မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား:မီဒီယာ မူပိုင်ခွင့် မေးခွန်းများ

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:CQ မှ ပြန်ညွှန်းထားသည်)
ဤစာမျက်နှာကို ရှင်းသန့်ရန် နှိပ်ပါ
မေးခွန်းမေးမြန်းရန်အတွက်–
  1. အပေါ်တွင်ရှိသော "မေးခွန်းမေးရန် ဤနေရာကို နှိပ်ပါ" လင့်ခ်ခလုတ်ကို နှိပ်ပါ။
  2. သင့်မေးခွန်း၏ အဆုံးသတ်တွင် ~~~~ ရေးထည့်ခြင်းဖြင့် လက်မှတ်ရေးထိုးပါ။
  3. သင့်အီးမေးလ်လိပ်စာကို မထည့်သွင်းပါနှင့်။ ကျွန်ုပ်တို့ ဤနေရာတွင်သာ စာပြန်ပါမည်။


ပုံတင်ခြင်းအကြောင်းအရာ

[ပြင်ဆင်ရန်]

( မၐ်လာပါ ... ပုံတင်ခြင်း မှာ ဘယ်လိုပုံမျိုးတင်ရန်သင့်တော်သလဲ လို့မေးမြန်းချင်သည်။)Moyezan (ဆွေးနွေး) ၀၉:၁၅၊ ၂၀ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

@Moyezan: ပုံတင်တာနဲ့ ပတ်သက်ပြီး ဝီကီပီးဒီးယား:ပုံအသုံးပြုခြင်း မူဝါဒ နဲ့ ဝီကီပီးဒီးယား:Uploading images တို့ကို ဖတ်ရှုပေးပါ။ ဒါ့အပြင် အထူး:ဖိုင်တင်ရန် မှာ ဖော်ပြထားတဲ့ သတိပေးချက်တွေကိုလည်း ဂရုပြု ဖတ်ရှုပေးပါ။ NinjaStrikers «» ၀၇:၅၄၊ ၂၂ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ဓာတ်ပုံအသုံးပြုခြင်း

[ပြင်ဆင်ရန်]

ဓာတ်ပုံမှာ ဆောင်းပါးအကြောင်းအရာ၏ သက်ရှိ ကာယကံရှင်ကိုယ်တိုင်ကပေးပို့လာပြီး သုံးစွဲရန်သဘောတူထားပြီးဖြစ်ပါတယ်။ မူပိုင်ခွင့် လိုင်စင်အချက်အလက်များဟာ ရှုပ်ထွေးလွန်းလို့ ဘယ်အချက်နဲ့ကိုက်မှန်း မသိဖြစ်ရပါတယ်။ ဒါကြောင့် မသုံးနိုင်၊ မသုံးရဲ ဖြစ်နေရပါတယ်။ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။--Frankie Nyi Nyi (ဆွေးနွေး) ၁၂:၄၉၊ ၁၈ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကာယကံရှင်ကိုယ်တိုင် (မူပိုင်ခွင့်ပိုင်ဆိုင်သူ) က Wikimedia Commons မှာ ဓာတ်ပုံကို ကိုယ်တိုင်တင်တယ်ဆိုရင် အဆင်ပြေပါတယ်။ ဒါမှမဟုတ် ဓာတ်ပုံကို ဝီကီဖက်က တစ်ယောက်ယောက်ကို ကိုယ်စားတင်ပေးဖို့ မူပိုင်ခွင့်ပိုင်ဆိုင်သူက အီးမေးလ်ကနေပို့လို့ရပါတယ်။ အဲလိုပို့ပေးမယ်ဆိုရင်တော့ ဒီမှာပြထားတဲ့ ဖောင်ကို အဆင့်ဆင့်ဖြည့်ယူပြီး အီးမေးလ်မှာ ကူးထည့်၊ ပုံကို attach လုပ်ပြီး photosubmission﹫wikimedia.org ကို ပို့နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်စားတင်ပေးမယ်/တင်ထားပြီးသားဖြစ်တယ်ဆိုရင် မူပိုင်ခွင့်ပိုင်ဆိုင်သူက အဲဒီဓာတ်ပုံကို Creative common လိုင်စင်တစ်ခုခုနဲ့ သတ်မှတ်ခွင့်ပြုတယ်ဆိုတာကို permissions-commons﹫wikimedia.org အီးမေးလ်ပို့ပေးဖို့ လိုပါတယ်။ အသေးစိတ်ကို ဒီနေရာ မှာ ဖတ်ကြည့်နိုင်ပါတယ်။ NinjaStrikers «» ၁၆:၅၆၊ ၁၈ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]