လက်ဖက်စိမ်းရည်

ဝီကီပီးဒီးယား မှ
လက်ဖက်စိမ်း
Green tea
The appearance of green tea in three different stages (from left to right): the infused leaves, the dry leaves, and the liquid.
အမျိုးအစားလက်ဖက်
မူရင်းထုတ်လုပ်သည့်နိုင်ငံတရုတ်
အရောင်အဆင်းအစိမ်း
ပါဝင်ပစ္စည်းလက်ဖက်ရွက်
ဆက်စပ်ထုတ်ကုန်လက်ဖက်
လက်ဖက်စိမ်းရည်
ရိုးရာ တရုတ်綠茶
ရိုးရှင်းသော တရုတ်绿茶
ဆိုလိုရင်းGreen tea

လက်ဖက်စိမ်း (သို့) လက်ဖက်စိမ်းရည် (အင်္ဂလိပ်: Green tea) သည် လက်ဖက်ရွက် (Camellia sinensis) မှ ပြုလုပ်ထားသော အရည် (လက်ဖက်ရည်ကြမ်း) တစ်မျိုးဖြစ်၍ အခြောက်ခံ၊ ဓာတ်တိုးမှုမရှိသေးသော လက်ဖက်ရွက်စိမ်းမှ ပြုလုပ်ကြသည်။ အခြောက်ခံ၍ ဓာတ်တိုးမှုရှိထားပြီးသော လက်ဖက်များကို အချိုခြောက်ရည်အူးလုံလက်ဖက်ရည်များကို ပြုလုပ်ရာတွင် အသုံးပြုကြသည်။[၁] လက်ဖက်စိမ်းရည်သည် တရုတ်ပြည်တွင် စတင်ပေါ်ပေါက်ခဲ့၍ လက်ဖက်စိမ်း(ရည်)ထုတ်လုပ်ခြင်းများသည် အရှေ့အာရှတလွှားသို့ ပြန့်နှံ့ရောက်ရှိခဲ့ကြပြီဖြစ်သည်။

လက်ဖက်စိမ်းပုံစံအချို့ရှိရာ အများအားဖြင့် C. sinensis မျိုးကွဲများကို အသုံးပြုကြပြီး စိုက်ပျိုး/ပေါက်ရောက်မှု အခြေအနေ၊ စိုက်ပျိုးနည်းစနစ်၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်၊ ခူးဆွတ်ရာကာလ တို့အပေါ်မူတည်၍ ကွဲပြားကြလေသည်။ လက်ဖက်စိမ်းကို တရုတ်၊ ဂျပန်တို့တွင် ဆေးကုသမှုအသုံးအဖြစ် နှစ်ထောင်ချီ၍ သုံးစွဲလာခဲ့ကြသည်။ လက်ဖက်စိမ်းသောက်သုံးမှုနှင့်ပတ်သက်၍ ကျန်းမာရေးအကျိုးသက်ရောက်မှုမျကို လေ့လာထားသည့် သုတေသနများစွာရှိသော်လည်း လက်ဖက်စိမ်းသည် ကိုယ်ခန္ဓာအလေးချိန်ကျဆင်းရန်အတွက် အကူအညီများစွာမပေးနိုင်ဟု ဆိုထားသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Tea and health: studies in humans" (2013). Current Pharmaceutical Design 19 (34): 6141–7. doi:10.2174/1381612811319340008. PMID 23448443. 
  2. Green tea။ National Center for Complementary and Integrative Health, US National Institutes of Health (September 2016)။ 12 August 2018 တွင် ပြန်စစ်ပြီး။ “Green tea extracts haven't been shown to produce a meaningful weight loss in overweight or obese adults. They also haven't been shown to help people maintain a weight loss.”