လက်တင်ဘာသာစကား
လက်တင်ဘာသာစကား (Latin:lingua latīna, IPA: [ˈlɪŋɡʷa laˈtiːna])သည် အင်ဒို-ယူရိုပီယန် ဘာသာစကားများ၏ အီတာလစ်ဘာသာစကားခွဲတွင် ပါဝင်သော ရှေးရိုးဘာသာစကားတစ်ခုဖြစ်သည်။ လက်တင်အက္ခရာသည် အီထရပ်စကန်နှင့် ဂရိအက္ခရာတို့မှ ဆင်းသက်လာသည်။ လက်တင်ဘာသာစကားကို ကနဦးပြောခဲ့ကြသူများမှာ အီတလီနိုင်ငံ၊ လေရှီယမ်ဒေသ မှ ဖြစ်ကြသည်။[၁]
လက်တင်ဘာသာစကားကို ရောမခေတ်က လက်တီယူမ် "Latium" အမည်ဖြင့်ပြောဆိုခဲ့ကြသည်။ အင်္ဂလိပ်စကားလုံးအချို့တို့သည် လက်တင်ဘာသာမှမွေးယူထားသောစကားလုံများပင်ဖြစ်ကြသည်။ ဗာတီကန်စီးတီး၏ ဘာသာစကားသည်လည်း လက်တင်ဘာသာပင်ဖြစ်သည်။
ယခုအခါတွင် လက်တင်ဘာသာစကားကို ပြောဆိုခြင်းမရှိကြသော်လည်း တက္ကသိုလ်၊ အဖွဲ့အစည်းများ၏ ဆောင်ပုဒ်များတွင် တွေ့ရပါသေးသည်။ ဂျာမဏီနိုင်ငံတွင်လည်း ဘရီးမန်းရေဒီယိုမှ လက်တင်ဘာသာဆိုင်ရာသိမှတ်ဖွယ်တို့ကို ဖြန့်ချိခဲ့ပါသည်။[၂]
လက်တင်ဘာသာဖြင့်သာရေးသားထားသော လက်တင်ဝီကီပီးဒီးယား (Vicipaedia Latina) ဟူ၍ရှိရာ ဆောင်းပါးပေါင်း ၁၃၄,၀၀၀ ကျော်ရှိပါသည်။[၃]
အက္ခရာများ[ပြင်ဆင်ရန်]
လက်တင်ဘာသာစကား၏ အက္ခရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
Aa,Bb,Cc,Dd,Ee,Ff,Gg,Hh,Ii,Kk,Ll,Mm,Nn,Oo,Pp,Qq,Rr,Ss,Tt,Vv (Uu),Xx,Yy,Zz
ယင်းတို့ကို အောက်ပါအတိုင်းဖတ်ရသည်။
a - အာ
b - ဘယ်
c - ခယ်
d - ဒယ်
e - အယ်
f - အက်ဖ်
g - ဂယ်
h - ဟာ
i - အီ
k - ခါ
l - အလ်
m - အမ်
n - အန်
o - အို
p - ပယ်
q - ခူ
r - "error" စကားလုံးမှ "err" (ရကောက်လျှာလိပ်သံဖြင့်)
s - အက်စ်
t - တယ်
v - အူ
x - အစ်ခ်စ်
y - အီဂရိုင်းခါ (ဂရိ "I" ဟုအဓိပ္ပာယ်ရသည်)
z - ဇယ်ထာ
အသံထွက်ပုံ[ပြင်ဆင်ရန်]
လက်တင်ဘာသာစကား၏ အသံထွက်ပုံသည် အင်္ဂလိပ်ဘာသာစကားအသံထွက်နှင့် အနည်းငယ်ကွဲပြားခြားနားသည်။
ဗျည်းများ[ပြင်ဆင်ရန်]
b သည် "ဘ" အသံ
c သည် "ခ" အသံ
d သည် "ဒ" အသံ
f သည် အင်္ဂလိပ်နှင့်အတူ
g သည် "ဂ" အသံ
h သည် အင်္ဂလိပ်နှင့်အတူ
i သည် ဗျည်းနှင့်သရနှစ်မျိုးရှိကာ ဗျည်းသံကို "ယ" အသံဖြင့်ထွက်သည်။ "J" ဟူ၍လည်း ရေး၍ရသည်။
k သည် "ခ" အသံ
l သည် "လ" အသံ
m သည် "မ" အသံ
n သည် "န" အသံ
p သည် "ပ" အသံ
