သုံးရက်လဆန်း

ဝီကီပီးဒီးယား မှ

သုံးရက်လဆန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

သုံးရက်လဆန်း[ပြင်ဆင်ရန်]

သက္ကရာဇ်မှာဖြင့်၊ တစ်နှစ်လွန် ခုနစ်သုံးက၊ အစွန်ဆုံးမှာ၊ ကောဇာပြောင်းနေကြ၊ တပေါင်းမိန်ကွယ်ကာပချည်ပေါ့၊ နှောင်းမိဿလရာသီ။

နှစ်ရက်တွင် အင်္ဂါနှင့်၊ သုံးရက်မှာ ဗုဒ္ဓါဆိုက်တော့၊ ဥတ္တရာပရပိုဒ်အိမ်၊ မိန်အတွင်း၏၊ နဝင်းအနေသို့၊ တနင်္ဂနွေ၊ ဆင်းခြေကြွလို့၊ ဧကပါဒ်တွင်နင်းလိမ့်၊ နတ်မင်းယုန်စန္ဒီက၊ ရေဝတီဥတ္တရာပရပိုဒ်ကို၊ စန်းလိုက်၍မှီ။

ထိုအခါ ဂြိုဟ်ရာဟုက၊ ဘာဏုသူရိန်နှင့်ထပ်ကြ၊ နက္ခတ်ရေဝတီသို့၊ လေးပါဒ်အညီ၊ စီးကားနင်းလို့၊ နဝင်းမှာ ကြာသပတေးနှင့်၊ တွေးမိချက်အင်္ဂါညီ၊ ဆင်နာဂီရက်ကြမ်း။

တြင်းအတူနှင့်၊ နဝင်းတူ၊ မဟူကြသော်လဲ၊ ယူဆချိန်မိန်အကွက်သို့၊ တအိမ်တချက်ခို၊ ထိုဂြိုဟ်ပေါင်းငယ်ကြောင့်၊ ဟိုကောင်းကင်အာကာကြောဆီက၊ ဝါယောလေရစ်ကာဝိုင်းလို့၊ သစ်ကိုင်းသစ်ပင်၊ ကျိုးတက်ကဲ့၊ မြစ်ရိုးကိုရေတွေစီးတဲ့အောင်၊ မိုးကြီးပင်ရွာချင်ရွာလိမ့်၊ မီးကြီးတဖြာ၊ စိုးရိမ်ထိုက်ပါငဲ့၊ အိမ်၌ပင်အမှိုက်အမှုံ မရှိရအောင်၊ ပွေကာမှုန်းတတ်ပါသတဲ့၊ သုံးရက်လဆန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။