လျူရှောင်ဘို

ဝီကီပီးဒီးယား မှ
လျူရှောင်ဘို
刘晓波
ဇာတိအမည်刘晓波
မွေးဖွား(1955-12-28)၂၈ ဒီဇင်ဘာ၊ ၁၉၅၅
ချန်ချွန်း၊ ဂျီလင်နယ်၊ တရုတ်နိုင်ငံ
ဆုံးပါး၁၃ ဇူလိုင်၊ ၂၀၁၇(2017-07-13) (အသက် ၆၁)
Shenyang, Liaoning, China
နိုင်ငံလူမျိုးတရုတ်
အဖွဲ့အစည်းဌာနအော်စလိုတက္ကသိုလ်
ဟာဝိုင်ယီတက္ကသိုလ်
ကိုလံဘီယာတက္ကသိုလ်
ပညာရေးBA in Chinese
(ဂျီလင်တက္ကသိုလ်)
MA,PhD
(ဘေကျင်းနော်မယ်တက္ကသိုလ်)
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များငြိမ်းချမ်းရေး နိုဘယ်ဆု (၂၀၁၀)
အိမ်ထောင်ဘက်Tao Li (ex-wife)
Liu Xia[၁] (လက်ထပ် 1996)
လျူရှောင်ဘို
ရိုးရှင်းသော တရုတ်
ရိုးရာ တရုတ်

လျူရှောင်ဘို (တရုတ်အသံထွက် - လျိုရှောင်ပေါ) ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မွေးဖွားခဲ့သည်။ သူသည် တရုတ်လူမျိုး ပညာရှင်၊ စာရေးဆရာနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား တစ်ဦးလည်း ဖြစ်သည်။ အကျဉ်းကျခံရနေစဉ် အသည်းကင်ဆာ ရောဂါဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

သူသည် ၂၀၀၃ ခုနှစ်မှစ၍ လွတ်လပ်သော တရုတ် နိုင်ငံတကာ စာရေးဆရာများအသင်း စင်တာ ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ရဲများက လျူအား တရုတ်ပညာရှင်များနှင့် စာရေးဆရာများ စုပေါင်းလက်မှတ်ရေးထိုး၍ တရုတ် အစိုးရသို့ နိုင်ငံရေး အပြောင်းအလဲလုပ်ရန် တောင်းဆိုထားသော ပဋိညာဏ်စာတမ်း အမှတ် (၈) တွင် ပါဝင်ပတ်သက်နေမှုဖြင့် ဖမ်းဆီးခဲ့သည်။ သူ့အား ၂၀၀၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် တရားဝင် ဖမ်းဆီးခဲ့သည်။ သူ့အား အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ချိုးဖောက်ရန် လှုံ့ဆော်သည် ဟူ၍ စွပ်စွဲခဲ့သည်။ သူ၏ အမှုကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်ဆေးခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် သူ့အား တရားရုံးမှ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခဲ့သည်။ တရားရုံးမှ သူ၏ နိုင်ငံရေး လှုပ်ရှားနိုင်မှု အခွင့်အရေးကိုလည်း ၂ နှစ်မျှ ပယ်ဖျက်ခဲ့သည်။ [၂]

သူသည် ၂၀၁၀ အောက်တိုဘာ ၈ရက်တွင် တရုတ်နိုင်ငံ အခြေခံ လူ့အခွင့်အရေးအတွက် အကြမ်းမဖက် လှုပ်ရှားမှုဖြင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယခုအကြိမ်တွင် သူသည် ထောင်တွင်းသို့ စတုတ္ထ အကြိမ်မြောက် ဝင်ရောက်သော အချိန်လည်း ဖြစ်သည်။ [၃]

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

လျူကို ၁၉၅၅ ခုနှစ်တွင် ဂျီလင်နယ် (吉林) ချန်ချွန်းမြို့ (長春) တွင် ပညာတတ် မိသားစုမှ မွေးဖွားခဲ့သည်။ သူ၏ အဖေသည် သူ့အား ကျေးလက် နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည့် မွန်ဂိုလီးယား အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ သူသည် အသက် ၁၉ နှစ် အရွယ်တွင် ဂျီလင်နယ်ရှိ ကျေးရွာတစ်ရွာတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုတွင် အလုပ် ဝင်လုပ်ခဲ့သည်။

