သူဇာဝင့်လွင်

ဝီကီပီးဒီးယား မှ
Thuzar Wint Lwin
ဇာတိ အမည်သူဇာဝင့်လွင်
မွေးဖွား (1998-10-18) ၁၈ အောက်တိုဘာ၊ ၁၉၉၈ (အသက် ၂၅)
ရန်ကုန်, မြန်မာ
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်
အရပ်၅ ft ၇ in (၁.၇၀ m)
ဘွဲ့မယ်စကြဝဠာ မြန်မာ ၂၀၂၀
အလှမယ်ဘွဲ့ ရရှိသူ
ဆံပင်အရောင်အမည်းရောင်
မျက်လုံးအရောင်အညိုရောင်
အဓိက ပြိုင်ပွဲ(များ)မယ်စကြဝဠာ မြန်မာ ၂၀၂၀
(Winner)
၂၀၂၀ မယ်စကြဝဠာ
(Top 21)
(Best National Costume Winner)

သူဇာဝင့်လွင် (၁၉၉၈ အောက်တိုဘာ ၁၈ တွင်မွေးဖွား) သည် မြန်မာနိုင်ငံသူ မော်ဒယ် နှင့် ပြိုင်ပွဲဝင်အလှမယ် ဖြစ်ပြီး Candy ဟုလည်း လူသိများသည်။ [၁]၂၀၂၀ မယ်စကြဝဠာမြန်မာ သရဖူဆောင်းခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲကို မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သမိုင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံး မယ်စကြဝဠာပြိုင်ပွဲ ထိပ်တန်း ဆန်ခါတင်စာရင်းတွင် ပါဝင်သူဖြစ်လာခဲ့သည်။[၂] [၃] [၄] သူမသည် ၆၉ ကြိမ်မြောက် ကျင်းပသည့် မယ်စကြဝဠာ ၂၀၂၀ ပြိုင်ပွဲ၏အကောင်းဆုံးအမျိုးသားဝတ်စုံဆုကို ရရှိခဲ့သည်။[၅] [၆] သူမသည် ဒီမိုကရေစီထောက်ခံသူ တစ်ဦးဖြစ်ပြီး ၂၀၂၁ မြန်မာနိုင်ငံ အာဏာသိမ်းခံရမှုပြီးနောက် အပြစ်မဲ့အရပ်သားရာပေါင်းများစွာ သေကြေခဲ့ရမှုကြောင့် အာဏာသိမ်းစစ်အုပ်စုကို ကန့်ကွက်ရန် ကမ္ဘာကြီးကို တိုက်တွန်းခဲ့သည်။[၁][၇]

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

သူဇာဝင့်လွင်ကို ၁၉၉၈ခုနှစ်၊ အောက်တိုဘာ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ ၌မွေးဖွားခဲ့သည်။ လက်ရှိတွင် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာရပ်ကိုလေ့လာခဲ့သည်။ မောင်နှမသုံးယောက်ထဲတွင်အငယ်ဆုံးဖြစ်ပြီး သူမအထက်တွင် အစ်ကိုတစ်ယောက်နှင့် အစ်မဖြစ်သူ အဆိုတော် မေ တို့ ရှိသည်။

အလှမယ်ဘဝ[ပြင်ဆင်ရန်]

မယ်စကြဝဠာ မြန်မာ ၂၀၂၀[ပြင်ဆင်ရန်]

၂၀၂၀၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၀ မယ်စကြဝဠာ မြန်မာပြိုင်ပွဲတွင် အနိုင်ရပြီး ယခင် ၂၀၁၉ မယ်စကြဝဠာ သရဖူပိုင်ရှင်ဟောင်း ဆွေဇင်ထက် က သူမအား ၂၀၂၀ မယ်စကြဝဠာမြန်မာ အဖြစ် သရဖူဆောင်းပေးခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် သူမအနေဖြင့် Miss Photogenic ၊ Miss Healthy Skin ၊ Miss Dentiste Award နှင့် Best in Evening Gown တွင်အကောင်းဆုံးဆုများ ရရှိခဲ့သေးသည်။ [၂] [၈]

မယ်စကြဝဠာ ၂၀၂၀[ပြင်ဆင်ရန်]

မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သူမဝတ်ဆင်ယှဉ်ပြိုင်ခဲ့သော ချင်းလူမျိုးတို့၏ ဝတ်စုံမှာ အကောင်းဆုံးအမျိုးသားဝတ်စုံဆု ရရှိခဲ့သည်။ အဆိုပါဝတ်စုံမတိုင်ခင် ပစ်တိုင်းထောင်ဝတ်စုံအား ဝတ်ဆင်ယှဉ်ပြိုင်ရန် လျာထားခဲ့သော်လည်း သူမ၏ ခရီးဆောင်အိတ် လေဆိပ်တွင် ပျောက်ဆုံးခဲ့သဖြင့် အဆိုပါ ချင်းဝတ်စုံကို အလျင်စလို ပြင်ဆင်ခဲ့ရ၏ ။[၆] ထို့အပြင် သူမသည် ထိပ်တန်းအလှမယ် ၂၁ ဦး ဆန်ခါတင်စာရင်းတွင်ပါဝင်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

