သရက်ချဉ်

ဝီကီပီးဒီးယား မှ

သရက်ချဉ်သည် သရက်သီးအစိမ်းမှ အချဉ်ရအောင် တည်ဖောက်ထားသော မြန်မာရိုးရာ စားစရာ တစ်မျိုး ဖြစ်သည်။

လုပ်နည်း[ပြင်ဆင်ရန်]

သရက်သီးအစိမ်းကို ချင်းထိုးသကဲ့သို့ ပါးပါးရှည်ရှည် လှီးပြီးသောအခါ၊ ဇလုံထဲထည့်၊ ဆားဖြင့်နယ်ရသည်။ အချဉ်ဓာတ် ပေါ့အောင် ဆားဖြင့် နယ်ပစ်ခြင်း ဖြစ်ပြီး အချဉ်ကြိုက်က ဆားထည့်ရန် မလိုအပ်ချေ။ အစေးရည်များ စိမ့်ထွက်လာသည့်အချိန်ဝယ် ပွက်ပွက်ဆူနေသော ရေနွေး လောင်းထည့်ပြီး၊ အဖုံးအုပ်ထားရသည်။

ငါးမိနစ်ခန့် ကြာသော် လတ်ဆတ်သော သရက်ချဉ် ဖြစ်လာသည်။ ၎င်းမှာ သရက်ချဉ် အဖြူတည်ပုံ ဖြစ်ကာ၊ သရက်ချဉ်အဝါလိုပါက ရေနွေးထည့်သည်နှင့် နနွင်း အနည်းငယ် ထည့်ပေးလိုက်ရုံသာ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်မောင်ဦး(မိုးကောင်း) (စက်တင်ဘာလ, ၁၉၉၈)။ သရက်ချဉ်လုပ်နည်း၁၄၆။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း။ p. ၁၉၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)