မာတိကာသို့ ခုန်သွားရန်

သိန်းထွန်း (စီးပွားရေးလုပ်ငန်းရှင်)

ဝီကီပီးဒီးယား မှ
ဦးသိန်းထွန်း
မွေးဖွား(1937-03-26)မတ် ၂၆၊ ၁၉၃၇
တညောင်ရွာ ဆင်ဖြူကျွန်းမြို့မကွေးတိုင်းဗြိတိသျှဘားမား
ကွယ်လွန်ဧပြီ ၁၈၊ ၂၀၂၂(2022-04-18) (အသက် ၈၅)
နိုင်ငံလူမျိုးမြန်မာ
ကျော်ကြားမှုအရင်းခံMyanmar Golden Star ကုမ္ပဏီ တည်ထောင်သူ
ဆွေမျိုးသားချင်းသန့်ဇင်ထွန်း
မျိုးထွန်း
မီမီထွန်း

ဦးသိန်းထွန်း (၂၆ မတ် ၁၉၃၇ - ၁၈ ဧပြီ ၂၀၂၂) သည်  မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပက်(စ်)စီအချိုရည်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သူလည်းဖြစ်၍ Pepsi ဦးသိန်းထွန်းဟု လူသိများသည်။ []

၁၉၃၇ ခု၊ မတ်လ ၂၆ ရက်တွင် စလင်းမြို့နယ်၊ တညောင်ရွာ၌ ဦးဘထွန်း၊ ဒေါ်သိန်းညွန့်တို့က မွေးသည်။

စီးပွားရေးလောကသို့ ဝင်ခြင်း

[ပြင်ဆင်ရန်]

အသက်၂၆ နှစ်အရွယ် ၁၉၆၀ကျော်ကာလများက ပို့ကုန်၊သွင်းကုန်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် စီးပွားရေးလောကသို့ စဝင်သည်။ ထိုစဉ်က အောင်ညွန့်ဆွေကုမ္ပဏီ ထောင်ကာ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်းနှင့် အာရှရှိ အခြားနေရာများသို့ သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းလုပ်ကိုင်ခဲ့သည်။[] ၁၉၆၃ခု၊ မတ်လ ၁ ရက်တွင် ၎င်းကုမ္ပဏီ ပြည်သူပိုင်ပြုခံရ၍ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအား ခေတ္တနားခဲ့ပြီး ၁၉၇၈ ခုရောက်မှ စီးပွားရေးလောကသို့ ပြန်ဝင်သည်။

၁၉၈၈ အရေးအခင်းပြီးနောက်  ဦးသိန်းထွန်းသည် Pepsi ကုမ္ပဏီနှင့် ပူးပေါင်းရန် စတင်ကြိုးစားခဲ့ပြီး  ၁၉၉၁ ခုတွင် Pepsi  ကုမ္ပဏီနှင့် ၁၀-နှစ် စာချုပ်ပြုကာ မြန်မာဈေးကွက်သို့ Pepsi Cola၊ 7 Up နှင့် Mirinda စသည့် အချိုရည်များကို ထုတ်လုပ်ရောင်းချခဲ့သည်။[] ၁၉၉၇ ခုတွင် အမေရိကန်၏ ပိတ်ဆို့မှုစည်းမျဉ်းသစ်များကြောင့် ပက်စီကုမ္ပဏီမှာ မြန်မာ့ဈေးကွက်ကို စွန့်ခွါသွားသည်။ ၂၀၁၄ ခုတွင် မြန်မာဂိုးဒင်းစတားကုမ္ပဏီ၏ ရှယ်ယာ ၇၀% ကို ကိုရီးယားပိုင် လော့တေးကုမ္ပဏီအား ရောင်းချလိုက်၏။

၁၉၉၄ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းဘဏ် ကိုစတင်တည်ထောင်ခဲ့သည်။[] ဘဏ်၏ အမြတ်အစွန်းများကို ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ပြန်လည်လှူဒါန်းခဲ့သည်။

ဦးသိန်းထွန်းသည် မြန်မာ့ရွှေကြယ်စင် တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့်အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဖြန့်ဖြူးရေး၊ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းများဖြင့် စီးပွားရေးနယ်ပယ်အား တိုးချဲ့လာကာ

