ရှောခိုခုဂျိ
| ရှောခိုခုဂျိ Shōkoku-ji 相国寺 | |
|---|---|
| အချက်အလက်များ | |
| တည်နေရာ | 701 Shōkokuji Monzen-chō, East of Karasuma and Imadegawa Street, Kamigyō-ku, Kyōto, Kyoto Prefecture |
| ကိုဩဒိနိတ် | 35°1′59″N 135°45′44.45″E / 35.03306°N 135.7623472°Eကိုဩဒိနိတ်: 35°1′59″N 135°45′44.45″E / 35.03306°N 135.7623472°E |
| ဘာသာရေး နှီးနွယ်မှု | Shōkoku-ji Rinzai |
| နတ်ဘုရား | Shaka Nyorai (Śākyamuni) |
| နိုင်ငံ | Japan |
| လက်ရှိအခြေအနေ | Head Temple, Five Mountain Temple (Kyoto) |
| ဝက်ဘ်ဆိုဒ် | https://www.shokoku-ji.jp/en/ |
| ဗိသုကာ | |
| တည်ထောင်သူ | Ashikaga Yoshimitsu and Musō Soseki |
| စတင်သည့်နှစ် | 1382 |
| ပြီးစီး | 1807 |
ရှောခိုခုဂျိ (相国寺) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မြောက်ဘက်ပိုင်းတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ယခင်က “မန်းနင်း-ဇန် ရှောခိုခု ရှောတန်းဇန်းဂျိ” ဟူသည့် အမည်ရှိခဲ့သည်။ ဤကျောင်းတော်ကို ၁၃၈၂ ခုနှစ်တွင် “အရှိခဂယောရှိမိဆွတ်” က ပထမဆုံး တည်ထောင်ခဲ့သည်။ လက်ရှိတည်ရှိနေသည့်ကျောင်းတော်ကို နောက်ပိုင်းရာစုနှစ်များတွင် ပြန်လည်မွမ်းမံမှုများ၊ ပြုပြင်တည်ဆောက်မှုများရှိခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရှောခိုခုဂျိကို မုရိုမချိကာလအလယ်ပိုင်းတွင် တည်ဆောက်ခဲ့သည်။ ပင်မကျောင်းဆောင်၏ ကနဦးတည်ဆောက်မှုများကို ၁၃၈၃ ခုနှစ်တွင် စတင်ခဲ့သည်။[၁]
နဂါး
[ပြင်ဆင်ရန်]ဟတ်တိုးကျောင်းဆောင်၏ မျက်နှာကြက်တွင် ကြီးမားသည့် နဂါးပုံပန်းချီရှိသည်။ ထိုပန်းချီကို ခန်းအိုးမိဆွတ်နိုဘု (၁၅၆၅ - ၁၆၀၈) က ရေးဆွဲခဲ့သည်။ ပန်းချီသည် ဗုဒ္ဓဘာသာ၏ သင်ကြားပြသမှုများကို သရုပ်ဖော်ထားသည်။ ပန်းချီ၏ အဓိပ္ပါယ်သည် လက်ခုပ်နှစ်ဖက်တီးလိုက်ပါက အသံသည် နံရံနှင့် ကျောက်တုံးကြမ်းပြင်ကို ရိုက်ခေတ်မိကာ အသံပဲ့တင်မှုများ ဖြစ်ပေါ်လာပြီး ခန်းမတစ်လျှောက် ပျံ့နှံ့သွားသည်။ ဤသည်ကို နဂါး၏ မိုးကြိုးခြိမ်းသံဟု ဖော်ပြထားသည်။
ကျိုတိုမြို့ရှိ ခန်းနင်းဂျိ၏ ပင်မကျောင်းဆောင်တွင်လည်း ကြီးမားသည့် နဂါးပုံမျက်နာကြက်ပန်းချီတစ်ခု ရှိသည်။
ဗုဒ္ဓဘာသာစင်တာ
[ပြင်ဆင်ရန်]ရှောခိုခုဂျိသည် ကျိုတိုမြို့တွင် တည်ရှိသည့် “ခယောတိုဂေါ့ဇန်း” (ကြီးကျယ်မြင့်မြတ်သည့် ဇင်ကျောင်းတော် (၅) ခု) ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဤကျောင်းတော်သည် အလယ်ခေတ်ကာလက တည်ဆောက်ခဲ့သည့် ဒုတိယမြောက်ကျောင်းတော်လည်း ဖြစ်သည်။[၂] ၁၃၉၂ ခုနှစ်တွင် ရှောခိုခုဂျိကို “ဂေါ့ဇန်” ထဲတွင် ပါဝင်သည့် ကျောင်းတော်အဖြစ် သတ်မှတ်ခဲ့သည်။[၃]
ကျောင်းတော်သည် ဂျပန်ဇင်ဘာသာ၏ ရင်းဇိုင်းကျောင်းခွဲ ၁၄ ခုထဲတွင် ပါဝင်သည်။ လက်ရှိအချိန်တွင် ရင်းဇိုင်းဇင်၏ ရှောခိုခုဂျိရုံးခွဲအဖြစ် ကျောင်းတော်ကို သတ်မှတ်ထားသည်။ ဂျောတန်းခခုပြတိုက်သည် ကျောင်းတော်ပရဝုဏ်အတွင်းတွင် တည်ရှိသည်။[၄]