မာတိကာသို့ ခုန်သွားရန်

သိထားချက်

ဝီကီပီးဒီးယား မှ

သိထားချက် (သို့) သိလျာချက် (အင်္ဂလိပ်: premise) ဆိုသည်မှာ တွေးစစ်ဗေဒ (Logic)တွေးစဉ် (argument) တစ်ခုအတွင်း ကောက်ချက် တခုခုကို ပုံသွင်းသက်သေပြု ပံ့ပိုးနေသည့် အစိတ်အပိုင်းများအဖြစ် ပါဝင်သော တွေးလုံးမျိုးကို ညွှန်းသည်။[၁] သို့ဖြင့် တွေးစဉ်က သင်္ချာနည်းဖြင့် အစုတစ်ခု ဖြစ်လျှင် တွေးလုံးများက သူ့အစုဝင်များအဖြစ် ရှိမည်။
သာဓကအားဖြင့် "မိုးလည်း ရွာမထား" ဟူသည့် တွေးလုံးနှင့် "မြေပြင်တဝိုက် ရေစိုနေသည်" ဟူသည့် တွေးလုံးတို့ကို သိထားချက် (premise) များအဖြစ် လျာထားလျက် "တစ်စုံတဦးက ရေဖြန်းထားခြင်း ဖြစ်မည်" ဟူသော ဖြစ်တန်ကြောင်း ကောက်ချက် (conclusion) တွေးလုံး ထွက်ပေါ်သည့် တွေးစဉ်တွင်လည်း သိထားချက်များကိ ကောက်ချက်ကို ပံ့ပိုးပေးနေသည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. Audi၊ Robert, ed. (1999)။ The Cambridge Dictionary of Philosophy (2nd ed.)။ Cambridge: Cambridge University Press။ p. 43။ ISBN 0-521-63136-XArgument: a sequence of statements such that some of them (the premises) purport to give reasons to accept another of them, the conclusion