လည်ပင်းနီမြွေ
| လည်ပင်းနီမြွေ | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Reptilia |
| မျိုးစဉ်: | Squamata |
| မျိုးစဉ်သေး: | Serpentes |
| မျိုးရင်း: | Colubridae |
| မျိုးရင်းသေး: | Natricinae |
| မျိုးစု: | Rhabdophis |
| မျိုးစိတ်: | R. helleri |
| ဒွိနာမ | |
| Rhabdophis helleri (Schmidt, 1925) | |
လည်ပင်းနီမြွေ (သိပ္ပံအမည် Rhabdophis helleri') သည် မျိုးရင်းခွဲ Colubridae မျိုးရင်းတွင် Natricinae အုပ်စုဝင် ဖြစ်ပြီး "keelback" မြွေမျိုးစိတ်တစ်ခုဖြစ်သည်။ အရှေ့တောင်အာရှမျိုးရင်း ဖြစ်သည်။[၁] အရွယ်အစားမှာ အလျား ၆၀-၈၀ စင်တီမီတာ (အများဆုံး ၁.၃ မီတာ) အထိ ရှိနိုင်သည်။
အဆိပ်နှင့် အန္တရာယ်
[ပြင်ဆင်ရန်]အဆိပ်ပြင်းသော မြွေမျိုးစိတ်ဖြစ်ပြီး နောက်မေးရိုးတွင် အစွယ်ပါသည်။ အဆိပ်ကို ကိုက်ခံရပါက ထိုးသွင်းရန် အချိန်အနည်းငယ် လိုအပ်သည်။ အဆိပ်သည် သွေးခဲမှုကို ပျက်စီးစေပြီး (coagulopathy)၊ နာကျင်မှု၊ ရောင်ရမ်းခြင်း၊ သွေးယိုခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်စေနိုင်သော်လည်း လူသေဆုံးမှု မှတ်တမ်းမရှိသေးပေ။[၁]
သွင်ပြင်လက္ခဏာများ
[ပြင်ဆင်ရန်]လည်ပင်းတွင် အနီရောင်အစင်းပါပြီး ကိုယ်ထည်မှာ သံချေးရောင် (olive-green) နှင့် အနက်စက်များ ရှိသည်။ ခြိမ်းခြောက်ခံရပါက လည်ပင်းကိုပြားဝပ်စေ၍ "S" ပုံစံကဲ့သို့ ခန္ဓာကိုယ်ကိုမြှင့်တင်ကာ အသံပြင်းပြင်းမြည်စေသည်။ လည်ပင်းရှိ Nuchal Glands မှ အဆိပ်ရည်ကို ထုတ်လွှတ်နိုင်သည်။
ကျက်စားရာဒေသနှင့် တွေ့ရှိရသည့်နိုင်ငံများ
[ပြင်ဆင်ရန်]လည်ပင်းနီမြွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တို့တွင် တွေ့ရှိရသည်။[၁] စိုစွတ်သော သစ်တောများ၊ ရေကန်နှင့် စမ်းချောင်းအနီး၊ တောင်ကုန်းများတွင် တွေ့ရလေ့ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 Rhabdophis helleri at the Reptarium.cz Reptile Database. Accessed 23 December 2018.
| ဤ မြွေ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |