သခွတ်ပင်

ဝီကီပီးဒီးယား မှ
Dolichandrone spathacea
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Bignoniaceae
Clade: Paleotropical clade
မျိုးစု: Dolichandrone
မျိုးစိတ်:
D. spathacea
ဒွိနာမ
Dolichandrone spathacea
Synonyms[၁]
  • Bignonia longissima Lour. nom. illeg.
  • Bignonia spathacea L.f.
  • Dolichandrone longissima (Lour.) K.Schum.
  • Dolichandrone rheedei (Spreng.) Seem.
  • Pongelia longiflora Raf. nom. inval.
  • Spathodea diepenhorstii Miq.
  • Spathodea grandiflora Zipp. ex Span.
  • Spathodea longiflora P.Beauv.
  • Spathodea loureiroana DC.
  • Spathodea luzonica Blanco
  • Spathodea rheedei Spreng.
  • Spathodea rostrata Span.
သခွတ်ပင် အပင်ငယ်၏ ပုံ

စာပေအနုပညာထဲမှ သခွတ်ပင်[ပြင်ဆင်ရန်]

သခွတ်ပင်သည် အသုရာနတ်ပြည်၏ အထိမ်းအမှတ် သစ်ပင်အဖြစ် ကျမ်းဂန်များတွင် ထင်ရှားသည်။ ကျမ်းဂန်အဆိုအရ ဘုရားအလောင်း မာဃလုလင်သည် သိကြားဖြစ်သောအခါ ရှိရင်းသိကြားကို တာဝတိံသာမှပယ်ချလိုက်ရာ မြင်းမိုရ်တောင်ခြေရှိ အသုရာ ပြည်သို့ရောက်လေ၏။ အသုရာပြည်၏ အခင်းအကျင်းတည်နေပုံသည် တာဝတိံသာနတ်ပြည်နှင့် အတူတူပင်ဖြစ်ရာ အသုရာနတ်တို့၏စိတ်၌ အသုရာ ပြည်ကို တာဝတိံသာဟုပင်ထင်မှတ်နေကြ၏။ သခွတ်ပင်များပွင့်ချိန်ရောက်မှ ပင်လယ်ကသစ်ပွင့်ရာ တာဝတိံသာနတ်ပြည်မဟုတ်မှန်းသိသဖြင့် တာဝတိံသာ သို့ စစ်ချီတက်တိုက်ခိုက်ကြလေသည်။ ယင်းသို့ နှစ်စဉ် သခွတ်ပွင့်ချိန်တွင် စစ်ချီတက်ရာ၌ မြည်သောအသံကိုမိုးထစ်ချုန်းသည်ဟု ပြောလေ့ပြောထရှိလေသည်။ ထိုကြောင့် သခွတ်ပင်သည် မိုးဦးကာလ၌ ပွင့်သည်ဟု ယူရာသည်။[၂] သိကြား နှင့်အသူရာတို့ သခွတ်ပွင့်ချိန်စစ်ခင်းကြပုံကို တေးရေး မြို့မငြိမ်းက "သခွတ်ပန်းရုပ်ရှင်"၏ ဇာတ်ဝင်သီချင်းဖြစ်သည့် "ကသစ်ပန်း/သခွတ်ပန်း" အမည်ဖြင့် ခေတ်စမ်း သီချင်းတစ်ပုဒ်တေးပြုစပ်ဆိုဓာတ်ပြားသွင်းခဲ့ရာ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ [၃] [၄]

အပင်[ပြင်ဆင်ရန်]

သခွတ်ပင်သည် နွေအခါ၌ အရွက်ကြွေသော အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ ဗစ်နိုးနီးယားစီအီး (Bignoniaceae) မျိုးရင်းဝင်ဖြစ်၏။ ရုက္ခဗေဒအမည်အားဖြင့် ဒိုလီချန်ဒရုန်းကရစ္စပါ ဟုခေါ်သည်။ သခွတ်ပင်သည် ပေ ၄ဝ မှ ၆ဝအတွင်းမြင့်သည်။ ပါဠိဘာသာဖြင့် ဃောသာချဟုခေါ်သည်။ ယင်းမှာ ဃောကြေ၍ သာချမှ သခွတ်ဖြစ်လာသည်ဟု ဆိုကြသည်။[၅]

