သန်းဦးလွင်
သန်းဦးလွင် | |
|---|---|
| ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၅ ဒီဇင်ဘာ ၂၀၂၂ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဦးကြွယ်ကြွယ် [၁] |
| ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး | |
| တာဝန်သက်တမ်း မတ် ၂၀၂၂ – ၄ ဒီဇင်ဘာ ၂၀၂၂ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၂ မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| ပညာရေး | စစ်တက္ကသိုလ် |
| အလုပ်အကိုင် | တရားသူကြီး |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | မြန်မာ |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
| ရာထူး | လက်ထောက်စစ်ဥပဒေချုပ် |
ဦးသန်းဦးလွင်(၁၉၆၂ဖွား) သည် လက်ရှိ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [၂]၎င်းကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ(၅) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။သူသည် လက်ထောက်စစ်ဥပဒေချုပ် အဖြစ်မှ တရားသူကြီး ဖြစ်လာသူဖြစ်သည်။
ပညာရေးနှင့်တပ်မတော်သားဘဝ
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။ယင်းအပြင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(စာပေးစာယူသင်တန်း)ကိုလည်းတက်ရောက်သည်။ဦးသန်းဦးလွင်သည် ၁၉၈၄ ခုနှစ်တွင် ဥပဒေဘွဲ့(LL.B)ကို ရရှိသည်။သူသည် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ (၃၁)နှစ်ကျော် တာဝန်ထမ်းဆောင်သည်။ [၃]
တရားလွှတ်တော်တရားသူကြီးဘဝ
[ပြင်ဆင်ရန်]သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လ၌ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်သည်။ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်သည်။ [၄]
မိသားစုဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် တာချီလိတ်မြို့မရဲစခန်းအား စစ်ဆေး။ Myanmar Digital News (၃၀ ဒီဇင်ဘာ ၂၀၁၉)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေး။ MOI Myanmar (၅ ဒီဇင်ဘာ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တရားသူကြီးချုပ် ဦးသန်းဦးလွင်။ ရှမ်းပြည်နယ်တရားလွှတ်တော်။ 24 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရဲတပ်ဖွဲ့ အချုပ်စခန်းများ ကြည့်ရှုစစ်ဆေး။ လင်းခေးခရိုင်(ပြန်ဆက်) (၁၂ မေ ၂၀၂၃)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။