ဝံလူငှက်

ဝီကီပီးဒီးယား မှ
ဝံလူငှက်
Steppe Eagle Portrait.jpg
မြေပြင်ပေါ်သို့ဆင်းသက်ရပ်နားနေသော ဝံလူငှက်တစ်ကောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Accipitriformes
မျိုးရင်း: Accipitridae
မျိုးရင်းသေး: Aquilinae
မျိုးစု: Aquila
မျိုးစိတ်:
A. nipalensis
ဒွိနာမ
Aquila nipalensis
(Hodgson, 1833)
မျိုးစိတ်ခွဲ
  • A. n. orientalis - Cabanis, 1854
  • A. n. nipalensis - Hodgson, 1833
AquilaNipalensis.png
A. nipalensis ကျက်စားရာ ဒေသ      သားပေါက်ချိန်      ဖြတ်သန်းလေ့ရှိသည့် ဒေသ      သားမပေါက်ချိန်
Synonyms

Aquila rapax nipalensis

ဝံလူငှက်သည် အက်ဆီပီတြီဒီး မျိုးရင်းတွင်ပါဝင်ပြီး ယင်းကို ပါဏဗေဒအလိုအားဖြင့် အက်ကွီလာ နီပါလင်း ဆစ် ဟုခေါ်သည့် မျိုးစိတ်ဖြစ်သည်။ ဝံလူငှက်၏ အရွယ်မှာ ၂၅ လက်မမှ ၂၈ လက်မအထိ ရှိသည်။ ငှက်မသည် ငှက်ဖိုထက် အရွယ်ကြီး၏။ အရောင်မှာအညိုဖြစ်သည်။ သို့ရာတွင်အညိုရောင်နုမှ အညိုရောင်ရင့်အထိ အရောင်အမျိုးမျိုး ကွဲပြား သောဝံလူငှက်ကိုလည်း တွေ့ရသည်။ ဝံလူသည် ကြီးမားသောငှက်ဖြစ်သည်။ နှုတ်သီးမှာချွန်၍ ချိတ်ကဲ့သို့ ကောက်နေ၏။ အမွေးထူသော ခြေထောက်တွင် ချွန်ထက်သော ခြေသည်းများရှိသည်။ ကြမ်းကြုတ်သောအသွင်ကို ဆောင်သော ငှက်ဖြစ်သည်။ သစ်ပင်ထိပ်ဖျားတွင်လည်းကောင်း၊ မြေပေါ်တွင်လည်းကောင်း နားနေတတ်၏။ စွန်များ၏ အထက်တွင် ပျံဝဲနေတတ်၏။ ထိုသို့ ပျံဝဲနေစဉ် ကိုယ်ထည်ကြီးခြင်းနှင့် အမြီးပုံသဏ္ဌာန်ဝိုင်းနေခြင်းကြောင့် စွန် နှင့် ခွဲခြား၍သိနိုင်သည်။ ဝံလူငှက်သည် သစ်ပင်ပါးသော ကွင်းပြင်များတွင် ကျက်စားလေ့ရှိ၍ များသောအားဖြင့် ခပ်နိမ့်နိမ့်ပျံသန်းတတ်၏။ ဝံလူငှက်ငယ်ကလေးများတွင် မထင်ရှားသည့် အပြောက်များပါရှိ၍ အောက်ခံအရောင်မှာ အတော်ပင်ဖျော့တော့သည့်ပြင် အတောင်ပံတွင် အတော်အသင့် ထင်ရှားသည့် သားရေရောင် အစင်းကြောင်းများလည်းပါရှိသည်။ နောင် ကြီးလာသောအခါတွင် ယင်းတို့သည် ကွယ်ပျောက်သွားကြသည်။

အာရှတိုက် အလယ်ပိုင်းတွင် ဝံလူငှက်များ သားပေါက်သည်။ ဆောင်းရာသီတွင် အာဖရိကတိုက်အရှေ့မြောက်ပိုင်းနှင့် အာရှတိုက်တောင် ပိုင်း၌ ကျက်စားသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ ကွင်းပြင်များနှင့် တနင်္သာ ရီတိုင်း၌ ဝံလူငှက်များကို ဆောင်းရာသီတွင် အနှံ့အပြားတွေ့ရသည်။ ထို ဒေသများ၏ မြောက်ပိုင်းကျကျ နေရာများတွင်လည်း ဝံလူငှက်များကို တွေ့ နိုင်သည်။ ရှမ်းပြည်တောင်ပိုင်းတွင် ပေ ၄,ဝဝဝ နှင့် ထိုထက်မြင့်သော ဒေသများတွင် ဝံလူငှက်ကို အနှံ့အပြားတွေ့နိုင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2015). "Aquila nipalensis". IUCN Red List of Threatened Species 2015. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)