မာတိကာသို့ ခုန်သွားရန်

လျှပ်ဓာတ် သိပ်သည်းမှု

ဝီကီပီးဒီးယား မှ
လျှပ်ဓာတ်တို့ နေရာအနှံ့ရှိနေသည် ဆိုပါစို့၊ နှင့် တို့အဖြစ် ဤပုံ၌ ပြထား။ လျှပ်ဓာတ်တို့၏ ထုထည်တွင်းဖြန့်ကျက် သိပ်သည်းမှုနှုန်း (volume charge density) ρ သည် ကုဗတုံးထုထည်ပုံ အတွင်း တည်ရှိနေသည့် လျှပ်ဓာတ် တို့၏ စုဝေးနှုန်း အချိုးအစား ကို ဆိုလို၏။ ပြင်ဖြန့် လျှပ်ဓာတ် သိပ်သည်းမှု (surface charge density) σ ဆိုသည်မှာကား စက်ဝိုင်းပုံပြင်ကျယ် အတွင်း လျှပ်ဓာတ် ပမာဏ စုဝေးနှုန်း အချိုးအစား ကို ဆိုလို၏။ ပြင်ပေါ်ထောင့်မတ် စံအလွှားဗှတ္တာ (unit normal) ဆိုသည်မှာ မျက်နှာပြင်ကို ဧရိယာယူနစ် တစ်ယူနစ်စာ ပြင်(plane)တခုပေါ် ထောင့်မှန်ကျနေသည့် အလျားတစ်ယူနစ်စာ ဗှတ္တာ ဖြစ်၏။

ရူပဗေဒသုံး လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: charge density) ဆိုသည်မှာ - အလျားတခုခု၊ သို့မဟုတ် ဧရိယာပြင်တခုခု၊ ထုထည်အကျယ်အဝန်းတခုခု၏ တစ်ယူနစ်စာ အလျား၊ အကျယ်၊ ထုထည် အတွင်း လျှပ်ဓာတ်တို့ မည်မျှသော ပမာဏဖြင့် ဖြန့်ကျက်တည်ရှိနေသည်ကို အချိုးချဖော်ပြသည့် တိုင်းဖွယ်တမျိုးမျိုး ဖြစ်၏။

ဂရိအက္ခရာ ρ နှင့် ပြရိုးရှိသော ထုထည်တွင် လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: volume charge density) တစ်ယူနစ်စာ ထုထည် အတွင်း၌ လျှပ်ဓာတ် (ယူနစ် ကူလုမ်ဘ် - C) ပမာဏမည်မျှ သိပ်သည်းတည်ရှိနေသည်းကို ဖော်ပြသည့် စကေလာ တိုင်းဖွယ် ဖြစ်၏၊ ယူနစ်မှာ C⋅m−2 ဖြစ်မည်။[၁][၂][၃]

σ နှင့် ပြရိုးရှိသော ပြင်ဖြန့် လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: surface charge density) ဆိုသည်မှာ မျက်နှာပြင် အကျယ် တခုခုအတွင်း လျှပ်ဓာတ်တို့ ဖြန့်ကျက်သိပ်သည်းနေမှု အချိုးနှုန်း ဖြစ်၍ စံယူနစ်မှာ C⋅m−2 ဖြစ်၏။

λ နှင့် ပြရိုးရှိသော အလျားတွင်း လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: linear charge density) ဆိုသည်မှာ အလျား တခုခုအတွင်း လျှပ်ဓာတ်တို့ ဖြန့်ကျက်သိပ်သည်းနေမှု အချိုးနှုန်း ဖြစ်၍ စံယူနစ်မှာ C⋅m−1 ဖြစ်၏။

အကိုးအကား[ပြင်ဆင်ရန်]

  1. P.M. Whelan, M.J. Hodgson (1978)။ Essential Principles of Physics (2nd ed.)။ John Murray။ ISBN 0-7195-3382-1
  2. Physics 2: Electricity and Magnetism, Course Notes, Ch. 2, p. 15-16MIT OpenCourseware။ Massachusetts Institute of Technology (2007)။ December 3, 2017 တွင် ပြန်စစ်ပြီး။
  3. Serway၊ Raymond A.; Jewett၊ John W. (2013)။ Physics for Scientists and Engineers, Vol. 2, 9th Ed.။ Cengage Learning။ p. 704။ ISBN 9781133954149