သူရိယသတင်းစာ
လွတ်လပ်ရေးတိုက်ပွဲအတွင်း လူထုကိုစည်းရုံးရန် လှုံ့ဆော်ရန် အသိပေးရန်နှင့် နယ်ချဲ့သမားတို့အား ထိုးနှက်ရန်အတွက် သတင်းစာများသည် အစွမ်းထက်သည့် လက်နက်တစ်ခုဖြစ်ပေသည်။ ၎င်းတို့အနက် 'သူရိယ' နှင့် 'မြန်မာ့အလင်း' သတင်းစာတို့မှာ အထင်ရှားဆုံး သတင်းစာများဖြစ်သည်။ သူရိယသတင်းစာ The Sun သည် မြန်မာသက္ကရာဇ် ၁၂၇၃ ခု ဝါဆိုလဆန်း ၉ ရက် (ခရစ် ၁၉၁၁ ခု၊ ဇူလိုင်လ ၄ ရက်)အင်္ဂါနေ့တွင် စတင် ထွက်ပေါ်လာလေသည်။
'သူရိယ'နာမည်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပေးသည်ဟု သိရသည်။ သီပေါဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားသော သူရိယသင်္ဘောအမည်ကို အမှတ်ပြု၍လည်းကောင်း၊ 'ရဲရင့်ခြင်း'ဟူသော အဓိပ္ပာယ်ကို ယူ၍လည်းကောင်း ဤအမည်ကို ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
သူရိယသတင်းစာကို စတင်တည်ထောင်သူများကား ဦးဘဖေ နှင့် ဦးလှဖေ (မြင်းခြံ ချည်စက်တည်ထောင်သူ ကွယ်လွန်)တို့ ဖြစ်ကြသည်။ ထိုစဉ်က ဦးဘဖေသည် ဆေးမင်းကြီးရုံးမှာ အလုပ်လုပ်ရာ အရာရှိမျက်နှာဖြူများနှင့် မသင့်တင့်၍ အလုပ်မှ ထွက်ခဲ့သည်ဆို၏။ ထို့နောက် သတင်းစာထုတ်ရန် စိတ်ကူးရရာ စိန်ပေါကျောင်းတွင် ကျောင်းဆရာအတူ လုပ်ခဲ့ဖူးကြသော ဦးလှဖေနှင့်တွေ့ကြပြီး ဦးလှဖေကလည်း ဦးမေအောင်၏ 'သည်ဘားမင်း' (The Burman) အင်္ဂလိပ်သတင်းစာတွင် လုပ်နေရာမှ ထွက်ချင်သည်နှင့် ဦးဘဖေ၏ အကြံကို လက်ခံပြီး နှစ်ယောက်ပူးပေါင်း လုပ်ရန် ဆုံးဖြတ်လိုက်ကြလေ၏။
သို့ရာတွင် ငွေရင်းမှာ တစ်ဦးလျှင် ၂၅ ကျပ်စီနှင့် ပေါင်း ၅၀ ကျပ်သာရှိ၏။ ထိုငွေနှင့် ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်တွင် 'သူရိယသတင်းစာကြီး ထုတ်ဝေတော့မည်။ ဘာသာရေး၊ နိုင်ငံရေးပါမကျန် မိမိတို့သန်ရာကို ဖတ်ရတော့မည်' ဟု ကြော်ငြာများ ရိုက်နှိပ်ဖြန့်ဝေလိုက်လေ၏။ ထိုကြော်ငြာများ လိုက်လံဝေငှရင်း ဦးဘဖေနှင့် ဦးလှဖေတို့သည် မိမိတို့ နီးစပ်ရာ မိတ်ဆွေများအား သတင်းစာ အတင်းယူခိုင်းပြီး သတင်းစာဖိုး တစ်နှစ်စာအတွက် ၁၅ ကျပ်စီ ကောက်ခံ ယူခဲ့ကြ၏။ မိတ်ဆွေ (၃၆၅) ဦးထံမှ ငွေ (၅၀ဝ၀)ကျော် ရသည်ဟု ဆို၏။ ထိုငွေနှင့် 'သူရိယ' သတင်းစာကို မတည်လိုက်လေသည်။
