မာတိကာသို့ ခုန်သွားရန်

သိရိန္ဓရ

ဝီကီပီးဒီးယား မှ
(သီရိဒုံ မှ ပြန်ညွှန်းထားသည်)

မဟာစကြီသီရိန္ဓရ မင်းသမီး (ထိုင်း: มหาจักรีสิรินธร; ၂ ဧပြီ ၁၉၅၅), (ထိုင်း: สมเด็จพระเจ้าลูกเธอ เจ้าฟ้าสิรินธรเทพรัตนราชสุดาฯ กิติวัฒนาดุลโสภาคย์), ဘုရင် ဘူမိဗလ အတုလျတေဇ၏ တတိယမြောက်ရင်သွေးတော်ဖြစ်ပြီး ဒုတိယသမီးတော်ဖြစ်ပြီး လက်ရှိ ရာမ ၁၀၏ ညီမတော် မင်းသမီးကြီးတစ်ဦး ဖြစ်ပြီး လက်ရှိ ထိုင်းတော်ဝင်မိသားစု၏ ဘုရင်ပြီးနောက် အမြင့်ဆုံးအဆင့်အတန်းရှိသူဖြစ်သည်။

မဟာစကြီသီရိန္ဒြ

မွေးနေ့ - ၂ ဧပြီ ၁၉၅၅ (အသက် ၆၄)

        (မြန်မာနှစ်: ၁၃၁၃-၁၄ ခန့်မှန်း)
        အာံဗိုရ်န် သထန် 
        ရေသိဒန်တျယ်လ် ခန်းမ
        ဒူသိတ် နန်းတော်၊ 
        ဘန်ကောံ၊ ထိုင်းလန်း


အိမ်တော် - မဟီဒလ် (ကျကရီ မင်းဆက်)

ခမည်းတော် - ဘူမိဗလ် အဒုလျဒေ့က်ျ။

         (ရာမ၉)

မယ်တော် - သီရိခေတ် ကိတိယက္ရ

ကိုးကွယ်သည့် - ဗုဒ္ဓဘာသာ ဘာသာ

ထိုင်းလူမျိုးများ သူ(မ)ကိုညွှန်းဆိုသည်မှာ

"ဗြးဒေဗ်" (ထိုင်း: พระเทพ), အဓိပ္ပာယ်မှာ "နတ်သမီး" ဖြစ်သည်။ သူ(မ)၏တော်ဝင် အဆင့်သည် မိန်းကလေးဖြစ်သော်လည်း အစ်ကိုတော် ဘုရင်မဟာဝချိယလင်္ကာရဏနှင့် တစ်ချိန်က တန်းတူရည်တူရှိခဲ့သည်။ ၁၉၇၄ခုနှစ်ကတည်းကပင် မိန်းကလေးဖြစ်သော်လည်းထီးနန်းဆက်ခံရန် ဖြစ်ခဲ့သည်။

သမီးတော်အကြီးဆုံးသည်တော်ဝင်မိသားစုဝင်ဖြစ်သော်လည်း ( ဥဘလ်ရတန ရာချကညာသည် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့ခြင်းကြောင့် တော်ဝင်မင်းသမီးအရာမှလျော့ချခြင်းခံခဲ့ရသည်)


ဘွဲ့တော်အပြည့်အစုံ

သိရိန္ဓရသည် ထိုင်းနိုင်ငံဘုရင်ဘူမိဗလ်အဒုလျဒေ့က်ျ၏ ဒုတိယအကြီးဆုံးသမီးတော်ဖြစ်သည်။ ဘွဲ့​တော်အပြည့်အစုံမှ ဒေဗရတနရာချ်သုဒါ မဟာကျကရီ သိရိန္ဓရ ရဋ္ဌသီမာဂုဏာကရပိယဇာတိ သယာမ်ပရုမရာချကုမာရီ (သင်္သကရိုက်: Devaratanarājasutā Mahācakrī Sirindhara Raṭṭhasīmāguṇākarapiyajāti Sayāmaparamarājakumārī) ဖြစ်သည်။

  • မင်းသမီး၏ယခုလက်ရှိတော်ဝင်မိသားစုနေရာ
မဟာကျကရီ သိရိန္ဓရ သည် လက်ရှိ ထိုင်းဘုရင်မင်းမြတ်၏ ညီမတော်တော်ဝင်မင်းသမီးကြီးတစ်ပါးဖြစ်သည်။ သူမ၏တော်ဝင်အဆင့်အတန်းမှာ လက်ရှိမိဖုရားနဲ့ တန်းတူရည်တူရှိသည်။


ထို့ပြင် မြင့်မြတ်သော တော်ဝင်ဘွဲ့ရမင်းသမီးရာထူးကို လက်ခံရရှိထားသည့် မင်းသမီးကြီးတစ်ပါးဖြစ်သည်။ သူမ၏လက်ရှိတော်ဝင်အဆင့်အတန်းမှာ မိဖုရား ရာထူးနှင့် တန်းတူရည်တူရှိသည်။ နိုင်ငံတော်၏ တိုးတက်ကြီးပွားမည့် အရေး ကိစ္စတို့တွင် (နတ်ရွာစံ) ဖခမည်းတော်ကြီး(ဗြးပါထ်သု‌မ္ဒေ့က်ျ ဗြးပရမေဓရမဟာဘူမိဗလ်အဒုလျာဒေ့က်ျ) ဘုန်းတော်ကြီးအရှင်မြတ်မဟာဘူမိဘော အတုလျာဒေ့က်ျနှင့်အတူ တိုင်းပြည်တစ်ခွင် လှည့်လည်သွားလာပြီး ကြိုးပမ်းခဲ့သည်။ ထို့ပြင် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်တတ်ပြီး ပွင့်လင်းစွာပြောဆိုတတ်သော အရှင့်သမီးတော် မဟာကျကရီ သိရိန္ဓရ ကို ပြည်သူအများတို့သည် ပိုမိုရိုသေချစ်ခင်နေကြခြင်း အကြောင်းအရပ်ပင် ဖြစ်ပါတော့သည်။


အခမ်းအနားသုံးအမည်အပြည့်အစုံမှာ-สมเด็จพระกนิษฐาธิราชเจ้า กรมสมเด็จพระเทพรัตนราชสุดา เจ้าฟ้ามหาจักรีสิรินธร มหาวชิราลงกรณวรราชภักดี สิริกิจการิณีพีรยพัฒน รัฐสีมาคุณากรปิยชาติ สยามบรมราชกุมารี

ကိုးကား

[ပြင်ဆင်ရန်]

[[We love Thai Royal family:ထိုင်းတော်ဝင်မိသားစုကို ကျွန်ုပ်တို့ချစ်သည် စာတမ်းမှ ]]