သူမသည် တိုင်းပြည်တွင်ဖြစ်ပွားနေသော စစ်တပ်အာဏာသိမ်းမှုကို လူသိရှင်ကြား ကန့်ကွက်ပြီး ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုကို ထောက်ခံခဲ့သည်။ [၉][၇] မယ်စကြဝဠာ ၂၀၂၀ ပြိုင်ပွဲ၊ အမျိုးသားဝတ်စုံပြပွဲတွင် သူမသည် "Pray for Myanmar" ဆိုင်းဘုတ်ကို စင်ပေါ်တွင် တက်ရောက်ပြသခဲ့ပြီး[၁၀] အဆိုပါဝတ်စုံမှာ အကောင်းဆုံးအမျိုးသားဝတ်စုံဆုကို ရရှိခဲ့သည်။ [၁၁] [၁၂][၁၃]

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စစ်ကောင်စီက သူမအား ဖမ်းဝရမ်းထုတ်ခဲ့သည်။[၁][၁၄][၁၅][၁၆] နောက်ပိုင်းတွင် သူမသည် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ကာ အင်ဒီယားနားပြည်နယ်အင်ဒီယားနားပိုလစ်မြို့တွင် အခြေချခဲ့သည်။[၁၇] ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဗြိတိသျှ မော်ဒယ်အေဂျင်စီတစ်ခုနှင့် လက်မှတ်ရေးထိုးပြီးနောက် လန်ဒန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[၁၈]

ကိုးကားချက်[ပြင်ဆင်ရန်]

 

  1. ၁.၀ ၁.၁ ၁.၂ "Miss Universe Myanmar Arrives in Florida With a Message for the Junta"၊ The New York Times၊ 14 May 2021။ 
  2. ၂.၀ ၂.၁ ဟားခါးအလှမယ် သူဇာဝင့်လွင် မယ်စကြဝဠာမြန်မာသရဖူ ဆွတ်ခူးရရှိ (in my)။ DVB (31 December 2020)။
  3. Miss Universe Myanmar 2020 Winner ဆုကြီးကို ရရှိပိုင်ဆိုင်သွားတဲ့ သူဇာဝင့်လွင်Duwun (20 December 2020)။
  4. မယ်စကြဝဠာ မြန်မာ ၂၀၂၀ဆုကို အလှမယ် သူဇာဝင့်လွင် ဆွတ်ခူ (in my)။ 7Day News[လင့်ခ်သေ]
  5. "Miss Myanmar wins Miss Universe 2020 National Costume"၊ Philstar၊ 17 May 2021။ 
  6. ၆.၀ ၆.၁ "Miss Myanmar wins Miss Universe national costume contest"၊ Insider၊ 17 May 2021။ 
  7. ၇.၀ ၇.၁ Miss Universe Myanmar Is Also Speaking Out Against The Military Coup In Her Country
  8. "Hakha beauty receives 8th Miss Universe Myanmar crown"၊ The Myanmar Times၊ 5 January 2021။ 17 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 17 May 2021။ 
  9. "Thuzar Wint Lwin speaks up on Myanmar crisis at Miss Universe 2020" (in en)၊ Rappler၊ 17 May 2021။ 
  10. Miss Universe gets political: Beauty queens use national dress round to call for a 'stop to Asian hate' and an end to 'violence and discrimination' - as the Myanmar hopeful asks for 'prayers' for her country
  11. "At Miss Universe pageant, Myanmar's contestant pleads: 'Our people are dying'" (in en)၊ CNA၊ 17 May 2021။ 
  12. "Miss Myanmar won the Miss Universe national costume contest with a powerful political statement"၊ Yahoo News၊ 17 May 2021။ 
  13. Miss Myanmar won the Miss Universe national costume contest with a powerful political statement
  14. Protect her at all cost! Myanmar issues warrant of arrest for their representative Ma Thuzar Wint Lwin။ 18 May 2021 တွင် ပြန်စစ်ပြီး။
  15. Miss Myanmar, tumakas lang sa kanilang bansa para makasali sa Miss Universe 2020 (in fil)။ 2021-05-18 တွင် ပြန်စစ်ပြီး။
  16. Ichimura၊ Anri။ Miss Myanmar Stood Up to the Military During the Miss Universe Pageant. Now Prison Might Await Her Back Home။ 18 May 2021 တွင် ပြန်စစ်ပြီး။
  17. Quieta၊ Racquel (25 May 2021)။ Miss Myanmar Thuzar Wint Lwin finds refuge in the USGMA Network
  18. Miss Universe Myanmar signs with London agencyMizzima (16 August 2021)။

ပြင်ပလင့်များ[ပြင်ဆင်ရန်]


အောင်မြင်မှု
ယခင်က
ဆွေဇင်ထက်
မယ်စကြဝဠာ မြန်မာ
၂၀၂၀
ဆက်ခံသူ
ဇာလီမိုး