၂၀၁၄ ခုနှစ်အရောက်တွင် မြန်မာတိုင်းမ်ထုတ်ဝေသည့် Myanmar Consolidated Media ၏ ရှယ်ယာအများစုကို လွှဲယူသည်။ [] နှစ်စဉ် ထွန်းဖောင်ဒေးရှင်းစာပေဆုကို ချီးမြှင့်ကာ မြန်မာ့စွယ်စုံကျမ်းအား ပြင်လည်ပြင်ဆင်ရေးကိစ္စအပေါ် စာပေဗိမာန်နှင့်အတူ ပူးပေါင်း အားထည့်ဆောင်ရွက်နေသူဖြစ်သည်။ မြန်မာတိုင်းမ်၏ရှယ်ယာများအား ဝယ်ယူခဲ့ခြင်းက မိုက်မဲမှုတစ်ခုဟု ၂၀၁၈အတွင်း ဝန်ခံချက်ကလည်း မီဒီယာလောကအတွင်း ထင်ရှားသတင်းဖြစ်ခဲ့သည်။ []

ဦးသိန်းထွန်းကို ခရိုနီတစ်ဦး၊ ဗိုလ်ချုပ်ထွန်းကြည်အစရှိသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု ဖော်ညွှန်းကြသည်။ [] ၎င်းက ထိုသို့မဟုတ်ကြောင်း အမြဲတမ်းငြင်းဆန်လေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်လက်ထက် တန်ဖိုးထွားခဲ့သော သမ္မတရုံးဝန်ကြီးဦးစိုးသိန်းကိုယ်တိုင် ရေးသားခဲ့သော “ဒီမိုကရေစီနိုင်ငံသစ်နှင့် သမ္မတဦးသိန်းစိန်”စာအုပ်အား အကုန်အကျခံထုတ်ဝေခဲ့ဖူးသည်။ []

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

နယ်လီသန်းနှင့် လက်ထပ်ရာ မျိုးဇော်ထွန်း(ကွယ်လွန်)၊ သန့်ဇင်ထွန်း (မန္တလေးနိုဗိုတယ်ဟိုတယ်နှင့် အယ်လ်ပီဟိုးဒင်းဂရု ဥက္ကဋ္ဌ)၊ မီမီထွန်း (မြန်မာဂိုးဒင်းစတားယမကာကုမ္ပဏီ ဒါရိုက်တာ)၊ ဦးဦးထွန်း (မြန်မာဂိုးဒင်းစတားယမကာကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး)၊ ဒေါ်ကြည်ကြည်ခိုင် ဟူသည့် သားသမီး ၅ ဦး ထွန်းကားသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၂၂ ခု၊ ဧပြီလ ၁၈ ရက်၊ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ဘန်ကောက်မြို့၊ ဘာမွန်ကရက်ဆေးရုံတွင် လွန်သည်။

ရရှိခဲ့သော နိုင်ငံတကာဆုများ

[ပြင်ဆင်ရန်]

Pepsi Cola International နှင့် အင်္ဂလန်နိုင်ငံတို့ ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံးထုတ်လုပ်သူဆု၊ စီးပွားရေး လုပ်ငန်းအုပ်ချုပ်မှု ထူးချွန်ဆုတို့ ရသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် လူမှုအကျိုးဆောင်ပုဂ္ဂိုလ်ကြီး ဦးသိန်းထွန်း MOI Myanmar (၁၉ ဧပြီ ၂၀၂၂)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. MGS Group of Companies ၏ Chairman ဦးသိန်းထွန်းနှင့်တွေ့ဆုံခြင်း Myanmar B2B TV (5 Jul 2020)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။}}
  3. Pepsi's ​Burma Connection Business Ethics 30 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 Feb 2023 တွင် ပြန်စစ်ပြီး။
  4. About Tun Commercial Bank Tun Commercial Bank(Myanmar) Website 23 Feb 2023 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ 25 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 April 2022 တွင် ပြန်စစ်ပြီး။
  6. Myanmar Tycoon Thein Tun Faces Business Woes In Crisis-Torn Country Forbes (24 Jul 2018)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။
  7. Myanmar Tycoon Thein Tun Faces Business Woes In Crisis-Torn Country Forbes (24 Jul 2018)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။
  8. Mya nmar Times owner Thein Tun dies in Bangkok hospital aged 85, says employee Myanmar Now (19 Apr 2022)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။