သိကြားပန်ရန် ဖန်သည့်ဟန်

ဝီကီပီးဒီးယား မှ

သိကြားပန်ရန် ဖန်သည့်ဟန် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

သိကြားပန်ရန် ဖန်သည့်ဟန်[ပြင်ဆင်ရန်]

ထောင်ရာပယ် ဆယ်သတ္တောနှင့်၊ နှစ်ကောမာကောဇာပြုတဲ့၊ သုံးခုတွင် ကဆုန်နွေ၏၊ ပုဏ္ဏမေ၊ ယုန်ငွေဝန်းက၊ စ နေ စွန်း ပေါ် ကျော် နံနက်သို့၊ ယွန်းလေးချက်အချိန်တော်။

ပြည်ပေါက္ကံစုက္ကတေးတဲ့၊ မိထွေးတောင်ညာတင်လို့၊ ဗုတလင်တွင် သမိုင်းနှင့်၊ မြောက်ပိုင်းဝယ်၊ တိုင်းနယ်ကြောက်ရတဲ့၊ ဂိုဏ်းထောက်တော်အရှင်မြတ်က၊ ဝင်အရဟတ္တဖိုလ်၊ ဟိုနောင်ပါရအောင်၊ ဓာတ်အသင်္ခတာ သဗ္ဗညုတဲ့၊ ဓာတု ကိုမြှုပ်သည့်အိုးနှင့်၊ လုပ်ပျိုးထောင်ပူဇော်တဲ့၊ အုတ်ရိုးတော် စေတီပျက်သော်ကြောင့် ဤရက်တွင်မင်္ဂလာဟ၊ ဦးပညာတွင်နာမံက၊ ဒကာပန်းရန် အလုပ်ကောင်းသူနှင့်၊ အုတ်ဟောင်းကို ပယ်ကာချလို့၊ နဝကမ္မ ဖြစ်စေဘို့၊ ခင်းအုတ်မြစ်ဖော်။

ဓရင်ခွေတင်ရွှေထီးက၊ မြေကြီးတိုင်အစဉ်မြဲစေဘို့၊ တင်လဲတထွေနှင့်၊ သလဲငွေကျွဲရေပြတ်ပါတဲ့၊ ဂဟေလုပ်ရန် ကော်အနှစ်ကဲ့ပြင်၊ အုသျှစ်ခုံအုံ့တုံ ခေါက်ကယ်နှင့်၊ ထုံးဖောက်လို့ အင်္ဂတေဖျော်၊ သင်းတေဇော်ပျံ့လှောင်း။

ပညာရောင် ကမ္ဘာချဉ်းလောက်ကဲ့၊ တောင်တွင်းလာ တွင်ကာခေါ်ကြ၊ ခင်ဆရာဖျော်၊ သညာမပျော်ငေးလေသို့၊ သည်ကျောင်းစံ ဆရာတော်က၊ ဘုန်းကြီးပေါ်ငယ်နာမည်နှင့်၊ နတ်ရွာပြည်တာရှည်သိကြ၊ စုတိကာဝိညာဉ်ခန်းလို့၊ မိဝမ်းဝယ်သန္ဓေဝင်တော့၊ ရဟန်းပင် ဖြစ်စေအုံးတော့လို့၊ နှလုံးရေလွန်ဖြူစင်တဲ့၊ မူအသွင်သူဝင်စားသည်ဟု၊ အများပင်ထင်ပေရှာကြ၊ ဦးပညာသံဃာကလေးငဲ့မှာ၊ ဘုရားအကျန်၊ အားအန မသေးရအောင်၊ အငှားပန်းရန် သိကြားဖန်လို့၊ ပေပေသထင့်၊ ရှေးလက်စဟောင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။