မာတိကာသို့ ခုန်သွားရန်

ဝေယျဝစ္စက

ဝီကီပီးဒီးယား မှ

အရှင်ဝေယျာဝစ္စကထေရ် သည် ဘဒ္ဒကမ္ဘာတွင် လေးဆူမြောက်သော ဂေါတမမြတ်စွာဘုရား သာသနာတော်ရှိ ရဟန္တာတစ်ဆူ ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်ဝေယျာဝစ္စကထေရ် သည် သသနာတော်၌ ကုသိုလ်ရေးအသင်းအဖွဲ့တွင် အမှုကြီးငယ်ကို ဆောင်ရွက်ခဲ့သူ ဖြစ်၏။ လှူဖွယ်ပစ္စည်း မရှိသော်လည်း မြတ်စွာဘုရား၏ ခြေတော်တို့ကို ကြည်လင်သောစိတ်ဖြင့် ရှိခိုးခဲ့၏။[]

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် အမှုကြီးငယ်ကို ဆောင်ရွက်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့အပြင် ရှစ်ခုမြောက်ကမ္ဘာထက်တွင်လည်း “သုစိန္တိတ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဝေယျာဝစ္စကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်