လဲပင်သည် လက်ပံပင်ကဲ့သို့ ဗုံဗာကစီအီးမျိုးရင်း(Bombacaceae; APG IV တွင် Malvaceae ပါဝင်သည်)တွင်ပါဝင်၍
ယင်း၏ ရုက္ခဗေဒအမည်မှာ ဆိုင်ဗာပင်တန်ဒရာ(Ceiba pentandra)ဖြစ်သည်။ လဲပင်ကို
သဘောလက်ပံ သို့မဟုတ် မှို့ပင်ဟုလည်းခေါ်သည်။ လဲပင်၏ မူလပေါက်
ရောက်ရာဒေသမှာ အနောက်အိန္ဒိယကျွန်းစုများနှင့် အမေရိကတိုက်အပူပိုင်း
ဒေသများဖြစ်သည်။ ထိုဒေသများမှ အခြားတိုင်းပြည်များကို တစ်ဆင့်ယူ
ဆောင်စိုက်ပျိုးကြရာ ယခုအခါ ဂျားဗားကျွန်းတွင် အများဆုံးစိုက်ပျိုးကြ
သည်။ ဖိလိပိုင်ကျွန်း၊ မလ္လယု ကျွန်းဆွယ်နှင့် သီဟိုဠ်ကျွန်း တို့တွင်လည်း
စိုက်ပျိုးကြသည်။ သို့သော် ဂျားဗားကျွန်းလေက် အမြောက်အမြား မစိုက်
ပျိုးကြချေ။ ပေ ၃ဝ မှ ၄ဝ အထိမြင့်၍ ပင်စည်လုံးပတ်မှာ နှစ်ပေမှ သုံး
ပေအထိရှိသည်။ ထိုအပင်ကို အောက်မြန်မာနိုင်ငံ၌လည်း စိုက်ပျိုးလေ့
ရှိသည်။
လဲပင်၏ အစေ့များရှိသော သီးတောင့်ထဲ၌ အလွန်အသုံးဝင်သည့်
လဲများပါရှိသည်။ သီးတောင့်များရင့်သောအခါ ဆွတ်ခူး၍ အစေ့များနှင့်
တကွ လဲများကို ထုတ်ယူပြီးလျှင် နေတွင်အခြောက်လှန်းထားရသည်။ ထို့
နောက် တောင်းများတွင်ထည့်၍ အစေ့နှင့်လဲ ကွဲသွားအောင် တုတ်ကန့်
လန့်ဖြင့် မွှေပေးရသည်။ မွှေဖန်များသောအခါ လေးသောအစေ့များသည်
တောင်းအောက်သို့ ကျဆင်းသွားပြီးလျှင် လဲများအပေါ်တွင် ရှိနေတော့၏။
ရရှိသောလဲများကို အထုပ်ကြီးများပြုလုပ်၍ လဲအများဆုံးအသုံးပြုရာ အမေရိ
ကန်ပြည်ထောင်စုသို့ တင်ပို့ကြသည်။ ကမ္ဘာပေါ်တွင် လဲအများဆုံးထွက်
သော ဒေသများမှာ ဂျားဗားကျွန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်။
လဲနှင့် ဝါဂွမ်းကွာခြားသော အချက်တစ်ချက်မှာ လဲသည်ပိုးကဲ့သို့ နူးညံ့
သောကြောင့် ဝါကဲ့သို့ အထည်များရက်လုပ်ရန်အတွက် ချည်မျှင်ငင်၍
မရပေ။
လဲသည် အလွန်ရုန်းကန်တတ်သော သတ္တိရှိခြင်း၊ ရေတွင် မမြုပ်
နိုင်သည့် ဖော့ဂုဏ်ရှိခြင်းနှင့် ရေအလွယ်တကူ မစိုစွတ်နိုင်ခြင်းတို့ကြောင့်
အထည်များရက်လုပ်ရန် အသုံးမဝင်သော်လည်း မွေ့ရာ၊ ခေါင်းအုံးများ ချုပ်
လုပ်ရာ၌လည်းကောင်း၊ သဘေ‡ာများတွင် အသုံးပြုသည့် အသက်ကယ်ခါး
ပတ်၊ အသက်ကယ်အင်္ကျီများ ပြုလုပ်ရာ၌လည်းကောင်း အသုံးပြုကြသည်။
လေသူရဲများ၏အင်္ကျီတွင် အအေးလုံစေရန်လည်း လဲကိုထည့်၍ အသုံးပြုကြ
သည်။ လဲဖြင့်ပြုလုပ်သော ပစ္စည်းများတွင် ပိုးမွှားများ ခိုအောင်းပေါက်ပွား
နိုင်ခြင်း မရှိသည့်အပြင် လဲဖြင့်ပြုလုပ်သည့် ကလေးကစားစရာ အရုပ်များ
ကို မည်မျှပင် ည|စ်ပစ်လိုက်စေကာမူ ပုံပျက်မသွားဘဲ နဂိုအတိုင်း ပြန်ရှိနေ
စေလေသည်။ လဲစေ့မှရသောဆီကို ဆပ်ပြာချက်ရာ၌လည်းကောင်း၊ အစား
အသောက် ချက်ပြုတ်ရာ၌လည်းကောင်း အသုံးပြုကြသည်။
လဲပင်မှရသည့်အစေးသည် ဆေးဖက်ဝင်၏။ သစ်သားသည် ဖြူ
ယောင်ယောင်ရှိ၍ အလွန်ပေါ့ပြီးလျှင် ပျော့သဖြင့် မခိုင်ခံ့ချေ။ လောင်းလှေ
များ၊ မီးခြစ်များ ပြုလုပ်ရာ၌ အသုံးကျသည်။ [၁]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)