ကြောင်လျှာ
Oroxylum indicum | |
---|---|
Plate from book Flora de Filipinas, Gran edicion, Atlas I. by Francisco Manuel Blanco, 1880-1883? where name is Bignonia quadripinnata, Blanco. | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Lamiales |
မျိုးရင်း: | Bignoniaceae |
မျိုးဇာတ်: | Oroxyleae |
မျိုးစု: | Oroxylum Vent. |
မျိုးစိတ်: | O. indicum
|
ဒွိနာမ | |
Oroxylum indicum | |
Synonyms[၂] | |
|
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပင်
[ပြင်ဆင်ရန်]ကြီးထွားမှု မြန်သောအပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်ထူသည်။ မီးခိုးစိမ်းရောင်ရှိသည်။ အတွင်းသား အဝါရောင် ရှိသည်။
အရွက်
[ပြင်ဆင်ရန်]ရွက်ပေါင်း ဖြစ်ပြီး ရွက်ဆိုင်ထွက်သည်။ ရွက်မြွှာများ မျက်နှာချင်းဆိုင်ထွက်၍ ရှည်မျောမျော ဘဲဥပုံသဏ္ဌာန်ရှိသည်။ ရွက်ရင်းအနည်းငယ်ဝိုင်း ၊ သို့မဟုတ် သွယ်၍ ရွက်ဖျား ချွန်သည်။ အကြောထင်ရှားသည်။ ထိပ်ရွက် တစ်ရွက် ပါသည်။
အပွင့်
[ပြင်ဆင်ရန်]ခရမ်းရောင် အပွင့်များဖြစ်သည်။ ပန်းခိုင်ရှည်သည်။ ခေါင်းလောင်းပုံရှိပြီး အသားထူသည်။ ပွင့်ညှာရှည်၍ တုတ်သည် ။ နယုန် ၊ ဝါဆို တွင် ပွင့်သည်။
အသီး
[ပြင်ဆင်ရန်]သီးတောင့် ရှည်ဖြစ်၍ ပြားပြီး အမွေးကလေးများရှိသည်။ တွဲလျားကျ၍ သီးသည်။ စိမ်းညိုရောင် ရှိသည်။ အတွင်းသား ထူသည်။ အစေ့တွင် အတောင်ပါသည်။ တန်ဆောင်မုန်းလတွင် သီးသည်။
အသုံးပြုနိုင်သည့်
[ပြင်ဆင်ရန်]အစိတ်အပိုင်းများ : အခေါက် ၊ အရွက်၊ အသီး ၊ အမြစ် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာအနှံ့အပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက် နိုင်သည်။
ပေါက်ရောက်ပုံ
[ပြင်ဆင်ရန်]သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]အာနိသင်
[ပြင်ဆင်ရန်]မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာရှိ၍ ပူ၏ ၊ စပ်၏ ၊ ကြေလွယ်၏ ၊ နှုတ်ကို မြိန်စေ၏ ။ နှလုံး ၊ လည်ပင်းကို အကျိုးပြု၏ ။ ဝမ်းမီးကို တောက်စေသည်။ လေ သလိပ်ကို နိုင်သည်။ မြင်းသရိုက် ၊ ဝမ်းသက် ၊ အဖျား ၊ အစာမကြေ ၊ နူနာ ၊ ပျို့အန် ၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကို တိုးပွားစေသည်။
အသုံးပြုပုံ
[ပြင်ဆင်ရန်]အခေါက်
၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။
၄ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။
အရွက်
၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။
အသီး
၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
၄ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
အမြစ်
၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ The International Plant Names Index။
- ↑ Oroxylum indicum (L.) Kurz။ World Checklist of Selected Plant Families (WCSP)။ Royal Botanic Gardens, Kew။ 31 Mar 2016 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=91[လင့်ခ်သေ]