q ၏အနောက်တွင် "u" လိုက်သည်။ သို့ဖြစ်ရာ "qu" သည် အင်္ဂလိပ်နှင့်ဆင်တူသည်။
r သည် ရကောက်လျှာလိပ်သံဖြင့် ထွက်သည်။
s သည် "စ" အသံ
t သည် "တ" အသံ
v သည်လည်း ဗျည်းနှင်သရကွဲပြန်သည်။ သရဟုကွဲပြားစေရန် "u" ဟု ယခုခေတ်စာအုပ်များတွင်ရေးသားကြသည်။ ဗျည်း "v" ကို "ဝ" အသံဖြင့်ထွက်သည်။
x သည် အင်္ဂလိပ်စကားလုံး "extract" မှ "x" အသံ
z သည် အင်္ဂလိပ်စကားလုံး "adze" မှ "dz" အသံ
သရများ[ပြင်ဆင်ရန်]
a သည် "အ"
ā သည် "အာ"
i သည် "အစ်"
ī သည် "ဤ"
"o" သည် "အော့"
"ō" သည် "အို/အိုး"
"u/v" သည် "ဥ"
"ū/v̄' သည် "ဦ"
e သည် "အက်"
ē သည် "ဧ"
y သည် "အျူ"
ȳ သည် "အျူး"
"y" ကိုမူဂရိစကားလုံးတွင်သာတွေ့ရသည်။
သရတွဲများ[ပြင်ဆင်ရန်]
"ae (æ)" သည် "အိုင်း"
"oe (œ)" သည် "အွိုင်း"
"eu" သည် "အေယူ" အသံကို မြန်မြန်ထွက်သည်။
"au" သည် အင်္ဂလိပ်စကားလုံး "out" မှ "ou"
"ei" သည် "အေး"
"ui" သည် အင်္ဂလိပ်စကားလုံး "quick" မှ "ui"
ဗျည်းတွဲများ[ပြင်ဆင်ရန်]
"ch" သည် "ခ" သံပြင်းပြင်း
"th" သည် "ထ" အသံ
"ph" သည် "ဖ" အသံ
နမူနာစကားလုံးများ[ပြင်ဆင်ရန်]
Amīcus- အမိကုစ် (သူငယ်ချင်း)၊ Iūdex - ယူဒက်(စ်) (တရားသူကြီး)၊ Vēnālīcius- ဝေနာလီခစ်အု(စ်) (ကျွန်ရောင်းသူ)၊ Poēta- ပေါ့အေတ (ကဗျာဆရာ)၊ Leō- လက်အို (ခြင်္သေ့)၊ Vīllae - ဝီလိုင်း (အိမ်များ)၊ Īrātus- အီရာတု(စ်) (စိတ်ဆိုးသည်)
ကိုးကား[ပြင်ဆင်ရန်]
- ↑ Sandys၊ John Edwin (1910)။ A companion to Latin studies။ Chicago: University of Chicago Press။ pp. 811–812။
- ↑ "Latein: Nuntii Latini mensis lunii 2010: Lateinischer Monats rückblick" (in Latin). Radio Bremen. Archived from the original on 18 June 2010. Retrieved 16 July 2010
- ↑ Gomes, Lee (September 29, 2007). "Veni, Vidi, Wiki: Latin Isn't Dead on 'Vicipaedia' – Online Reference Features Britannia Spears, Disneyi; Disputing Computatrum". The Wall Street Journal. Retrieved September 30, 2011.
- Benjamin L. D'ooge - Latin for beginners
![]() | ဤ ဘာသာစကားနှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |