သုံးရောင်ခြယ် သီချင်း

ဝီကီပီးဒီးယား မှ
တို့ဗမာအစည်းအရုံးမှ ရေးဆွဲခဲ့သော သုံးရောင်ခြယ်အလံ

သုံးရောင်ခြယ်သီချင်းသည် တို့ဗမာအစည်းအရုံးမှ ရေးဆွဲအသုံးပြုခဲ့သော အလံ၏အကြောင်းကို ဖော်ကျူးထားသော သီချင်းတစ်ပုဒ်ဖြစ်သည်။ သုံးရောင်ခြယ်ဟူသည် ထိုအလံ၏ အဝါ၊ အစိမ်းနှင့် အနီရောင်တို့ပင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးမှ ပထမဆုံးရေးဆွဲခဲ့သော အလံတွင် အဝါ၊ အစိမ်းနှင့် အနီရောင် ရေပြင်ညီမျဉ်းသုံးကြောင်းပါရှိသည်။[၁] နောက်ပိုင်းတွင် အလယ်၌ဒေါင်းရုပ်ကို ထည့်သွင်းခဲ့သည်။ ၁၉၃၈ တွင်မူ တူနှင့်တံစဉ်းကို ဒေါင်းရုပ်‌နေရာတွင် အစားထိုး၍ အသုံးပြုခဲ့ကြသည်။

သို့ဖြစ်ရာ ထိုသုံးရောင်ခြယ်သီချင်းတွင် စာသားမူများကွဲပြားခဲ့သည်။ မူလရေးသားထားသော စာသားကို "ပထမသုံးရောင်ခြယ်" ဟူ၍လည်းကောင်း တူတံစဉ်းပါသည့်အလံစာသားကို "ဒုတိယသုံးရောင်ခြယ်" ဟူ၍ လည်းကောင်း ခေါ်ဆိုကြသည်။

၂၀၁၀ မှ အသုံးပြုခဲ့သော မြန်မာအလံ

စာသား[ပြင်ဆင်ရန်]

သီချင်းစာသားကို ဆရာရွှေတိုင်ညွန့်မှ ရေးစပ်ခဲ့သည်။[၂]

တို့ဗမာခေတ်အစဉ်မညှိုးပြီီ၊ ရှစ်ပုလ္လင်စိုးပါတဲ့၊ ဓမ္မရာဇ်ဘုရင်မျိုး ကုန်းဘောင်နွယ်မှန်သည်၊ (သုံးရောင်ခြယ်) အလံ‌တော်ကြီး ... ကမ္ဗည်းနဲ့စိုက်ထူမည်။

၁။ (ဗုဒ္ဓဗမာပြည်၊ ဥတ္တမဇာဂီ၊ အောင်မင်္ဂလာတရားနဲ့စုံညီ) (အတိတ်တဘောင် ဩဘာထွန်းသည်၊ အတိတ်ဆောင်ကာ ပြောရဦးမည်၊ နမိတ်တဘောင်ဩဘာထွန်းသည်၊ ကျွန်းလက်ျာဇမ္ဗူဒီ)
(ဒို့အမျိုးဇာတိက ဘုန်းရှိခဲ့တာယုံကြည်၊ တက်လူများ သည်စိတ်ထားနဲ့ စွန့်စားခဲ့ကြသည်)
(ဗမာပြည်ဝယ် ဘုန်းရောင်လက်သည်၊ သာကီနွယ် ကုန်းဘောင်ဆက်အညီ) ကမ္ဘာကို စိုးမိုးအုပ်ချုပ်ခဲ့ရသည်၊ ခေတ်သစ်ထူထောင်မည်၊ အရောင်သုံးမျိုးနဲ့ တို့အလံစိုက်ထူမည်။

(သံပြိုင်) (ဗမာကိန်းအညီ၊ အဝါအစိမ်းအနီ၊ အဝါရောင်ဆိုတာကတော့ ဘာသာရယ်၊ သာသနာရယ်၊ ပညာရယ် တိုးလိမ့်မည်၊ အစိမ်းရောင်ရည်ရွယ်ချက်က စပါးဆန်ရေ–ရွှေငွေရတနာ အထွေထွေသာပေါမည်၊ (အနီရောင်မြင်သူအသည်းမှာ ရဲစိတ်ရဲမာန်ထက်သန်ရမည်) တို့ဗမာကုန်းဘောင် နွယ်မှန်သည်၊ သုံးရောင်ခြယ်အလံတော်ကြီး ကမ္ဗည်းနဲ့ စိုက်ထူမည်။

၂။ (တို့ဗမာပြည်) အရှေ့ဘက်မှာတော့ ပြု‌‌ပ္ပေရှမ်းပြည် (တို့ဗမာပြည်)၊ အနောက်ဘက်မှာတော့ ဗုဒ္ဓဟေနန်းတည်၊ တောင်ဘက်ကတော့ သမုဒ်ရေေစခန်းညီ၊ မြောက်ဘက်မှာ တရုတ်‌ပြေစခန်း အေးချမ်းသာစည်၊ (မြန်မာပြည်မှာလေ – ရာဇာကင်းပေမယ့် – သာသာနာအဆင်းကတော့ လင်းပေသည်) မင်းနေပြည်တရားအမှန်ကြိုက်သည်၊ ကမ္ဘာ့အလံစိုက်မည်၊ တိုက်တစ်သောင်းက ခညောင်းရပေသည်၊ တို့အလံတော် အရောင်သုံးမျိုး တန်ခိုးနဲ့စုံအညီ ...။

(သံပြိုင် ပြန်ကောက်) ဗမာကိန်းအညီ၊ ဝါစိမ်းအနီီ၊ ကမ္ဗည်းနဲ့စိုက်ထူမည်။

သုံးရောင်ခြယ်တူတံစဉ်း[ပြင်ဆင်ရန်]

သုံးရောင်ခြယ်တူတံစဉ်းစာသားကိုမူ ဒဂုန်ဆရာတင်ကရေးစပ်ခဲ့သည်။

ဝါစိမ်းနီတူတံစဉ်း သီချင်းကိုဖြင့်၊ ဗမာကိန်းအညီ ဇမ္ဗူတခွင် ပွင့်လင်းစေဘို့၊ မောင်ရယ် … မူ အမြန်ရှင်းအောင်ပ ပြောပြချင်တယ်၊ ဗမာ့အလံကြီးရယ်ဟု ကမ္ဘာ့ရန်မီးတွေ အဖြာဖြာကွယ်ဘို့၊

သာသာနာနွယ် ဝါရောင်သုံးတယ် ဘုန်း … ဘုန်းတောက်လို့ကြွယ်၊ (ထူးထူးခြားခြား ဗမာများနေတဲ့ ဗမာတိုင်းပြည်ရဲ့ ကျက်သရေ အသွယ်သွယ်)၊ သာသနာတော် ထွန်းရာအရပ်မို့ကွယ် အထက်က အဝါရောင်ခြယ်၊
သစ်ဝါး ရေနံ ကျောက်သံ စပါး ထွက်တယ်၊ စိုစိုစိမ်းစိမ်း အထိမ်းအမှတ်ခြယ်၊
သတ္တိဂုဏ် ရဲဂုဏ်ကိုသာ တကယ်၊ သွေးသစ် အနီရောင်ခြယ်
(သုံးရောင်လွှမ်းခြယ် ဆန်းကျယ်၊ ခေတ်သစ် ထူထောင်နိုင်မယ်)
အောင် ... အောင်လံတော်ကြီး နိသျှည်းမြင်စေဘွယ်။

အခြားဖတ်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်အလံနှင့်နေ့ထူးများ (၁၉၅၅)
  2. တို့ဗမာအစည်းအရုံးသမိုင်း – စာ ၃၀