လူးဝစ် ဒီ ကမိုးရှပ်

ဝီကီပီးဒီးယား မှ

လူးဝစ် ဗတ်စ် ဒီ ကမိုးရှပ်( ၁၅၂၄ သို့မဟုတ် ၁၅၂၅ – ၁၅၈၀ ဇွန် ၁၀) သည် ပေါ်တူဂီနိုင်ငံ နှင့် ပေါ်တူဂီဘာသာစကား၏ အကြီးကျယ်ဆုံး ကဗျာဆရာ အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ သူ၏ စာစီကုံးရေးဖွဲ့ခြင်းအား ဆရာအဆင့် ပိုင်နိုင်ပုံသည် ရှိတ်စပီးယား ၊ ဗွန်ဒဲလ် ၊ ဟိုးမားဗာဂျီ နှင့် ဒန်တီ တို့နှင့် နှိုင်းယှဉ်နိုင်သည်။ သူသည် စာသား ကဗျာနှင့် ဒရာမာများစွာကို ရေးသားခဲ့သော်လည်း သူ၏ ဂန္ထဝင်လက်ရာ ဖြစ်သော "လူးဆီးယက်" အတွက် အကောင်းဆုံး သတိရစရာ ဖြစ်စေခဲ့သည်။ လူးဝစ် ဒီ ကမိုးရှပ် ၏ ပါနာဆမ် ကဗျာပေါင်းချုပ်သည် သူ အသက်ရှင် နေထိုင်စဉ် အတွင်း ပျောက်ဆုံးသွားခဲ့သည်။ သူ၏ ပြောင်မြောက်သော လက်ရာ ဖြစ်သော လူးစီယက်၏ လွှမ်းမိုးမှု သည် အလွန်နက်ရှိုင်းသဖြင့် ပေါ်တူဂီ ဘာသာစကားကို တစ်ခါတစ်ရံတွင် ကမိုးရှပ်၏ ဘာသာစကားဟုခေါ်သည်။