ဝါရမိတ္တု

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဝါရမိတ္တုသည် ဝေဒကျမ်းဂန်များမှ ဆင်းသက်လာသော ဗေဒင်ဝေါဟာရ ဖြစ်ပြီး၊ ဝါရမိတ္တုကြီးနှင့် ဝါရမိတ္တုငယ်ဟု နှစ်မျိုးရှိသည်။ ရက်ရာဇာပြဿဒါး ရွေးချယ်ရသကဲ့သို့ ဝါရမိတ္တုရက်များကို ရှောင်ကြဉ်ရပြီး၊ မကောင်းသော နေ့များ ဖြစ်သည့်အလျောက် ထိုရက်များတွင် အရေးကြီးသော အမှုကိစ္စများကို မဆောင်ရွက်ကြချေ။ မြန်မာလူမျိုးများသည် ယနေ့ထက်တိုင် လက်ခံ ယုံကြည်နေဆဲ ဖြစ်သည်။