သဘာဝကမ္ဘာ ခေတ်မီကစားကွင်း

ဝီကီပီးဒီးယား မှ

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ သဘာဝကမ္ဘာ ခေတ်မီကစားကွင်းများကို ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

သဘာဝကမ္ဘာကုမ္ပပဏီလီမိတကက တာဝန်ယူဆောင်ရွက်ခဲ့သည့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ခေတ်မီကစားကွင်းများ တည်ဆောက်ခြင်းကို ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက အစီအစဉ်များ ရေးဆွဲ၍ဆောင်ရွက်ခဲ့ပြီး ရေပန်းရုပ်ရှင်၊ စားသောက်ဆိုင်၊ ဂိမ်းကစားကွင်းများ၊ ဓာတ်ပုံဆိုင်နှင့် ကော်ဖီဆိုင်များ၊ ရှုခင်းကြည့်လမ်းများ၊ မီနီဂေါက်ကွင်းများ ပါဝင်သည့်အဆင့်မြင့်ဥယျာဉ် တစ်ခုအဖြစ် အဆင့်မြှင့်တင်ခဲ့ရာ၌ ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ခေတ်မီကစားကွင်းများကို ဦးစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ဆက်လက်၍ ရေပန်းရုပ်ရှင် နှင့် ကျန်ရှိနေသေးသော အပန်းဖြေ အစီအစဉ်များကို ဖွင့်လှစ်ရန် စီစဉ်ထားသည်။

ယခုဖွင့်လှစ်သော သဘာဝ ကမ္ဘာကစားကွင်းတွင် မိုးပျံရထား၊ ရေလွှာမိကျောင်း၊ တိုက်ကားကစားကွင်း၊ ပန်းကန်ပြားပျံ၊ ကြိုးတန်းစကြာ၊ ကလေးကားမောင်းကွင်း၊ နှစ်ထပ်မြင်းရထားတို့ဖြစ်ပြီး ကလေး ကားမောင်းကွင်းအတွက် တစ်ဦးလျှင် ကျပ် ၅၀၀၊ နှစ်ထပ်မြင်းရထားမှာ တစ်ဦးလျှင် ကျပ် ၅၀၀ နှင့် ကျန် ကစားနည်းများမှာ တစ်ဦးလျှင် ကျပ် ၁၀၀၀၊ တိုက်ကားကစားကွင်းမှာ နှစ်ဦးစီးနိုင်သော ကားတစ်စီးလျှင် ကျပ် ၁၀၀၀ တို့ဖြစ်ကြသည်။ ဆက်လက်၍ ကောင်းကင် ရထားနှင့် ကလေးဦးရေ ၂၀၀ ခန့် ဆော့ကစားနိုင်သည့် ကြယ်တာရာတိုက်ပွဲ အစီအစဉ်များကိုလည်း မကြာမီ ဆောင်ရွက်သွားရန်ရှိသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်သည် ရွှေတိဂုံဘုရားနှင့် လွှတ်တော် အဆောက်အအုံကြား၌ တည်ရှိပြီး နေရာ အကျယ်အဝန်းအားဖြင့် မြေဧက ၁၃၀ ခန့်ရှိသည်။ ယခင်က အများပြည်သူတို့ စုဝေးအပန်းဖြေရာ နေရာတစ်ခုဖြစ် ခဲ့ပြီး ရွှေတိဂုံဘုရားသို့ လာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ဝင်ရောက်အပန်းဖြေလေ့ ရှိကြသည့် နေရာတစ်ခုလည်း ဖြစ်သည်။ နောက်ပိုင်းတွင် မိသားစု အပန်းဖြေလာရောက်မှု နည်းပါးခဲ့မှုကြောင့် အသစ်ပြန်လည်၍ အဆင့်မြႇင့်တင်မှုများ ပြုလုပ်ရန် ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီကို ဆောင်ရွက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်သည် ရန်ကုန်မြို့တွင်အဓိက အချက်အချာကျသော နေရာ၌တည်ရှိပြီး ၁၉၈၉ ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]