မာတိကာသို့ ခုန်သွားရန်

မူလသက်ရှိ

ဝီကီပီးဒီးယား မှ
(ရှေးဦးသက်ရှိ မှ ပြန်ညွှန်းထားသည်)

‌မူလသက်ရှိ သို့မဟုတ် ပရိုတိစ်တ်(အင်္ဂလိပ်: Protist)သည် သတ္တဝါလည်း မဟုတ်၊ အပင်လည်း မဟုတ်၊ မှိုလည်း မဟုတ်သော နျူကလိယပါ သက်ရှိကို ဆိုလိုသည်။ ပရိုတိစ်တ် မျိုးစိတ်ပေါင်း ၆၀,၀၀၀ ခန့် ရှိသည်။ ၎င်းတို့သည် ယူကာရီယာ နယ်ပယ်အတွင်း အပေါများဆုံး သက်ရှိများ ဖြစ်ကြသည်။ ပရိုတိစ်တာလောကတွင် ဆဲလ်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားသော ပရိုတိစ်တ်များနှင့် အုပ်စုဖွဲ့တည်ရှိသော ပရိုတိစ်တ်များ ပါဝင်သည်။[၁]

လင်းနိယ ဟက်ကဲလ် ချယ်တွန် ကိုဖလန့်ဒ် ဝှီတက်ကာ ဝေါ့ဇ် ကဘလီယာ စမစ်
၁၇၃၅
လောက ၂ခု
၁၈၆၆
လောက ၃ခု
၁၉၂၅
လောက ၂ခု
၁၉၃၈
လောက ၄ခု
၁၉၆၉
လောက ၅ခု
၁၉၇၇
လောက ၆ခု
၁၉၉၀
နယ်ပယ် ၃ခု
၁၉၉၃
လောက ၈ခု
၁၉၉၈
လောက ၆ခု
(မရှိ) မူလသက်ရှိ
(Protista)
နျူကလိယမဲ့ သက်ရှိ
(Prokaryota)
မိုနေရာ
(Monera)
မိုနေရာ
(Monera)
ယူဘက်တီးရီးယား
(Eubacteria)
ဘက်တီးရီးယား
(Bacteria)
ယူဘက်တီးရီးယား
(Eubacteria)
ဘက်တီးရီးယား
(Bacteria)
အာခေဘက်တီးရီးယား
(Archaeabacteria)
အာခေးအာ
(Archaea)
အာခေဘက်တီးရီးယား
(Archaeabacteria)
နျူကလိယပါ သက်ရှိ
(Eukaryota)
မူလသက်ရှိ
(Protista)
မူလသက်ရှိ
(Protista)
မူလသက်ရှိ
(Protista)
နျူကလိယပါ သက်ရှိ
(Eukarya)
အာခေသတ္တဝါ
(Archezoa)
မူလသတ္တဝါ
(Protozoa)
မူလသတ္တဝါ
(Protozoa)
ခရိုမိစ်တာ
(Chromista)
ခရိုမိစ်တာ
(Chromista)
အပင်
(Vegetabilia)
အပင်
(Plantae)
အပင်
(Plantae)
အပင်
(Plantae)
အပင်
(Plantae)
အပင်
(Plantae)
အပင်
(Plantae)
မှို
(Fungi)
မှို
(Fungi)
မှို
(Fungi)
မှို
(Fungi)
သတ္တဝါ
(Animalia)
သတ္တဝါ
(Animalia)
သတ္တဝါ
(Animalia)
သတ္တဝါ
(Animalia)
သတ္တဝါ
(Animalia)
သတ္တဝါ
(Animalia)
သတ္တဝါ
(Animalia)
ပရိုတိစ်တာလောက
မူလသက်ရှိ အချို့
မူလသက်ရှိ အချို့
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
(paraphyletic)
Unrecognized taxon (fix): ယူကာယုတ်
အုပ်စုကြီးများ

Amorphea (including မှိုလောက & သတ္တလောက)
Apusomonadida
Archaeplastida (including land plants)
Breviatea
CRuMs
Cryptista
Discoba
Haptista
Hemimastigophora
Malawimonadida
Metamonada
Provora SAR supergroup
Telonemia

Cladistically included but traditionally excluded taxa

သတ္တလောက
မှိုလောက
Embryophyta (land plants)

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

  1. ‌မူလသက်ရှိများသည် ရေထဲတွင် ရှင်သန်ကြပြီး အချို့မျိုးစိတ်များသည် စိုစွတ်သော နေရာများတွင် ရှင်သန်ကြသည်။ အချို့သည် လူ၏ အစာအိမ်ထဲမှာပင် ရှင်သန်နိုင်ကြသည်။
  2. နျူကလိယနှင့် အခြားအင်္ဂါငယ်များ ပါရှိသည်။
  3. ကြာပွတ်မွှေး၊ ယက်မွှေးနု၊ ခြေတုများဖြင့် ရွေ့လျားကြသည်။
  4. ကျုံ့နိုင်ဆန့်နိုင်သော ဆဲလ်ရေကွက်သည် ပိုလျှံသော ရေကို ဆဲလ်မှ ဖယ်ရှားပေးသည်။
  5. သိမ်ပြတ်ခြင်း၊ အဖူးထွက်ခြင်း၊ အပိုင်းပိုင်းပြတ်ထွက်ခြင်းစသည့် လိင်မဲ့မျိုးပွားခြင်းနည်းများဖြင့် မျိုးပွားကြသည်။
  6. ၎င်းတို့၏ ဝိသေသလက္ခဏာများပေါ် မူတည်၍ ရှေးဦးသက်ရှိများအား အုပ်စု (၃)စု ခွဲခြားထားသည်။
    • အပင်ကဲ့သို့သော မူလသက်ရှိများ
    • သတ္တဝါကဲ့သို့သော မူလသက်ရှိများ
    • မှိုကဲ့သို့သော မူလသက်ရှိများ[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Biology (Grade 10 - Textbook) (The Government of The Republic of The Union of Myanmar; Ministry of Education) (2024 - 2025 Academic Year)