လောကနတ်-၁
| မက်ရှင်အမျိုးအစား | မြေပြင်လေ့လာရေး |
|---|---|
| အော်ပရေတာ | |
| COSPAR အိုင်ဒီ | 1998-067SJ |
| အာကာသယာဉ် ဂုဏ်သတ္တိများ | |
| ဂြိုလ်တုဘပ်စ် | Cygnus NG-15 |
| ထုတ်လုပ်သူ | |
| ပစ်လွှတ် ထုထည် | ၅၀ ကီလိုဂရမ် (၁၁၀ ပေါင်) |
| မက်ရှင် စတင်ခြင်း | |
| ပစ်လွှတ်နေ့ | ၂၀ ဖေဖော်ဝါရီ ၂၀၂၁ |
| ဒုံးပျံ | |
| ပစ်လွှတ်နေရာ | |
| မှ ဖွဲ့စည်းသည် | ISS |
| ဖွဲ့စည်းရက် | မတ် ၂၂၊ ၂၀၂၁ |
| မက်ရှင် ပြီးဆုံး | |
| ကြန့်ကြာရက် | ၄ ဧပြီ ၂၀၂၃ |
| ပတ်လမ်း ပါရာမီတာများ | |
| နိမ့်ဆင်းမှု | 51.6° |
လောကနတ်-၁ (MMSATS-1 ဟုလည်း ခေါ်)[၁] သည် ၅၀ ကီလိုဂရမ် အလေးချိန်ရှိပြီး ၅၀ × ၅၀ × ၅၀ စင်တီမီတာ အရွယ်အစားရှိသည့် မြေပြင်လေ့လာရေး ဂြိုဟ်တု နှင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဂြိုဟ်တုဖြစ်သည်။
အမျိုးအစားနှင့်တည်ဆောက်သူ
[ပြင်ဆင်ရန်]အနိမ့်ပျံအသေးစားဂြိုဟ်တု အမျိုးအစား ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် တို့ ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
လွှင့်တင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ၎င်းအား အမေရိကန် ကုန်တင်အာကာသယာဉ် Cygnus NG-15 မှတဆင့် နိုင်ငံတကာ အာကာသ စခန်း (ISS) သို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့သောကြောင့် ဂျပန်အာကာသ အေဂျင်စီ JAXA နှင့် ဟော့ကိုင်းဒိုးတက္ကသိုလ်တို့သည် ဂြိုဟ်တုကို ပတ်လမ်းတွင်းမပို့ဆောင်သေးဘဲ ISS တွင် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။[၂] ဂြိုဟ်တုကို သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး နှင့် ဓာတ်သတ္တု ရှာဖွေရေး အတွက်သာမက သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေး အတွက် အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဂြိုဟ်တုကို အသုံးပြုနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက စိုးရိမ်နေကြသည်။ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဂြိုဟ်တုကို အာကာသပတ်လမ်းထဲသို့ ပို့ဆောင်ခဲ့သည်။[၃][၄][၅] ဟော့ကိုင်းဒိုးတက္ကသိုလ်၏ အဆိုအရ မြန်မာနိုင်ငံတွင် လိုအပ်သော စက်ကိရိယာများ မရှိသေးသောကြောင့် ၎င်းကို ကနဦးတွင် ဂျပန်နိုင်ငံမှသာ လည်ပတ်မည်ဖြစ်သည်။[၆][၇]
ပရောဂျက်၏ နောက်ထပ်အစိတ်အပိုင်းအနေဖြင့် အရွယ်အစားတူညီသော အခြားဂြိုဟ်တုကို တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လွှတ်တင်ရန် စီစဉ်ထားသည်။[၈] ဂျပန်နိုင်ငံရှိ မြန်မာ့လေကြောင်းဆိုင်ရာ အင်ဂျင်နီယာကျောင်းသားများကို လေ့ကျင့်သင်ကြားခြင်းနှင့် ဂြိုဟ်တုလွှတ်တင်ခြင်း အပါအဝင်ပရောဂျက်တစ်ခုလုံး၏ ကုန်ကျစရိတ်မှာ ဂျပန်ယန်း သန်း ၁၆၈၀ ဖြစ်သည်။[၉]
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် ၎င်း၏ကိုယ်ပိုင် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးကူညီမှုများကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။[၈]
ဂြိုဟ်တုသည် ကမ္ဘာ့လေထုတွင်းသို့ ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာပိုင် အသေးစားဂြိုဟ်တု MMSATS-1 “လောကနတ်-၁” တည်ဆောက်ပြီးစီး။ DVB (၂၂ အောက်တိုဘာ ၂၀၂၀)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s first satellite being held in space station by Japan after coup (in en) (12 မတ် 2021)။ ၂၀ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ Myanmars erster Satellit bleibt zunächst in der ISS။ Deutsche Welle (2021-03-19)။ 2021-03-25 တွင် ပြန်စစ်ပြီး။
- ↑ Exclusive: Myanmar's first satellite held by Japan on space station after coup။ Reuters (2021-03-12)။ 2021-03-13 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ JAXA (23 March 2021)။ 21 July 2022 တွင် ပြန်စစ်ပြီး။
- ↑ »Lawkanat-1« : Japan setzt umstrittenen Satelliten für Myanmar im All aus။ Spiegel Online (2021-03-23)။ 2021-03-24 တွင် ပြန်စစ်ပြီး။
- ↑ Statement: About the release of the first Myanmar micro-satellite from international space station (PDF; 2 MB)။ ဟော့ကိုင်းဒိုးတက္ကသိုလ် (2021-03-22)။ 2021-03-25 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- 1 2 Myanmar To Build Two Earth Observation Satellites With Japanese Assistance။ Spacewatch Global (2020-05)။ 2021-03-13 တွင် ပြန်စစ်ပြီး။
- ↑ "မြန်မာပိုင် အသေးစားဂြိုဟ်တု MMSATS-1 “လောကနတ်-၁” တည်ဆောက်ပြီးစီး" (in en)၊ burmese.dvb.no၊ ၂၂ အောက်တိုဘာ ၂၀၂၀။
- ↑ MMSATS-1။ N2YO.com (4 April 2023)။ 11 April 2023 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Gunter's Space Page ရှိ Lawkanat 1၊ 2