ဤသို့နှင့် စဉ့်အိုးတန်းလမ်းရှိ ဦးဘသွင်ပိုင် ဧရာဝတီပုံနှိပ်တိုက်တွင် 'သူရိယ' သတင်းစာကို ရိုက်နှိပ်ထုတ်ဝေလေ၏။ သူရိယမှာ ထုတ်ဝေပြီး သတင်းစာများထက် သတင်းများကို စုံလင်အောင် ကြိုးစား၏။ နယ်သတင်းများ အသင်းအပင်းသတင်းများကို များစွာထည့်ခဲ့၏။ ထိုထက် အစိုးရကို ဝေဖန်ခြင်းများ ထင်မြင်ချက်ပေးခြင်းတို့ကိုလည်း ပြုလုပ်ခြင်းကြောင့် ဖတ်သူများ တိုးတက်လာ၏။ စောင်ရေ ၃၀ဝ၀ (သုံးထောင်)ရိုက်ရာတွင် လစဉ်ငွေပေး ဖတ်သူ ၄၀ဝ ခန့်ရှိပြီး ကျန်သတင်းစာများကိုမူ တစ်ပြည်လုံး အနှံ့အပြား ဝေငှပစ်လိုက်သည်ဆို၏။
ဤသို့ဖြင့် သူရိယသတင်းစာမှာ စောင်ရေတက်လာလေသည်။ ဦးဘဖေ၊ ဦးလှဖေ တို့မှာ အယ်ဒီတာလည်း သူတို့၊ တိုက်အုပ်ဆိုလည်း သူတို့၊ ပိုင်ရှင်ဆိုလည်း သူတို့၊ စာရေးဆိုလည်း သူတို့ မင်းစေဆိုလည်း သူတို့၊ နောက်ဆုံး တံမြက်စီးလှည်း အောက်ခြေသိမ်း အလုပ်ဆိုလျှင်လည်း သူတို့ပင်ဖြစ်ရာ ယခုကဲ့သို့ သတင်စာကြီးထွားလာသောအခါ၌ နှစ်ယောက်တည်းနှင့် မနိုင်ဖြစ်လာလေ၏။ ထို့ပြင် ငွေရင်းကလည်း ထပ်မံ လိုလာပြန်သည်။ ဤအတွက် သူရိယမှာ မ,စသူနှင့် တွေ့ရတော့၏။ ဦးဘဖေ ကျောင်းသားဘဝကစ၍ ကျွေးမွေးစောင့်ရှောက်၍ အမေကဲ့သို့ ချစ်ခင်သော 'မမတင်' (ဒေါ်တင်တင်)ဆိုသူ ရှိ၏။ ဒေါ်တင်တင်ထံတွင် ငွေပို ငွေလျှံ ၉၀ဝ၀ ခန့်ကလည်း အဆင်သင့်ရှိသဖြင့် ၎င်း ၉ဝဝဝမှ ၃ဝဝဝကို ဒေါ်တင်တင်ကိုယ်တိုင် 'သူရိယ' တွင် အစုအဖြစ် ထည့်ဝင်ပြီး၊ ကျန်ငွေ ၆ဝဝဝကို ဦးဘဖေ နှင့် ဦးလှဖေ တို့အား ချေးငှားလျက် သူတို့၏အစုများအဖြစ် တစ်ယောက် ၃၀ဝ၀ စီ ထည့်ဝင်ကြလေသည်။
ဤတွင် သူရိယမှာ ငွေရေးကြေးရေး တောင့်တင်းလာပြီး ကိုယ်ပိုင် ပုံနှိပ်စက် ဝယ်ယူရိုက်နှိပ်လေ၏။ စာစီသမား၊ စက်ရိုက်သမား၊ စာရေး စသည်တို့ကိုလည်း ခန့်ထားလာရ၏။ ဦးဘဖေ နှင့် ဦးလှဖေတို့မှာမူ အယ်ဒီတာနှင့် တိုက်အုပ်အလုပ်တို့ကို သင့်သလို ခွဲဝေလုပ်ကြရပေ၏။ သတင်းစာ၏ မြန်မာစာအရေးအသား ပြေပြစ်ချောမောစေမှုအတွက် ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)ကို မော်လမြိုင်မှ ခေါ်ယူပြီး မြန်မာဘာသာအယ်ဒီတာခန့် ထားရလေသည်။ တိုက်မှာ ပုဇွန်တောင် ကရိလမ်း (ယခု ဗိုလ်မြတ်ထွန်းလမ်း) အမှတ် (၁၅) ဖြစ်၏။