အမျိုးအစား[ပြင်ဆင်ရန်]

သခွတ်နှစ်မျိုးရှိသည်။ သခွတ်ဖိုနှင့် သခွတ်မဖြစ်သည်။ သခွတ်ဖို၏ ရုက္ခဗေဒအမည်မှာ စတီရီယိုစပါမံပါဆိုနာတမ် (Stereospermum personatum) ဟုခေါ်၍ သခွတ်မကို ဒိုလီချန်ဒရုန်းစပါသာဆီး (Dolichandrone spathacea) ဟုခေါ်သည်။[၆]

ပေါက်ရောက်ရာဒေသ[ပြင်ဆင်ရန်]

သခွတ်ဖိုပင်ကို မြန်မာနိုင်ငံ အထက်ပိုင်း၌ တွေ့ရ၍ သခွတ်မပင်ကို မြန်မာနိုင်ငံတစ်ဝှန်းလုံး၌ တွေ့ရသည်။ သခွတ်ပင်များကို အထူးသဖြင့် စစ်ကိုင်းပျဉ်းမနားသံတွဲမြို့များ၌ တွေ့နိုင်သည်။[၇]

အရွက်[ပြင်ဆင်ရန်]

သခွတ်ပင်၏အရွက်သည် အလျားသုံးလက်မခန့်ရှိ၍ အဖျားချွန် သည်။ တစ်ခါတစ်ရံ အရွက်နှုတ်ခမ်းသားသည်ခွေးသွားစိတ်ကဲ့သို့ ဖြစ်နေတတ်သည်။ အရောင်သည် စိမ်းရင့်ရောင်ပြောင်လက်နေသည်။[၈]

ပန်းပွင့်[ပြင်ဆင်ရန်]

ဇူလိုင်လမှအောက်တိုဘာလအတွင်း အပွင့်များပွင်သည်။ သခွတ်ပွင့်သည် မလွှပွင့် ကဲ့သို့ အဝကား၍ နံနက်စောစောအချိန် အပင်မှကြွေကျလေ့ရှိသည်။ အနီရောင် အဆင်းရှိသောအပွင့်ပွင့်သည့် သခွတ်ပင်မျိုးလည်းရှိသည်ဟု ဆေးကျမ်းများ၌ ဆိုသည်။[၉]

တိုင်းရင်းဆေး[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းအလိုအရ သခွတ်ပွင့်အနီအဖြူ နှစ်မျိုးစလုံးပင် ချိုဖန်ခါးရသာရှိ၏။ အေး၏။ အစာကိုပွစေတတ်၏။ သွေးသလိပ်ကိုနိုင်၏ ဟုဆိုသည်။ သခွတ်ပွင့်ကို ပြုတ်သုတ်ချက်စားလျှင် အသံပျက်သူတို့ အသံ ထွက်လာသည်ဟု ဆိုလေသည်။ [၁၀]

စားစရာ[ပြင်ဆင်ရန်]

သခွတ်ပွင့် ကို ပြုတ်သုတ်၍ ဖြစ်စော၊ ကြော်၍ဖြစ်စေ စားသုံးကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List: A Working List of All Plant Species၊ 30 April 2019 တွင် မူရင်း အား မော်ကွန်းတင်ပြီး18 September 2016 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  3. https://www.youtube.com/watch?v=s21v6dfQ_Os ကသစ်ပန်း (တေးရေး မြို့မငြိမ်း)
  4. https://www.youtube.com/playlist?list=PLIkUkpOon6Q39evxUlT0FdeSlg7-4H_as မြို့မငြိမ်း ရေးသော နှောင်းခေတ်သီချင်းများ
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  10. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)