သီရိဥဇနာ

ဝီကီပီးဒီးယား မှ

သီရိဦဇနာ (၁၀၅+ - ၁၁၁၉) (သီရိဥစ္စနာ သို့မဟုတ် အင်ရုံဝန်ကြီး ဟုလည်း ခေါ်သည်) သည် ဟံသာဝတီပါမင်းနှင့် အလောင်းဘုရားလက်ထက်တွင် ထင်ရှားခဲ့သည့် အမတ်တစ်ဦးဖြစ်ပြီး စာပေများလည်း ရေးသားခဲ့သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

သီရိဥဇနာ၏ အဘိုးအဘတို့မှာ အစဉ်အဆက် စာရေးကြီးများ ဖြစ်သည်။ စနေမင်းလက်ထက်တွင် ဘခင်ထံ၌ အစုရေးအဖြစ် ထောက်မရသည်။ တနင်္ဂနွေမင်းလက်ထက်တွင် မြို့လပ်အခွန်စာရေးဖြစ်၍ တွင်းသင်း နေမျိုးဇေယျကျော်ထင်ထံတွင် ရေးသားအမှုထမ်းရွက်ရလေသည်။

၁၀၈၉ ခုနှစ်တွင် စာရေးကြီးအဖြစ် ခန့်အပ်ခြင်းခံရ၍ တောင်တွင်းကြီးမြို့ ကျေးအင်ရုံရွာနှင့် တုရင်ရာဇာဘွဲ့ကို ရခဲ့သည်။ ဟံသာဝတီပါမင်းလက်ထက်တွင် လက်ျာရန္တသူ၊ သီရိဇေယျသင်္ခယာဘွဲ့များကို ရခဲ့၍ ဝန်ထောက်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ထို့နောက်တွင် ဝန်ကြီးခန့်၍ တိုင်တားမြို့ကို စားရသည်။ ထို့နောက်တွင် မဟာနေမျိုးသီဟသူရဘွဲ့၊ မင်းရဲသီဟသူရဘွဲ့၊ မင်းရဲမင်းလှကျော်ထင်ဘွဲ့၊ ရှင်ပင်နောင်ဘွဲ့၊ လောကထွတ်ခေါင်ဘွဲ့၊ ရာဇာထွတ်ဖျားဘွဲ့၊ ဓမ္မာသောကရာဘွဲ့၊ အဂ္ဂတုလရာဇာဘွဲ့၊ သီရိအဂ္ဂသေနာပတိဘွဲ့တို့ကိုပါ ရခဲ့သည်။ ထို့ပြင် နေမျိုးရာဇာဘွဲ့၊ သီရိဥဇနာဘွဲ့များကို ခံယူရပြန်သေးသည်။

၁၁၁၄ ခုနှစ်၊ ကဆုန်လတွင် ဟံသာဝတီပါမင်းနှင့်အတူ ဟံသာဝတီပါသို့ လိုက်ပါရသည်။ ဟံသာဝတီမွန်မင်းက သီရိစန္ဒာဗလဘွဲ့နှင့် လွှတ်တော်ဝန်ကြီး ခန့်သည်။ သို့ရာတွင် ဟံသာဝတီပါ မြန်မာမင်းတို့ကို သစ္စာခံပြီးဖြစ်၍ လွတ်မတက်၊ တရားမစီရင်ခဲ့ပေ။

ဟံသာဝတီကို အလောင်းမင်းတရား အောင်နိင်သည့်အခါတွင် အင်းဝသို့ ပြန်လည်လိုက်ပါ၍ အလောင်းဘုရားထံတွင် ခစားထမ်းရွက်သည်။ [၁]

စာပေများ ရေးသားခြင်း[ပြင်ဆင်ရန်]

ရှေးမင်းတို့၏ အဆောင်အရွက် ထုံးတမ်းများကို ထုတ်ဖော်မှတ်တမ်းတင်ထားသည့် လောကဗျူဟာကျမ်း ကို ရေးသားခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၁၅၊ ၂၁၆။