လူ့ကျင့်ဝတ်

ဝီကီပီးဒီးယား မှ

ဒဿနိကဗေဒ၏ အဓိက ကိုင်းခွဲကဏ္ဍ ၄ခုအနက် တခု ဖြစ်သော[၁] အကောင်း-အဆိုး ဗေဒ (ခေါ်) စရိယဗေဒလူ့ကျင့်ဝတ်ပညာ (ကိုယ်ကျင့်တရားပညာ) (အင်္ဂလိပ်: ethics or moral philosophy) ဆိုသည်မှာ "ဖြောင့်မှန်မည် ဆိုရလောက်သော စိတ်ထား (စာရိတ္တ) နှင့် ကောင်းမှုဆန်မည်၊ ဆိုးမှုဆန်မည် ဆိုရလောက်သော လုပ်ရပ် (ကံ) တို့၏ သဘောသဘာတို့ ဟူသည်ကား မည်သို့ဖြစ်မည်နည်းတို့ကို ဆင်ခြင် ရှာဖွေ့ သုံးသပ်သမျှသော"[၂] တွေးခေါ်ဆန်းစစ်မှု အမျိုးမျိုးကို ဆိုလိုသည်။

ကောင်းခြင်း နှင့် ဆိုးခြင်း၊ မှန်ကန်ခြင်း နှင့် မှားယွင်းခြင်း၊ စင်ကြယ်မှုနှင့် ဆိုးယုတ်မှု၊ တရားမျှတမှု နှင့် တရားဥပဒေ ချိုးဖောက်မှု စသည့် အကြောင်းအရာများပင် ဖြစ်သည်။ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ အကျိုးနှင့်အပြစ်တို့ကို ခွဲ ခြားဝေဖန်သော ပညာရပ်ဖြစ်သည်။[၃]

အဓိပ္ပါယ် ဖွင့်ဆိုပုံ ဒဿနိကအသွင် အမျိုးမျိုး[ပြင်ဆင်ရန်]

ဂေါတမ ဗုဒ္ဓ[ပြင်ဆင်ရန်]

ဗုဒ္ဓ၏ ခွဲခြားဖွင့်ဆိုပုံမှာ -

  • မိမိနှင့် သူတပါးအဖို့ ရေရှည်၊ ရေတို ကောင်းကွက်တိုးပွားစေမည့် လုပ်ရပ်များက ကောင်းမှု ဖြစ်ပြီး၊
  • မိမိနှင့် သူတပါးအဖို့ ရေရှည်၊ ရေတို ကောင်းကွက်လျော့ပါးစေမည့် လုပ်ရပ်များက မကောင်းမှု ဖြစ်သည်။

မြန်မာအများစုနေဖြင့် ဤ၂မျိုးအဖို့ "ကုသိုလ်" နှင့် "အကုသိုလ်" အဖြစ် ပါဠိဝေါဟာရများ ရင်းနှီးစွာ ကြားဖူးနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Verst၊ Ludger; Kampmann၊ Susanne; Eilers၊ Franz-Josef (2015-07-27)။ Die Literaturrundschau။ Communicatio Socialis။ OCLC 914511982
  2. Internet Encyclopedia of Philosophy "Ethics"။ January 18, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 7, 2012 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)