သူသည် ၁၉၇၆ ခုနှစ်တွင် ဂျီလင် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး စာပေပညာဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ သူသည် ဘေဂျင်း ဆရာအတတ်သင် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သည်။

လျူသည် ဘေဂျင်း ဆရာအတတ်သင် တက္ကသိုလ်၏ စာပေ မဟာဌာန၌ ဘွဲ့ရပြီးချိန်တွင် ကထိကအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ သူသည် ထိုနေရာတွင်ပင် ပီအိတ်ချ်ဒီ ဒေါက်တာဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် ရရှိခဲ့သည်။

၁၉၈၀ခုနှစ်များတွင် သူ၏ အရေးပါသော စာတမ်းတစ်ခု ဖြစ်သည့် "ရွေးချယ်မှုများ အပေါ်ဝေဖန်ခြင်း - သုခုမနှင့် လူသားတို့၏ လွတ်လပ်မှုအကြောင်း လီဇီဟောင်းနှင့် ဆွေးနွေးခြင်း" ကြောင့် ပညာရေး နယ်ပယ်တွင် ထင်ရှား ကျော်ကြား လာခဲ့သည်။ ထိုစာတမ်းသည် ထင်ရှားသည့် တရုတ်အတွေးအခေါ်ပညာရှင် လီဇီဟောင်း၏ အတွေးအခေါ်များကို ဝေဖန်ထားခဲ့သည်။

၁၉၈၈ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်များတွင် သူသည် တရုတ်ပြည် အပြင်ဘက်ရှိ ကိုလမ်ဘီယာ တက္ကသိုလ်၊ အော့စလို တက္ကသိုလ်နှင့် ဟာဝိုင်အီ တက္ကသိုလ်တို့အတွင် ပညာရှင် အဖြစ် အလည်အပတ် ရောက်ရှိနေခဲ့သည်။

၁၉၈၉ ခုနှစ် ထျန်းအန်းမင် စကွဲယား ဆန္ဒပြမှု ဖြစ်ပေါ်နေစဉ် သူသည် အမေရိကန် ပြည်ထောင်စုတွင် ရောက်ရှိနေခဲ့သော်လည်း လှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်ရန် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။ နောက်တွင် သူ့အား ဟောင်ကောင်နှင့် ထိုင်ဝမ် သတင်းဌာနများမှ "ထျန်းအန်းမင် စကွဲယား၏ ကျွင်းကျီ (君子; ဖြောင့်မတ်တည်ကြည်သည့် ပညာတတ်) ၄ဦး" ထဲမှ တစ်ယောက် အဖြစ် ခေါ်ဝေါ်သမုတ် ခဲ့သည်။

လူ့အခွင့်အရေး လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

လျူရှောင်ဘိုသည် လူ့အခွင့်အရေးကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သူသည် တရုတ်အစိုးရအား ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ တာဝန်ယူရန် တိုက်တွန်းခဲ့သည်။ တရုတ်အစိုးရသည် သူ၏ အကြမ်းမဖက်သော နိုင်ငံရေး လှုပ်ရှားမှုကြောင့် သူ့အား ရဲစခန်းသို့ ခေါ်ယူ ဖမ်းဆီးခဲ့ပြီး အကျဉ်းထောင်သို့ မကြာခဏ ပို့ဆောင်ခဲ့သည်။ ပထမဆုံး အကြိမ်မှာ ၁၉၈၉ခုနှစ် တင်နမင် ရင်ပြင် ဆန္ဒပြမှု ကြောင့် ဖြစ်သည်.

