ရှေးတပည့်ရင်း

ဝီကီပီးဒီးယား မှ

ရှေးတပည့်ရင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ရှေးတပည့်ရင်း[ပြင်ဆင်ရန်]

ဘုရားတယ်မာရဇိန်နှင့်၊ ဘွာမယ်အိမ်ချစ်မြတ်နိုးလှတဲ့၊ ကိုဘိုးကာပုတ္တာသားက၊ ပေါက်ဖွားသူလူမောင်ပန်ငဲ့မှာ၊ ကုသလံသူ့ကံထူးသော်ကြောင့်၊ ခံဆူးကိုခံခွံလို့တက်ရှာရ၊ ကြေးလက်ရှိငွေမပါ။

ကြော့မူရူဖော့အူရုပ်ကဲ့သို့၊ တုတ်တုတ်ကယ်၊ မယ်ခိုင်လေးနှင့်၊ နဖူးစာ ကူးကာရေးကြတယ်၊ ရှေးရေစက်ပါ။

အခြားနယ်အရွာရွာသို့၊ နားမချာ သွားကာ ရောက်သော်ကြောင့်၊ စားသောက်ရန် မကုခန်းသည့်ပြင်၊ ဒေါင်းလန်းကို တွယ်ကာလုပ်သော်ကြောင့်၊ မယ်တုတ်ခိုင်ကိုယ်တိုင်ပန်ဘို့၊ ပိုမိုလျှံလိုရန်မတပြီဘု၊ ကြေးငွေက သုံးလေးရာ၊ ကျေးရွာသိသတင်း။

ရွှေတောင်မြေ မောင်ဧရာနှင့်၊ အရာရာရုပ်စုံနွှဲကြတဲ့၊ လက်စွဲကိုင်ဆရာလှက၊ ပညာကိုသင်ကာပြသူမို့၊ ဒါနဟုံ ကျောင်းရေစက်တွင်မှ၊ ငွေလက်ဆောင်ပူဇော်လို့၊ လူကျော်ကိုပဏ္ဏာပေးလာလိမ့်၊ ပန်မောင်မှာကြံဆောင်တဲ့၊ အရေးငယ်ကြောင့်၊ နလံထောင် ကံပြောင်လို့ ဋ္ဌေးလှပေါ့၊ ရှေးတပည့်ရင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မာရဇိန် = မာရဇိန၊ မာန်ငါးပါးကို အောင်သည့်ဘုရား။

၂။ နားမချာ = မနားမနေ။

၃။ ဒေါင်းလန်း = ရှေးခေတ်က ထမင်းထည့်၍ စားသောအရာ။

၄။ နလံထောင် = နလံထူ၊ နလံထ၊ စီးပွားတိုးတက်သည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။