စတင်ထုတ်စဉ်က သူရိယသည် တပတ်သုံးကြိမ်ထုတ်ဖြစ်၏။ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ထုတ်ဝေသည်။ ၁၉၁၅ ခုနှစ်သို့ ရောက်မှသာ သူရိယသည် နေ့စဉ်သတင်းစာဖြစ်လာလေသည်။ သတင်းစာမှာ ရွိုင်ရယ်လေးချိုး (၁၂ x ၁၀) နှင့် (၁၂) မျက်နှာခန့် ရှိ၏။ နောက် နေ့စဉ်ဖြစ်လာလျှင် စာမျက်နှာ (၁၆)မျက်နှာအထူးထုတ် (၂၈) မျက်နှာအထိ တက်လာ၏။ ကြော်ငြာလည်း မျက်နှာဖုံးနှင့်တကွ (၄)မျက်နှာမှ (၁၀) မျက်နှာ အထိလောက်ရှိ၏။
ထိုစဉ်က သတင်းစာ၏ အဆင်အပြင်မှာ အခန်းကဏ္ဍအမျိုးမျိုးခွဲခြား၍ ခေါင်းစည်းပေးပုံမှာလည်း ရန်ကုန်သတင်း၊ နယ်သတင်း၊ အထွေထွေသတင်း၊ စီးပွားသတင်း၊ ရယ်ရွှင်ဖွယ်သတင်း၊ ကြေးနန်းသတင်း၊ ရန်ကုန်မြို့ ဆန်ဈေးနှုန်း စသည်ဖြင့် ထည့်သွင်းလေ့ရှိသည် စာလုံးပုံများမှာလည်း တံခွန်လွှားအသတ်ရှည်ကြီးများဖြင့် ရှေးဆန်လှပေ၏။ ခေါင်းကြီးပိုင်းများကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရေးတတ်၏။ 'The Coming Y.M.B.A Conference' 'ပြုလုပ်လတံ့သော ဝိုင်အမ်ဘီအေ အစည်းအဝေးကြီးအကြောင်း' စသည်ဖြင့် ဖြစ်၏။
မျိုးချစ်စိတ် လှုပ်နှိုးခြင်း
[ပြင်ဆင်ရန်]သူရိယသတင်းစာမှာ တဖြည်းဖြည်း တိုးတက်ကြီးပွားလာသလောက် ငွေကလည်း မလောက်နိုင်အောင် ဖြစ်နေ၏။
ထို့ကြောင့် တိုးချဲ့နိုင်ရေးအတွက် ဝတ်လုံတော်ရဦးပု (သာယာဝတီဦးပု)၊ ဆာဦးသွင်၊ ဦးဘိုးအောင် (ဒေါက်တာဦးညို၏ အစ်ကို) စသူတို့နှင့် တိုင်ပင်ကာ ငွေရင်း ငါးသောင်းကျပ်မတည်ကာ သူရိယသတင်းစာလီမိတက် (The Sun Press Limited)ကို ၁၉၁၂ ခုနှစ် အောက်တိုဘာလ၌ တည်ထောင်လိုက်သည်။ ဝံသာနုများက သူရိယ အစုရှယ်ယာအများစုကို ဝယ်ယူအားပေးကြသဖြင့် ၁၉၂၂ ခုနှစ်တွင် အစုရှယ်ယာငွေ ငါးသောင်းမှ ငါးသိန်းအထိ တက်လာသည်။ နေရာကိုလည်း ယခု အနော်ရထာလမ်း (ဖရေဇာလမ်း) နှင့် ဗိုလ်အောင်ကျော်လမ်း (စပတ်လမ်း)ထောင့်နေရာကို ဝယ်ယူလိုက်လေသည်။ သို့သော် ထိုနေရာသို့ကား ၁၉၂၃ ခုနှစ်ခန့် ရောက်မှ ပြောင်းရွှေ့ရသည်။
ထိုနေရာသို့ မရောက်ခင် သူရိယသတင်းစာတိုက်သည် ဆူးလေဘုရားလမ်း အမှတ် ၁၀၉-၁၁၀ တွင် တပ်ရှိခဲ့သည်။ ထိုနေရာမှာပင်လျှင် သူရိယ၏ အလွန်နာမည်ကျော်ကြားလှသော နိုင်ငံရေးဘဝကြီး စတင် ပေါက်ဖွားလာလေသည်။ သူရိယတိုက်၏ အပေါ်တွင် ဝိုင်အမ်ဘီအေ အသင်းတိုက်ရှိ၏။ သူရိယတိုက်တွင် ဂျပန်မှ ပြန်ရောက်လာစ ဖြစ်သော ဆရာတော်ဦးဥတ္တမ သီတင်းသုံး၏။ ဂျပန်၏ တိုးတက်မှုကို မြင်လာရသော ဦးဥတ္တမသည် အမျိုးသားပြည်သူ၏ စွမ်းရည်ထက်မြက်ကြီးမားပုံကို ဖော်ထုတ်အောင် ပြောလေ၏။ မြန်မာတို့၏ မျိုးချစ်စိတ်ကို လှုပ်နှိုးကာ တစ်ပြည်လုံးကို မျက်စိဖွင့်ပေးလိုက်လေ၏။
သူရိယသတင်းစာသည်လည်း ဆရာတော်ဦးဥတ္တမ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးဘဖေ၊ ဦလှဖေတို့၏ အမျိုးသားစိတ်ဓာတ်ပြင်းပြမှုကြောင့် အမျိုးသားရေး ကြိုးပမ်းမှုကြီးတွင် လှော်တက်တစ်ခုအဖြစ် ပါဝင်လှော်ခတ်ရန် ပိုမိုပြတ်သားစွာ ကြိုးစားလာလေသည်။ ဤသို့ဖြင့် ဝိုင်အမ်ဘီအေနှင့် သူရိယမှာလည်း တွဲဖက်မိနေတော့၏။ ဆရာတော်ဦးဥတ္တမကိုယ်တော်ကြီး၏ နိုင်ငံရေးတရားဟောသတင်းများကိုလည်း သူရိယက မပြတ်တမ်း ထည့်သွင်းပေးနေ၏။ ဖျာပုံတွင် တရားဟောရင်း ဦးဥတ္တမ
အဖမ်းခံရ၍ မအူပင်၌ အမှုစစ်ဆေးထောင်ကျခံရသောအခါ သူရိယက ချက်ချင်းထည့်သွင်းဖော်ပြပေးသည်။
ပထမကမ္ဘာစစ်သတင်းများ
[ပြင်ဆင်ရန်]၁၉၁၄ ခု ပထမ ကမ်ဘာစစ်ကြီး ဖြစ်လာသော အခါတွင် သူရိယသတင်းစာမှာ တဟုန်ထိုး တိုးတက်လာခဲ့သည်။ စစ်ကို စိတ်ဝင်စားပြီး အထူးအဆန်း စစ်သတင်းတို့ကို ကြားသိချင်ကြသော လူထုအတွက် သူရိယသည် စစ်ကြေးနန်းသတင်းစာများကို ဓာတ်ပုံများ မြေပုံများနှင့် ဝေဝေဆာဆာ ဖော်ပြထည့်သွင်းပေးရာ လူကြိုက်အလွန် များသွားလေသည်။ စစ်ကြေးနန်းသတင်းများ 'ညနေသတင်းစာ'အဖြစ်ပင် သူရိယဦးဘကလေး (သမာဓိသတင်းစာတည်ထောင်သူ) က ဦးစီးထုတ်ဝေခဲ့ရပေ၏။ ထိုနောက် သူရိယသတင်းစာသည် ဦးဘဖေပါဝင်သော ၂၁ ဦးအဖွဲ့ကို ထောက်ခံရေးသားလေသည်။ (၂၁) ဦးက ဒိုင်အာခီကို စမ်း၍ လက်ခံသင့်သည်ဟု ဆို၏။ နယ်ချဲ့ကို ပူးသတ်ခြင်းဖြစ်သည်ဟု အကြောင်းပြသည်။ ဝံသာနုကမူ ဟုမ်းမရူးမှလွဲ၍ လက်မခံဟု ကြွေးကြော်လေသည်။ သူရိယ သတငျးစာသညျ ဒိုငျအာခီ စဈပှဲြကီးကို အွပငျးအထနျ ဝငျနှှဲ၏။ ဒိုငျအာခီကို လကျခံသငျ့ြေကာငျး ၁ဝ ရကျခနျ့ ဆကျ၍ ခေါငျးြကီးပိုငျးမှ ရေးသားခဲသညျဆိုသညျ။ စောငျရေလညျး ထိုးကဩှားတော့သညျဆို၏။ တိုငျးြပညျလူထုသညျ ဒိုငျအာခီကို လကျမခံလိုြကတော့ပေ။ ၁၉၂၂ ခုနှဈတှငျ ဒိုငျအာခီ အုပျချုပျရေးအတှကျ ဥပဒွေပု အမတျရှေးကောကျပှဲ ကငျြးပ၏။ ၎င်းင်းငျး ရှေးကောကျပှဲကို ဂျီစီဘီအေက သပိတျမေှာကျသညျ။ ၂၁ ဦး စသညျတို့ အရှေးခွံက၏။ ဒိုင်အာခီနှင့် ၂၁ ဦးတို့ကို ထောက်ခံနေသော သူရိယအား လူထုက စိတ်ဆိုးကြ၏။ လူထု၏ ဟုမ်မရူးလမ်းမကြီးတွင် အနှောင့်အယှက်ဟု