၁၉၉၁ ခုနှစ် ဇန်နဝါရီလတွင် လျူရှောင်ဘိုသည် "တော်လှန်ရေးအတွက် ဝါဒဖြန့်မှုနှင့် လှုံ့ဆော်မှု" ကို ကျူးလွန်သည် ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ သို့သော်လည်း တရုတ်အစိုးရသည် သူ့အား ရာဇဝတ်သား တစ်ယောက်အနေနှင့် အပြစ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် သူ့အား တရုတ်ကွန်မြူနစ် ပါတီကို ဝေဖန်ခြင်းကြောင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ကျခံစေရန် အမိန့်ချခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရဲမှ လျူအား သူရေးသားခဲ့သည့် ဆောင်းပါးများနှင့် ပတ်သက်၍ ခေတ္တထိန်းသိမ်း ခဲ့သည်။ ထိုဆောင်းပါးများမှာ တရုတ်ပြည်ပြင်ပရှိ ဝက်ဘ်ဆာဗာများတွင် ထားရှိသော ဝက်ဘ်ဆိုဒ်တွင် တင်ထားခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည် ပြင်ပရှိ အဖွဲ့အစည်းများမှာ လျူ၏ လူ့အခွင့်အရေး လှုပ်ရှားမှုများကို သတိပြုမိပြီး သူ့အား ဆုများ ချီးမြှင့်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ လျူ၏ လူ့အခွင့်အရေး လှုပ်ရှားမှုများကို ဂုဏ်ပြုသည့် အနေဖြင့် စာနယ်ဇင်း လွပ်လပ်မှုကို ကာကွယ်သူ အဖြစ် Fondation de France ဆုကို ချီးမြှင့်ခဲ့သည်။

ပဋိညာဏ် စာတမ်း အမှတ် ၈ ကြောင့် အဖမ်းအဆီးခံရခြင်းနှင့် တရားစွဲခံရခြင်း[ပြင်ဆင်ရန်]

ငြိမ်းချမ်းရေး နိုဘယ်ဆု[ပြင်ဆင်ရန်]

ဆုမရမီ အချိန်[ပြင်ဆင်ရန်]

၂၀၁၀ ဇန်နဝါရီလ ၁၈ တွင် လျူကို နိုဘယ်ဆုပေးအပ်ရန် ထိုက်တန်သူ အဖြစ် အများဆုက ဝိုင်းဝန်း သတ်မှတ်ကြသည်။ ထိုသူများတွင် ဗားကလပ်ဟေဗယ်၊ ဒလိုင်းလားမား နှင့် ဒက်စမွန် တူးတူး တို့လည်း ပါဝင်သည်။ တရုတ်ပြည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ် မကျောင်စူ က လျူကို နိုဘယ်ဆု ပေးအပ်မည်ဆိုပါက မှားယွင်းလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုဘယ်ကော်မတီ၏ အတွင်းရေးမှူး ဂျိုင်ယာ လွန်ဒီစတဒ်က ဆုချီးမြှင့်မှုတွင် တရုတ် အတိုက်အခံအင်အားစု၏ ပယောဂ မပါဝင်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ပြည်အတွင်းတွင် လျူအား နိုဘယ်ဆုပေးအပ်ရန် အဆိုပြုလွှာကို ဝိုင်းဝန်းလက်မှတ် ရေးထိုးကြကြောင်း နယူးယောက်တိုင်း သတင်းစာက ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်တွင် သတင်းပို့ခဲ့သည်။

၂၀၁၀ စက်တင်ဘာ အတွင်းတွင်ပင် ချက်သမ္မတဟောင်း ဗားကလပ် ဟေဗယ် အပါအဝင် ချက်ကိုစလိုဗက်ကီးယား နိုင်ငံ သက္ကလတ်တော်လှန်ရေးတွင် ဦးဆောင်ဦးရွက် ပြုခဲ့သော ပုဂ္ဂိုလ် ၃ ဦးတို့က လျူအား နိုဘယ်ဆု ပေးအပ်ရန် ထိုက်တန်ကြောင်း အင်တာနေရှင်နယ် ဟီရဲ ထရီဗြွန်း သတင်းစာသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ဝိုင်းဝန်းတောင်းဆိုမှုမှာ ခဏအကြာတွင် ပျံ့နှံ့သွားခဲ့သည်။

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Freeland၊ Chrystia (July 13, 2017)။ "Statement by Minister of Foreign Affairs following death of Liu Xiaobo" (သတင်းထုတ်ပြန်ချက်)။ Global Affairs Canada။
  2. "刘晓波因涉嫌煽动颠覆国家政权罪被依法逮捕 Archived 30 June 2009 at the Wayback Machine." (Liu Xiaobo Formally Arrested on 'Suspicion of Inciting Subversion of State Power' Charges), China Review News, 24 June 2009.
  3. နိုဘယ် ငြိမ်းချမ်းရေးဆု လျူရှောင်ဘိုရရှိ (BBC)