ဝါးတားဗတ်‌တောဆိတ်

ဝီကီပီးဒီးယား မှ
ဝါးတားဗတ်‌တောဆိတ်
(Waterbuck)
Ugandan defassa waterbuck (Kobus ellipsiprymnus defassa) male.jpg
Male K. e. defassa
en:Queen Elizabeth National Park, Uganda
Antílope acuático (Kobus ellipsiprymnus), parque nacional de Chobe, Botsuana, 2018-07-28, DD 49.jpg
Female K. e. ellipsiprymnus
Chobe National Park, Botswana
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Bovidae
မျိုးရင်းသေး: Reduncinae
မျိုးစု: Kobus
မျိုးစိတ်:
K. ellipsiprymnus
ဒွိနာမ
Kobus ellipsiprymnus
(Ogilby, 1833)
မျိုးစိတ်ခွဲ

မျိုးစိတ်ခွဲများ

Waterbuck distribution map.png
Distribution of subspecies of waterbuck

ဝါးတားဗတ်‌တောဆိတ်သည် အာဖရိကတိုက်ဆဟာရသဲကန္တာရ၏ အောက် ဖက်ရှိဒေသများတွင် ကျယ်ပြန့်စွာတွေ့ရသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ်သည်။ ကိုယ်အရွယ်အစား ကြီးမား၍ ခွန်အား‌ကောင်း‌သည်။ ယင်း၌ အ‌မွေးကြမ်းရှည်များရှိသည်။ ထို‌တောဆိတ်မျိုး၌ အဖိုတွင်သာ ဦးချို‌ပေါက်သည်။ ဦးချိုတွင် ကွင်းများရှိ၏။ ဦးချိုသည် ပထမတွင် ‌နောက်ဘက်သို့‌ကောက်၍ အဖျားနားတွင် တစ်ဖန် ‌ရှေ့ဘက်သို့လန်လျက်ရှိသည်။ အုပ်ဖွဲ့ကာ ‌ရေထဲတွင် ဒူးဆစ်နစ်သည်အထိ‌နေ၍ ‌ရေထဲမှအပင်များကို စား‌သောက်‌လေ့ရှိကြ သည်။ ထို‌တောဆိတ်မျိုးကို ‌ရေနှင့်တစ်မိုင်‌ကျော်မျှ‌ဝေးရာအရပ်ရှိ မတ်‌စောက်သည့် ‌ကျောက်‌တောင်များတွင် ‌တွေ့ရတတ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Kobus ellipsiprymnus" (2016). IUCN Red List of Threatened Species 2016. IUCN. doi:10.2305/IUCN.UK.2016-2.RLTS.T11035A50189324.en. 
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)