘာထက်တွင်လည်း “တိဏသန္ထရက” အမည်ဖြင့် စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သေနာသနဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]