ဒေါသထွက်ကြ၏။ သပိတ်မှောက်အရေးများကလည်း ခေတ်ထနေရာ သူရိယ သတင်းစာကိုလည်း သပိတ်မှောက်ကြလေ၏။ အချို့က စုပုံ၍ မိးရှို့ကြလေ၏။ သို့သော် သူရိယကား သူယုံကြည်ရာကိုပင် ဆက်လက်ရေးသားသွား လေသည်။ ၁၉၃ဝ ြပညျ့ ကုနျခါနီးမှစ၍ ၁၉၃၁ ခု ကုနျခါနီးအထိ ပုနျကနျထွှကှခဲ့သော ဆရာစံ တောငျသူလယျသမား အရေးတော်ပုံ သတငျးများကို အသားပေး ဖောြ်ပသညျဆိုြပီး အာမခံငှေ တဈသောငျး တငျခဲ့ရလေသညျ။ ထိုစဉ်က ဖမ်းမိသော လယ်သမား အရေးတော်ပုံ တပ်သားများကို အဂင်လိပ်များက ခေါင်းဖြတ်သတ်၍ ခေါင်းများကို စုပုံထားပြီး သတင်းစာ ဆရားများကို ပြသည်တွင် သူရိယမှ ဦးပုကလေးက ဓာတ်ပုံရိုက်ယူပြီး သူရိယတွင် ‘အဂင်လိပ်တို့ရက်စက်ပုံ’ ခေါင်းစဉ်တပ်၍ ဖော်ပြလိုက်ရာ ပွက်ပွက်ရိုက်အောင် တုန်လှုပ်သွားသည်ဆို၏။ သူရိယသတငျးစာသညျ တှဲရေးခှဲရေး ကိစ်စတှငျ ခှဲရေးဘကျမှ ဝငျရောကျ၍ အွပငျးအထနျ တိုကျခိုကျရေးသားလေသညျ။ သူရိယအတှကျမှု ခှဲရေးမှာ အသဈအဆနသျ်သးမဟုတျခေ။ြ ၁၉၂ဝ ြပညျ့နှဈခနျ့ကပငျ သူရိယ၏ ဝါဒွကိုးကိုငျ ဦးဘဖေ တို့လူစုသညျ ခှဲရေးကို စတငျြေကှးြေကာ် ြကိုးပမျးလာြက၏။ ၁၉၂၇ ခုနှဈတှငျ အိန်ဒိယသုံး မစ်စတာမှနျတေဂူ လာသညျတှငျ ဦးဘဖေ၊ ဦးမေအောငျ၊ ဦးစု စသော ြမနျမာ ကိုယျစားလှယျအဖှဲ့က အိန်ဒိယနှငျ့ ခှဲပေးဖို့တောငျးဆိုခဲ့ြကသညျ။ သို့ြဖငျ့ ထိုစဉျလောကျမှစ၍ပငျ သူရိယဝါဒမှာလညျး ခှဲရေး ြဖဈခဲ့လေသညျ။ ခွဲရေးအတွက် သူရိယကို အိန်ဒိယ အမျိုးသားများက မကျေနပ်နိုင်။ ၁၉၂၉ ခုတွင် ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်လုပ်ရာမှ ကုလားဗမာ အလုပ်သမားများ တိုက်ပွဲဖြစ်ပြီး အဓိကရုဏ်း ဆက်လက်ဖြစ်ပွားရာတွင် သူရိယသတင်းစာတိုက်ကို ကုလား ကူလီ ၃၀ဝ၀ ခန့်က ဖျက်ဆီးဖို့ ကြိုးစားခဲကြသေး။ သို့သော် အနည်းငယ်သာ ပျက်စီးခဲ့သည်။ ခွဲရေးတွဲရေး တိုက်ပွဲကြီးတွင် သူရိယ အယ်ဒီတာအဖွဲ့မှ ဦိးသိမ်းမောင် (သံတော်ဆင့်)သည် "ခွဲခြားရေးအသင်း"တွင် အတွင်းရေးမှူးပင် လုပ်ခဲ့သေးသည်။ ၁၉၃၅ ခုနှစ်တွင် ဘိလပ် ပါလီမန်ပ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အက်ဥပဒေကို တင်သွင်း အတည်ပြု၍ ၁၉၃၇ ခု ဧပြီလတွင် မြန်မာနိုင်ငံအား အိန်ဒိယပြည်မှာခွဲခွာလိုက်၏။ ၁၉၃၈ ခု ၉၁ ဌာန အုပ်ချုပ်ရေး အစလောက်တွင် ဦးစော သူရိယသို့ ရောက်ရှိလာပြီး