ဝပိတ်ရွာ၊ ကျီးကန်းပြင်

ဝီကီပီးဒီးယား မှ

ဝပိတ်ရွာ၊ ကျီးကန်းပြင်

ဝပိတ်
ဝပိတ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝပိတ်
ဝပိတ်
ဝပိတ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°55′10″N 92°23′19″E / 20.91938°N 92.38874°E / 20.91938; 92.38874
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်မောင်တောခရိုင်
မြို့နယ်မောင်တောမြို့နယ်
ကျေးရွာအုပ်စုKyee Kan Pyin[၁]

၂၀၁၆-ခုနှစ်၊ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တပ်မတော်စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတစ်ဦး၊ သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်။ မောင်တောမြို့နယ်၊ ဝပိတ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု၊ ဝပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက်(အဖ) ဖွေဘာမောက်အား ဖမ်းဆီးရမိခဲ့သည်။


၁၃-ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အောက်တိုဘာ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးသွားခဲ့သည့် ဝပိတ်ကျေးရွာအတွင်းအသေး စိတ်ထပ်မံရှင်းလင်းရာ မီးလောင်ထားသည့် MA-11 အမျိုးအစားသေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်းတစ်စုံ၊ RSO အလံ ၂၄ ခုနှင့် RSO တံဆိပ်ပါ လည်စီး ၄၀ ခုနှင့် ဓားရှည်တစ်ချောင်းတို့အား ထပ်မံသိမ်းဆည်း ရရှိသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.
  2. Myanmar President Office