သန်းဦးလွင်

ဝီကီပီးဒီးယား မှ
သန်းဦးလွင်
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဒီဇင်ဘာ ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးကြွယ်ကြွယ် [၁]
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
မတ် ၂၀၂၂ – ၄ ဒီဇင်ဘာ ၂၀၂၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးစစ်တက္ကသိုလ်
အလုပ်အကိုင်​တရားသူကြီး
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးလက်ထောက်စစ်ဥပဒေချုပ်

ဦးသန်းဦးလွင်(၁၉၆၂ဖွား) သည် လက်ရှိ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [၂]၎င်းကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ(၅) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။သူသည် လက်ထောက်စစ်ဥပဒေချုပ် အဖြစ်မှ တရားသူကြီး ဖြစ်လာသူဖြစ်သည်။

ပညာရေးနှင့်တပ်မတော်သားဘဝ[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။ယင်းအပြင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(စာပေးစာယူသင်တန်း)ကိုလည်းတက်ရောက်သည်။ဦးသန်းဦးလွင်သည် ၁၉၈၄ ခုနှစ်တွင် ဥပဒေဘွဲ့(LL.B)ကို ရရှိသည်။သူသည် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ (၃၁)နှစ်ကျော် တာဝန်ထမ်းဆောင်သည်။ [၃]

တရားလွှတ်တော်တရားသူကြီးဘဝ[ပြင်ဆင်ရန်]

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လ၌ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်သည်။ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်သည်။ [၄]

မိသားစုဘဝ[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် တာချီလိတ်မြို့မရဲစခန်းအား စစ်ဆေးMyanmar Digital News (၃၀ ဒီဇင်ဘာ ၂၀၁၉)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးMOI Myanmar (၅ ဒီဇင်ဘာ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. တရားသူကြီးချုပ် ဦးသန်းဦးလွင်ရှမ်းပြည်နယ်တရားလွှတ်တော်။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရဲတပ်ဖွဲ့ အချုပ်စခန်းများ ကြည့်ရှုစစ်ဆေးလင်းခေးခရိုင်(ပြန်ဆက်) (၁၂ မေ ၂၀၂၃)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။