မာတိကာသို့ ခုန်သွားရန်

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
အမျိုးအစားအများဆိုင်
ပါမောက္ခချုပ်ဒေါက်တာ နေဝင်းဦး
သင်တန်းသား၁၁,၀၀၀ (၂၀၀၆)[]
တည်နေရာသန်လျင်မြို့
ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ

16°44′08″N 96°17′11″E / 16.73556°N 96.28639°E / 16.73556; 96.28639

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (အင်္ဂလိပ်: East Yangon University) သည် ရန်ကုန်မြို့ အရှေ့တောင်ပိုင်း သန်လျင်မြို့တွင် တည်ရှိသည်။မြန်မာ့ တက္ကသိုလ်ပညာရေးစနစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များအား အတူတကွ ပေါင်းစည်းထားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် ရိုးရိုးဝိဇ္ဇာဘာသာရပ်များနှင့် သိပ္ပံဘာသာ အထူးပြု ကျောင်းသားများအား ဝိဇ္ဇာဘွဲ့များနှင့် မဟာဘွဲ့များကို ချီးမြှင့်ပေးသည်။ ၎င်းသည် ရိုးရိုး Bachelor Of Art(BA) ဝိဇ္ဇာဘွဲနှင့် Bachelor Of Science(BSc) သိပ္ပံဘွဲ့ ရယူနိုင်ရန်အတွက် သုံးနှစ် အချိန်ပေးရပြီး BA(Hons) နှင့် BSc(Hons) တို့ကဲ့သို့သော ဂုဏ်ထူးတန်း(Honor Degree)များအတွက်ကိုမူ ၄ နှစ်အချိန်ပေးရလေသည်။ ဥပဒေပညာအတွက်မှာမူ ၅ နှစ် အချိန်ပေးရသည်။

ဥပဒေ LLB LLM
ရုက္ခဗေဒ BSc MSc
မြန်မာစာ BA MA
ဓာတုဗေဒ BSc MSc
အင်္ဂလိပ်စာ BA MA
ပထဝီဝင် BA MA
သမိုင်း BA MA
ကုန်ထုတ်ဓာတုဗေဒ BSc
နိုင်ငံတကာဆက်ဆံရေး BA
အရှေ့တိုင်းပညာ BA MA
ဒဿနိကဗေဒ BA MA
စိတ်ပညာ BA MA
သင်္ချာ BSc MSc
ရူပဗေဒ BSc MSc
သတ္တဗေဒ BSc MSc
မနုသာဗေဒ BSc


ကိုးကား

[ပြင်ဆင်ရန်]
  1. "Education Minister visits university examination centres"၊ The New Light of Myanmar၊ 2006-03-31။ 5 December 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 23 October 2007။