ဝါးရုံပင်ရွာ

ဝီကီပီးဒီးယား မှ
ဝါးရုံပင်
ဝါးရုံပင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝါးရုံပင်
ဝါးရုံပင်
ဝါးရုံပင် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 21°30′14″N 96°04′27″E / 21.504018°N 96.074140°E / 21.504018; 96.074140
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်မန္တလေးခရိုင်
မြို့နယ်အမရပူရမြို့နယ်
ကျေးရွာအုပ်စုဆောက်တောဝရွာ

ဝါးရုံပင်ကျေးရွာသည် မန္တလေးတိုင်းဒေသကြီးမန္တလေးခရိုင်အမရပူရမြို့နယ် တွင် တည်ရှိသည်။ တည်နေရာ ကိုဩဒိနိတ်မှာ 21°50' 38.91"N, 96° 07' 44.45"E ဖြစ်သည်။ ဆောက်တောဝ(တောင်)ကျေးရွာအုပ်စုအတွင်း ပါဝင်သည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

အရှေ့နှင့်အနောက် အရှည်မှာ ပေ ၁၆၀၀ ဝန်းကျင် ရှိပြီး တောင်နှင့်မြောက်အရှည်မှာ ပေ ၈၀၀ ခန့်ရှိသည်။ အိမ်ခြေ ၁၆၀နှင့် အိမ်ထောင်စု ၁၈၂ စုရှိ၍ လူဦးရေ ၈၀၀ ကျော်ရှိသည်။

ကိုးကွယ်မှု[ပြင်ဆင်ရန်]

ကျေးရွာတစ်ရွာလုံးမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ထင်ရှားသော စေတီပုထိုးမှာ ရွှေသံဗိုလ်မြတ်စွာဘုရားဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာမူလတန်းကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတစ်ခု ရှိသည်။ ထိုဆေးခန်းကို သားဖွားဆရာမက အမြဲတာဝန်ယူထားသည်။


စီးပွားရေး[ပြင်ဆင်ရန်]

အဓိက စီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်ပြီး အဓိကစိုက်ပျိုးရေးမှာ ဆန်စပါး၊နှမ်း တို့ဖြစ်သည်။ ဆည်ရေသောက်ဧရိယာအတွင်းရှိသဖြင့် တနှစ်ပတ်လုံး ဆည်ရေရရှိသည်။ တချို့ကသုံးသီးစိုက်၍ တချို့က တစ်နှစ်(၂)သီးစားပဲစိုက်ပျိုးသည်။

ကိုးကား[ပြင်ဆင်ရန်]