အယ်ဒီတာချုပ် လုပ်လေသည်။ ဦးစောသည် ပြည်သူပြည်သားပါတီမှ ထွက်ပြီး မျိုးချစ်ပါတီကို ထောင်လေသည်။ ထိုအခါ သူရိယသည် မျိုးချစ်ပါတီကို ထောက်ခံအားပေးရပြန်သည်။ မျိုးချစ်ပါတီ၏ သတင်းစာတမျှ ဖြစ်သွားသည်။ ဦးစော၏ မွှေနှောင့်မှုကြောင့် သူရိယမှ အတော်ပင် အရှုပ်ရှုပ် အထွေးထွေး ဖြစ်သွားသေးသည်။ စင်စစ်အားဖြင့် ဦးစောသည် ဂျပန်တွင် သူမြင်လာခံသည်တို့ကို အားကျပြီး သူရိယကိုလည်း အကြီးအကျယ်လုပ်မည်ဟု ကြုံးဝါး၏။ လခမယူပဲ လုပ်မည်ဟုလည်း ပြော၏။ သို့သော် နောင်တွင်ကား လခကြီးလည်းထုတ်ယူပြီး အလုပ်လည်း ကောင်းစွာမလုပ်ဟုဆိုလေသည်။ မညျသို့ပငျွဖဈစေ ‘သူရိယ’ကား ဦးစော နနျးရငျဝနျ ြဖဈလာချိနျအထိပငျ သူ့အား ထောကျခံရေးသား ပေးနေရလေသညျ။ သူရိယသတင်းစာတွင် အထူးအခန်းများ ရှိ၏။ ၎င်းင်းတို့တွင် “နတ်ကြီးသုံးပါး ဆွေးနွေးခန်း” မှာ ကျော်ကြားလှပေသည်။ ဤကဏ်ဍကို ရေးသားသူမှာ ဦးဘဖေ ဖြစ်သည်။ ဦးဘဖေပင် “နတ်ကြီး” ဟူသော အမည်တွင်ခဲ့သည်။ ဤနတ်ကြီးအခန်းများအပြင် အခြား ထင်ရှားသော အခန်းများလည်း ရှိသေးသည်။ “ကြွက်စုတ်ကြီး၏ အတင်းစကား” ဆိုသော အခန်းမှာ အတင်းအဖျင်း အပြောင် အလှောင်များနှင့် မတော်မတည့်သည်များကို ကလောင်ချွန်နှင့် ထိုးသတ်လေ့ရှိ၏။ ၎င်းင်းကို ဦးဘသန်း (ဒါင်ဒီပင်းဒင့် ဒေါ်စန်း၏ ခင်ပွန်း) က ရေးသည်။ ထို့ပြင် သူရိယသတင်းစာသည် ဝတ်ထုရှည်ကြီးများကို ပထမ စတင်ဖော်ပြခဲ့၏။ ရွှေဥဒေါင်း (ဦးဖေသိန်း) ၏ “ရတနာပုံ” ဝတ်ထုရှည်ကြီးမှာ ဤနည်းဖြင့် ထည့်သွင်းခြင်း ခံခဲ့ရ၏။ သခင်ကိုယ်တော်မှိုင်း၏ 'မစ်စတာမောင်မှိုင်းမှာတော်ပုံ' ဝတ်ထုကိုလည်း ၁၉၁၅ ခု၊ အောက်တိုဘာလထုတ် သူရိယသတင်းစာများ၌ တွေ့ရပေပြီ။ သူရိယသတင်းစာ အယ်ဒီတာမှာ အယ်ဒီတာချုပ် တာဝန်ခံအယ်ဒီတာ၊ ဆက်-အယ်ဒီတာချုပ်၊ ဆပ်အယ်ဒီတာများ၊ သတင်းထောက်ချုပ်နှင့် သတင်းထောက်များ ပါဝင်လေသည်။ အယ်ဒီတာချုပ်ရာထူးကို တိုက်အုပ် (Managing Director)က အများအားဖြင့် ဆောင်ရွက်တတ်၏။ တာဝန်ခံ အယ်ဒီတာမှာ ခေါင်းကြီးပိုင်းကို ရေးရသည်။ အပင်ပန်းဆုံးနှင့် တာဝန်အများဆုံးမှာ ဆပ်အယ်ဒီတာချုပ် ဖြစ်သည်။ သတင်းစာတစ်စောင်လုံးကို သူက ဒိုင်ခံလုပ်ရလေသည်။ ဆပ်အယ်ဒီတာများတွင်ကား သတင်းအယ်ဒီတာ၊ ညအယ်ဒီတာ၊ ဘာသာပြန် စသည်ဖြင့် ခွဲထား၏။ သူရိယသည် သတင်းထောက်ကို စနစ်တကျ စတင်ထားရှိ အသုံးပြုကာ ပထမ မြန်မာ သတင်းစာ ဖြစ်၏။ သူရိယ သတငျးစာြကီးမှာ တဈစောငျထီးထီး မဟုတျဘဲ နောကျထပျထုတျဝေသော အွခား သတငျးစာ မဂ်ဂဇငျးစာစောငျ စသညျများနှငျ့ မိသားစုြကီးတဈခုပမာ သိုကျသိုကျဝနျးဝနျး ြဖဈရလွေပီ။ သူရိယတိုကျမှ (၁) သူရိယအပတျစဉျရုပျစုံ (၂) သူရိယအပတျစဉျ သတငျးစာ၊ (၃) သူရိယမဂ်ဂဇငျး (လစဉျထုတျ) (၄) သူရိယ နှဈပတျလညျ မဂ်ဂဇငျး (၅) ဘားမားအော့ဗဇာဗာ (Burma Observer) အဂငျ်လိပျ ဘာသာသတငျးစာ တို့ကို ထုတျဝေပေး၏။ သူရိယသတင်းစာသည် ဒုတိယကမ်ဘာစစ်ဖြစ်လုနီးတွင် ဆိုက်ကြီး Doublecrown (၃၀’’x ၂၀’’) ဖြင့် ထုတ်ဝေခဲ့သည်။ စာမျက်နှာလည်း ၂၀ ခန့်ထားရှိ၏။ တစ်စောင်လျှင် ၆ ပြားရောင်း၏။ စောင်ရေတစ်သောင်း ကျော်သည်ဆို၏။ ပုံနှိပ်စက်ကပင် မလိုက်နိုင်ဟု သိရ၏။ ဤသို့ သူရိယအားကောင်းနေချိန်မှာပင် ဒုတိယ ကမ်ဘာစစ်မီး မြန်မာပြည်သို့ ကူးစက်ရောက်ရှိလာသည်။ ဂျပန်ခေတ်တွင် ထုတ်ဝေသည့် နည်းပါးလှသော သတင်းစာများတွင် သူရိယမျာ တစ်စောင်အပါအဝင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှုဖြင့် ဖဆပလ အဖွဲ့ချုပ်ကြီး လွတ်လပ်ရေးတိုက်ပွဲ အရှိန်ပြင်းထန် နေချိန်တွင် သူရိယသတင်းစားသည် ဖဆပလ ဗိုလ်ချုပ် အောင်ဆန်းတို့ကို ထောက်ခံလေသည်။ သူရိယအား ကဆြုံးမှုကို ယူဆောငျသူကား ဂဠုနျဦးစောပငျတညျး။ ဦစောသညျ ယူဂနျဒါမှ ြပနျရောကျလာသောအခါ သူရိယသို့ ခကျြခငျြးဝငျ၏။ သူရိယကို သူ့ကိစ်စအတှကျ အသုံးြပုဖို့ ြကညျ့ြပနျလေသညျ။ 'အောငျဆနျး AFPFL' (ဖဆပလ) တှေဟာ ပေါ်ပငျကလေးတှေပါ။ ခဏနေပကျြမှာပါ ‘ ဟု ဦးစောက ြေပာ၏။ သတငျးစာတိုကျသားများက ဖဆပလသညျ ယခငျခေတျက အဖှဲ့မျိုးမဟုတျြေကာငျး၊ လှတျလပျရေးအတှကျ တကယျဆောငျရှကျနေသွဖငျ့ လူထုက အလှနျွကညျညို၍ ဖဆပလနောကျက တညီတညှတျတညျး ရှိြေကာငျးနှငျ့ ြေပာဆိုသော်လညျး ဦးစောက နားမဝငျခဲ့ပေ။ ဦးစောသညျ ဖဆပလ ဆနျ့ကငျြနေသညျ။ ရှိသမျှ သတငျးစာ အားလုံးက ဖဆပလကို ထောကျခံရေးသားနွေကစဉျ သူရိယသညျ ဦးစော၏ လမျးစဉျအတိုငျး ဆနျ့ကငျြရေးသားလေသညျ။ ထိုအချိနျမှစ၍ သတငျးစာသညျ စောငျရေကဩှားလေသညျ။ လူြကိုကျမများဘဲ လူမုနျးများ လာလေ၏။ ဤသို့ဖြင့် သတင်းစာဝါဒနှင့် ပတ်သက်၍ အကြီးအကြဲ သဘောကွဲလွဲကြသဖြင့် အယ်ဒီတာအဖွဲ့ တစ်ဖွဲ့လုံး နုတ်ထွက်ကြလေသည်။ တိုက်အုပ် ဦးဘကလေး၊ အယ်ဒီတာအမ်ဘိုးချိန် (သမာဓိ)၊ ဦးဘသန်း နှင့် သတင်းထောက်ချုပ် ဦးစိန် (ဟံသာဝတီ)တို့အားလုံး အစုလိုက်အပြုံလိုက် နုတ်ထွက်ကြခြင်းဖြစ်သည်။ ဦးဘကလေးနှင့် အမ်ဘိုးချိန်တို့သည် ‘သမာဓိ’ သတင်းစာကို တည်ထောင်ကြလေသည်။ သူရိယမှာ ခြေလက်အဂငါ် ချို့တဲ့သွားသကဲ့သို့ ဖြစ်သွားလေသည်။ ဦးစောသည် လူသစ်များနှင့် ဆက်လက်၍ လုပ်လေ၏။ သို့သော် သတင်းစာဟူ၍ တိုင်းပြည်က မကြိုက်တော့ချေ။ စောင်ရေ ၇၀ဝ ခန့်အထိပင် ကျဆင်းသွားတော့သည်။ ဤအတွင်း၌ပင် ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်တို့အား လုပ်ကြံမှုကြီး ဖြစ်ပွားရာ သူရိယမှာလည်း တစ်ခါတည်း ခေါင်းမဖော်နိုင်အောင် ဖြစ်ခဲ့ရတော့သည်။ ထို့နောက် ၁၉၅၄ ခု၊ အောက်တိုဘာလ ၁၄ ရက် (မြန်မာ ၁၃၁၆ ခု သီတင်းကျွတ် လပြည့်ကျော် ၂ ရက်) ကြာသပတေးနေ့တွင် လုံးဝရပ်စဲ သွားလေတော့သည်။ သူရိယမှာ သက်ဇီဝိန် ချုပ်ငြိမ်းသွားသော်လည်း သတင်းစာများကို မွေးထုတ်ပေးခဲ့သည်။ စင်စစ် သူရိယမှာ သတင်းစာ အတက်သင် တက်ကသိုလ်ကြီးပင် ဖြစ်သည်ဟု ဆိုရပေမည်။ သူရိယ၏ နာမည်ကြီး သတင်းစာဆရာများမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဦးဘဘေ၊ ဦးလှဖေ မှာ၍ ဦးဘကလေး၊ ဦးဖေသိန်း (ရွှေဥဒေါင်း)၊ ဦးတုတ်ကြီး (သရာဇပါတီထောင်သူ)၊ ဦးသိမ်းမောင် (သံတော်ဆင့်)၊ ဦးခင်မောင် (သူကြီးဂေဇက်)၊ ဦးထွန်းသန်း (နယူးဘားမား) စသူတို့ ဖြစ်ကြသည်။ ဦးထွန်းဖေ (ထွန်းနေ့စဉ်)၊ အမ်ဘိုးချိန် (သမာဓိ)၊ ဦးဘသန်း (ယူပီ)၊ ဦးပုကလေး၊ ဦးစိန် (ဟံသာဝတီ)၊ ဦးဘကလေး (ဟံသာဝတီ) စသည့်သူတို့မှာ သူရိယကျောင်းထွက်များ ဖြစ်ကြလေသည်။ မညျသို့ဆိုစေ သူရိယကား အရေး အသား အတှးအခေါ်မှစ၍ ြမနျမာနိုငျငံ၏ ပထမဆုံး ခေတျသဈသတငျးစာ ြဖဈ၏။ ြမနျမာနိုငျငံ သတငျးစာ သမိုငျးတှငျ ဂုဏျယူဖှယျရာ တောကျြေပာငျလှသော အခနျးသဈွကီးတဈခနျးတကဏ်ဍကိုလညျး ဖှငျ့လှဈသှားခဲ့သော သတငျးစာြကီး ြဖဈပေသညျ။
ကျမ်းကိုးစာရင်း
[ပြင်ဆင်ရန်]- အံမောင် ‘သူရိယသတင်းစာ’ စာပေဗိမာန် မဂ္ဂဇင်း၊ ၁၉၅၈ ခု၊ နိုဝင်ဘာလ၊ စာ-၈၂၊ ၉၉။
- ချစ်ကြည်ရေး ကြည်ညွှန့်၊ သမိုင်းဝင် သူရိယမြန်မာ့အလင်းနှင့် မြန်မာနိုင်ငံရေး၊ ရန်ကုန်၊ ချစ်ကြည်ရေး စာပေတိုက်၊ (ပ)ကြိမ် ၁၉၇ဝ။
- တက္ကသိုလ်ထင်ကြီး၊ မြန်မာနိုင်ငံသတင်းစာများ အညွှန်း (ပထမတွဲ)၊ ရန်ကုန်၊ စာပေဗိမာန် (ပ) ကြိမ် ၁၉၉၂။