လောကနတ်-၁
မက်ရှင်အမျိုးအစား | မြေပြင်လေ့လာရေး |
---|---|
အော်ပရေတာ | မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် |
COSPAR အိုင်ဒီ | 1998-067SJ |
အာကာသယာဉ် ဂုဏ်သတ္တိများ | |
ဂြိုလ်တုဘပ်စ် | Cygnus NG-15 |
ထုတ်လုပ်သူ | ဟော့ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် |
ပစ်လွှတ် ထုထည် | ၅၀ ကီလိုဂရမ် (၁၁၀ ပေါင်) |
မက်ရှင် စတင်ခြင်း | |
ပစ်လွှတ်နေ့ | ၂၀ ဖေဖော်ဝါရီ ၂၀၂၁ |
ဒုံးပျံ | Antares 230 |
ပစ်လွှတ်နေရာ | MARS LP0A |
မှ ဖွဲ့စည်းသည် | ISS |
ဖွဲ့စည်းရက် | မတ် ၂၂၊ ၂၀၂၁[၁] |
မက်ရှင် ပြီးဆုံး | |
ကြန့်ကြာရက် | ၄ ဧပြီ ၂၀၂၃ |
ပတ်လမ်း ပါရာမီတာများ | |
နိမ့်ဆင်းမှု | 51.6° |
လောကနတ်-၁ (MMSATS-1 ဟုလည်း ခေါ်) သည် ၅၀ ကီလိုဂရမ် အလေးချိန်ရှိပြီး ၅၀ × ၅၀ × ၅၀ စင်တီမီတာ အရွယ်အစားရှိသော မြေပြင်လေ့လာရေး ဂြိုဟ်တု နှင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဂြိုဟ်တုဖြစ်ကာ အနိမ့်ပျံအသေးစားဂြိုဟ်တု အမျိုးအစား ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် တို့ ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ၎င်းအား အမေရိကန် ကုန်တင်အာကာသယာဉ် Cygnus NG-15 မှတဆင့် နိုင်ငံတကာ အာကာသ စခန်း (ISS) သို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့သောကြောင့် ဂျပန်အာကာသ အေဂျင်စီ JAXA နှင့် ဟော့ကိုင်းဒိုးတက္ကသိုလ်တို့သည် ဂြိုဟ်တုကို ပတ်လမ်းတွင်းမပို့ဆောင်သေးဘဲ ISS တွင် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။[၂] ဂြိုဟ်တုကို သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး နှင့် ဓာတ်သတ္တု ရှာဖွေရေး အတွက်သာမက သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေး အတွက် အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဂြိုဟ်တုကို အသုံးပြုနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက စိုးရိမ်နေကြသည်။ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဂြိုဟ်တုကို အာကာသပတ်လမ်းထဲသို့ ပို့ဆောင်ခဲ့သည်။[၃][၄][၁] ဟော့ကိုင်းဒိုးတက္ကသိုလ်၏ အဆိုအရ မြန်မာနိုင်ငံတွင် လိုအပ်သော စက်ကိရိယာများ မရှိသေးသောကြောင့် ၎င်းကို ကနဦးတွင် ဂျပန်နိုင်ငံမှသာ လည်ပတ်မည်ဖြစ်သည်။[၅][၆]
ပရောဂျက်၏ နောက်ထပ်အစိတ်အပိုင်းအနေဖြင့် အရွယ်အစားတူညီသော အခြားဂြိုဟ်တုကို တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လွှတ်တင်ရန် စီစဉ်ထားသည်။[၇] ဂျပန်နိုင်ငံရှိ မြန်မာ့လေကြောင်းဆိုင်ရာ အင်ဂျင်နီယာကျောင်းသားများကို လေ့ကျင့်သင်ကြားခြင်းနှင့် ဂြိုဟ်တုလွှတ်တင်ခြင်း အပါအဝင်ပရောဂျက်တစ်ခုလုံး၏ ကုန်ကျစရိတ်မှာ ဂျပန်ယန်း သန်း ၁၆၈၀ ဖြစ်သည်။[၈]
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် ၎င်း၏ကိုယ်ပိုင် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးကူညီမှုများကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။[၇]
ဂြိုဟ်တုသည် ကမ္ဘာ့လေထုတွင်းသို့ ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ You must specify title = and url = when using {{cite web}}. (in ja)။ JAXA (23 March 2021)။ 21 July 2022 တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s first satellite being held in space station by Japan after coup (in en) (12 မတ် 2021)။ ၂၀ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Myanmars erster Satellit bleibt zunächst in der ISS။ Deutsche Welle (2021-03-19)။ 2021-03-25 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ Exclusive: Myanmar's first satellite held by Japan on space station after coup။ Reuters (2021-03-12)။ 2021-03-13 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ »Lawkanat-1« : Japan setzt umstrittenen Satelliten für Myanmar im All aus။ Spiegel Online (2021-03-23)။ 2021-03-24 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ Statement: About the release of the first Myanmar micro-satellite from international space station (PDF; 2 MB)။ ဟော့ကိုင်းဒိုးတက္ကသိုလ် (2021-03-22)။ 2021-03-25 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ၇.၀ ၇.၁ ၇.၂ Myanmar To Build Two Earth Observation Satellites With Japanese Assistance။ Spacewatch Global (2020-05)။ 2021-03-13 တွင် ပြန်စစ်ပြီး။
- ↑ "မြန်မာပိုင် အသေးစားဂြိုဟ်တု MMSATS-1 “လောကနတ်-၁” တည်ဆောက်ပြီးစီး" (in en)၊ burmese.dvb.no၊ ၂၂ အောက်တိုဘာ ၂၀၂၀။
- ↑ MMSATS-1။ N2YO.com (4 April 2023)။ 11 April 2023 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Gunter's Space Page ရှိ Lawkanat 1၊ 2