လှမြင့်သန်း

ဝီကီပီးဒီးယား မှ
ဦးလှမြင့်သန်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်မွန်ပြည်နယ် မဲဆန္ဒနယ် ၁၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1964-12-26) ၂၆ ဒီဇင်ဘာ၊ ၁၉၆၄ (အသက် ၅၉)
ကျိုက်ထိုမြို့မွန်ပြည်နယ်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်ဌေးမြင့်
သားသမီး
မိဘဦးသန်း
ဒေါ်တင်
ပညာရေးB.Sc., H.G.P, R.L
မိခင်ကျောင်းမော်လမြိုင်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်

ဦးလှမြင့်သန်း (ခေါ် ဦးလှမြင့်; ၂၆ ဒီဇင်ဘာ ၁၉၆၄ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မွန်ပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။[၁][၂]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဦးလှမြင့်သန်းကို ၁၉၆၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ မွေးဖွားခဲ့သည်။ မော်လမြိုင်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့မှ B.Sc., H.G.P, R.L ဘွဲ့များ ရရှိခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

ဦးလှမြင့်သန်းသည် ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပဲခူးမြို့နယ် ဗဟိုစည်းရုံးရေးဌာနတွင် စည်းရုံးရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ တောင်သူလယ်သမားရေးရာ ကော်မတီ(ဗဟို)တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။[၁]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Mp Profile (in my)။ Pyidaungsu Hluttaw။ 3 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2018 တွင် ပြန်စစ်ပြီး။
  2. Mp Profile (in my)။ Amyotha Hluttaw။ 2 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 2018-08-22 တွင် ပြန်စစ်ပြီး။