လေးလုံးပြည့်ဂြိုဟ်အကြောင်း သံချို

ဝီကီပီးဒီးယား မှ

လေးလုံးပြည့်ဂြိုဟ်အကြောင်း သံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

လေးလုံးပြည့်ဂြိုဟ်အကြောင်း သံချို[ပြင်ဆင်ရန်]

တဆဲ့နှစ်ခွင်စက်မာသ၊ ပါပစနေကြယ်နှင့်၊ သွေမဖယ်ဂြိုဟ်ဂုရုငယ်တို့၊ ဓနုရာသီနန်းမှာလ၊ ပြည့်စန်းပေါ် လဂ်မှာစီးပါလို့၊ ကြီးဒုက္ခတွေ့မယ့်ပုံ။

နောက်လာရန် သောကြာပူးရယ်နှင့်၊ တဦးဂြိုဟ်အင်္ဂါတို့၊ ခိုဝင်ကာ ဟိုမှာတွေ့ရှာကြ၊ ခိုးသားခိုးသူတို့၊ ကျင့်မဖြူအမူပျက်၊ ကိန်းပြချက်နိမိတ်ဆုံ၊ တိတ်လာပုံထွေဆန်း။

မြတ်ကျမ်းဂန်ညီမညီတော့၊ လူ့လောကီတွင်ဝစနံမို့၊ နသစ္စံဖြစ်တန်ကောင်းပါငဲ့၊ ကျမ်ဟောင်းဘာဂီအဆိုက၊ ခါမပိုပြာသိုနှင်းခဲ့လျှင်၊ ဂြိုဟ်ချင်းဂြိုဟ်ယှဉ်ပြိုင်လို့၊ လေးလုံးဆိုင် ဂြိုဟ်ဂုရုငယ်တို့၊ ဓနုရာသီနန်းမှာလ၊ ပြည့်စန်းတွင်ပေါ်မှာကြိမ်လို့၊ ပြက္ခဒိန်အမြင်နှင့် ညှိလိုက်တော့၊ သတ္တဝါတွေမှာ၊ ကပ်မသမာနှင့် ငြိပါလိမ့်၊ လောကိအညွှန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။