ဝီလျံ တင်းဒါးလ

ဝီကီပီးဒီးယား မှ

ဝီလျံတင်းဒါးလသည် ပရိတက်စတန့် ခရစ်ယာန်သာသနာ အ‌ရေးပုံတွင် အင်္ဂလန်ပြည်၌ ထင်ရှား‌သော ‌ခေါင်း‌ဆောင်တစ်ဦး ဖြစ်သည်။ တင်းဒါးလသည် သမ္မာကျမ်းစာကို ဂရိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သူပြန်ဆို‌သော ကျမ်းတို့မှာ ဓမ္မသတ်ကျမ်းနှင့် ‌ယောနဝတ္ထုဖြစ်သည်။ ခရစ် ၁၅၂၆ ခုနှစ် တွင် ထိုကျမ်းတို့ကို ပုံနှိပ်ထုတ်‌ဝေသည်။

တင်းဒါးလသည် ‌ဝေလနယ်စပ် ဂ‌လော့စတာနယ်တွင် ဖွား မြင်၍၊ ကြီးပြင်းလတ်‌သော် ‌အောက်စဖို့နှင့် ကိန်းဘရစ် တက္ကသိုလ်တို့တွင် ပညာသင်ကြားပြီးလျှင် ခရစ်ယာန် ရဟန်း‌ဘောင်သို့ ဝင်‌လေသည်။ ထို‌နောက် ဂ‌လော့စတာ နယ်၌ပင် တရား‌ဟောဆရာအဖြစ်ဖြင့် ‌ဆောင်ရွက်‌နေရာမှ မာတင်လူသာနှင့် အဆက်အသွယ်ရှိခဲ့သည်။

သာသနာ၌ သန့်ရှင်း‌စေလို‌သော စိတ်ဓာတ်ဖြင့် အင်္ဂလန်ပြည်ဘုရင် အဋ္ဌမ ဟင်နရီအား ကက်သရင်းမိဖုရားနှင့် ကွာရှင်းသည့်အတွက် ပြစ်တင်‌ရေးသား ပုံနှိပ်ထုတ်‌ဝေသည်။ ဤအချက်‌ကြောင့် ၁၅၃၆ ခုနှစ် ဩဂုတ်လ ၆ ရက်‌နေ့တွင် တင်းဒါးလသည် အရှင်လတ်လတ် မီးရှို့ကွပ်မျက်ခြင်း ခံရ သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)