သားစိုး

ဝီကီပီးဒီးယား မှ

သားစိုး (၁၉၈၀-) သည် မြန်မာလူမျိုး အဆိုတော်နှင့် အသံဖမ်းအင်ဂျင်နီယာ ဖြစ်သည်။ မြန်မာ့ဂီတကို အနောက်တိုင်းလာ အီလက်ထရိုနှင့် ရောသည့် သီချင်းများဖြင့် ကျော်ကြားသည်။

သားစိုး
အမည်ရင်းစိုးမိုးအောင်
မွေးဖွား (1980-11-04) ၄ နိုဝင်ဘာ၊ ၁၉၈၀ (အသက် ၄၃)
ရန်ကုန်
ဂီတဟန်ဟစ်ဟော့
တက်ကြွသည့်နှစ်များ2000–present
ဝက်ဘ်ဆိုက်Thxa Soe

ဂီတ လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

အထက်တန်းအောင်ပြီးနောက် W.Y.W အဖွဲ့ သူငယ်ချင်းများနှင့် ဖွဲ့သည်။ အဆိုပါအဖွဲ့မှာ ၁၉၉၈ ခုတွင် ကွဲသွားသည်။ သီရိဆွေ ထွက်သွားသည့် Fi Gi-D အဖွဲ့သို့ ကွိကွိ၊ ဘာဘူတို့နှင့် အတူ ဝင်သည်။ ၂၀၀၀ ပြည့်တွင် အဲလက်စ် က ခွေထုတ်ပေးသည့်အခါ အဖွဲ့အမည်ကို သီအိုရီ ဟု ပြောင်းလိုက်သည်။

၂၀၀၁ ခုတွင် လန်ဒန်ရှိ အသံဖမ်းအင်ဂျင်နီယာကျောင်း (School of Audio Engineering Institute) တွင် ကျောင်းတက်ကာ အီလက်ထရို ဂီတကို လေ့လာသည်။ ၃ နှစ်အကြာတွင် မြန်မာပြည် ပြန်လာသည်။

ပထမဆုံး တစ်ကိုယ်တော်အခွေ ရောသမမွှေ ကို ၂၀၀၆ ခုတွင် ထုတ်သည်။ မြန်မာဆိုင်းဝိုင်းကို စိန်လှငွေ၊ စိန်ဗိုလ်ဆင့်တို့က တီးပေးပြီး တေးနှောကျွမ်းကျင်သူ ဥက္ကာဦးသာ အကူအညီကို ရယူထားသည်။ အဆိုပါခွေမှာ နိုင်ငံတကာ စိတ်ဝင်စားမှုပါ ရခဲ့သည်။

ထို့နောက် ရောချင်ရော မရောချင်နေဖအေတူ မအေတူအမွှေမွှေလို့ မဝလို့ရောတယ် မွှေတယ်ငွေမြင်ရင် လင်လုပ်မည် တို့ကို ၂၀၀၇ မှ ၂၀၁၁ အထိ တစ်နှစ်တစ်ခွေ ထုတ်ခဲ့သည်။

အရင်းအနှီးကြီးပြီး ကူးခွေများကြောင့် အမြတ်အစွန်းမရှိဟု ဆိုကာ ၂၀၁၂ တွင် ဂီတလောကမှာ ခဏနားရာ ၂၀၁၄ ခုရောက်မှ ပြန်ဝင်သည်။ [၁]

တေးစီးရီးများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ရောသမမွှေ ၂၀၀၆
ရောချင်ရော မရောချင်နေ ၂၀၀၇
ဖအေတူ မအေတူ ၂၀၀၇ ညီငယ် ဗုံဘုံ နှင့်အတူ
အမွှေ ၂၀၀၈
မွှေလို့ မဝလို့ ၂၀၀၉
ရောတယ် မွှေတယ် ၂၀၁၀
ငွေမြင်ရင် လင်လုပ်မည် ၂၀၁၁
ရောသမပေါင်းချုပ် ၂၀၁၄
အာလူး၊ သာကူး၊ နှာဘူး၊ ဂန်ဒူး ၂၀၁၅
ရောသမထပ်မွှေ ၂၀၁၇

ကိုးကား[ပြင်ဆင်ရန်]

  1. ရတနာထွန်း (5 Mar 2012) "Musician Thxa Soe Ends Career to Make Money Archived 17 March 2013 at the Wayback Machine.". Myanmar Times.