ရှေးကတွက်ထုံး

ဝီကီပီးဒီးယား မှ

ရှေးကတွက်ထုံး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဗေဒင်ဆရာ ဦးပတ်လယ်က အခါရွေးပုံကို ဇောင်ချမ်းပင်ဆရာတော်က မေးသဖြင့် ဖြေကြားသည်။ ဤသည်ကို ဖွဲ့ဆိုထားသည့် အခါပေးသံချို ဖြစ်သည်။

ရှေးကတွက်ထုံး[ပြင်ဆင်ရန်]

လောကဓာတ်တွင်ဖြင့်၊ ပြောမှတ်ဘွယ် မူတင်ဘို့ − ဇမ္ဗူတွင် လူရှင်အပေါင်းတို့၊ ဂူမှင်တန်ဆောင်း ကျောင်းကန်စရပ်ကယ်နှင့်၊ မဏ္ဍပ်သိမ် အိမ်ဂေဟာတို့၊ သေအချာနေရာချဘို့၊ ဗြဟ္မဏော ဆရာတွေ ဟောကာပြပေတဲ့၊ ကောဠာဟလလောကညာဏ်။

နေမြင်အောင်ဗေဒင်အတတ်ကယ်တို့၊ ထူးမြတ်စွာပညာကြွယ်တဲ့၊ ဦးပတ်လယ်ဓာတ်ဘယ်ဟောင်းရယ်က၊ မပြတ်ကျောင်းတွင်ခ, ခိုရမ်းသူရို့၊ ဇောင်ချမ်းပင်ဆရာတော်က၊ နာပျော်ဘွယ် အာဘော်နှင့်မေးတော့၊ အခါပေးပုံ သဘောထိုထိုပေါက်တဲ့အောင်၊ ပြောဆိုလျှောက်ပြန်။

ပြက္ခဒိန်ရက်ချိန် အမှတ်ကယ်နှင့်၊ လက်ထပ်ရန်ဆင်ခြင်ဘို့၊ နက္ခတ်စဉ်ဆိုသရွေ့တို့၊ ထိုနေ့နံဂဟေသွင်းလို့၊ ဆွေရင်းနောင်အောင်ပ ကုလားဖြင့်၊ ပြဿဒါးပါမဟာရက် ကြမ်းစေတော့၊ အခါပျက်လမ်းမရှိမှန်၊ ကဝိညာဏ်တော်သုံး။

ဘယ်ရက်ဘယ်ရာဇာနှင့်၊ ဘယ်အခါဘယ်လိုမြတ်စေတော့၊ နက္ခတ်အလိုအုန်းညိုနှင့် တွေ့လို့၊ ထိုနေ့ပင်ခေမံသို့ ထွက်ရင်ဖြင့်၊ ရန်ခိုက်ပင် ကြဉ်ရှောင်ရမတဲ့၊ အောင်ပကုလားနှင့် ဟပ်မိရင်၊ ဆုလပ်တွေလွန်စွာခံရလိမ့်၊ ဩဘာကြွေးလို့၊ သုမင်္ဂလံဆောစွာမနှေးပ၊ ကျောင်းအိမ်ရာ၎င်းအချိန်အခါ ပေးပါတော့၊ ရှေးကတွက်ထုံး။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။