မာတိကာသို့ ခုန်သွားရန်

ခန်းနင်းဂျိ

ဝီကီပီးဒီးယား မှ

ခန်းနင်းဂျိ (建仁寺) သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် ဇင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်သည် ဇင်ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည့် ရင်းဇိုင်းဗုဒ္ဓဘာသာ၏ ပင်မကျောင်းတော်လည်း ဖြစ်သည်။ ဤကျောင်းတော်သည် ခယောတိုဂေါ့ဇန်း (Kyoto Gozan) ဟု ခေါ်ဆိုကြသည့် "ကျိုတိုမြို့၏ အရေးအပါဆုံး ဇင်ကျောင်းတော်ငါးခု" ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
Sanmon (三門, or sammon, main door), bōketsurō (望闕楼)

ခန်းနင်းဂျိကို ၁၂၀၂ CE တွင် တည်ထောင်ခဲ့ပြီး ကျိုတိုမြို့တွင် သက်တမ်းအကြာဆုံးသော ဇင်ကျောင်းတော်ဖြစ်သည်ဟု ဆိုကြသည်။ တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်တွင် ရှိသည့် တရုတ်ကျောင်းတော်များကို ပုံတူကူးကာ တည်ဆောက်ထားသည့် ကျောင်းတော်ဖြစ်သည်။[]

ရဟန်းတော် အဲအိဆိုင် (Eisai) သည် ဇင်ဗုဒ္ဓဘာသာကို ဂျပန်နိုင်ငံတွင် မိတ်ဆက်ပေးခဲ့သူ ဖြစ်သည်။ သူသည် ဤကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဤကျောင်းတော်၏ မြေပြင်တွင်ပင် သူ့ကို မြှုပ်နှံခဲ့သည်။ သူသည် ပထမနှစ်များတွင် ဇင်၊ တန်းဒိုင်းနှင့် ရှင်းဂွန်းကျင့်စဉ်များကို ပေါင်းစည်းခဲ့ကာ စစ်မှန်သည့် တစ်ခုတည်းသော ဇင်အဖွဲ့အစည်းကို တစ်ထောင်ခဲ့သည်။[]

ခန်းနင်းဂျိ စာသင်ကျောင်းများ

[ပြင်ဆင်ရန်]

ပင်မကျောင်းတော် ဖြစ်သည်။ ခန်းနင်းဂျိ၏ ကျောင်းခွဲများသည် ဂျပန်တစ်နိုင်ငံလုံးတွင် ၇၂ ခုရှိပြီး ခန့်မှန်းခြေအားဖြင့် တပည့်တပန်း ၂၅၀၀၀ ခန့်ရှိသည်။[]

အဆောက်အဦ

[ပြင်ဆင်ရန်]

အနုပညာလက်ရာများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Heine၊ Steven; Wright၊ Dale S. (October 6, 2005)။ Zen Classics: Formative Texts in the History of Zen Buddhism။ Oxford, United Kingdom: Oxford University Press။ pp. 141–142။ ISBN 978-0195175264
  2. Baroni၊ Helen J. (2002)။ "Kennin-ji Ha"The Illustrated Encyclopedia of Zen Buddhism။ New York: Rosen Publishing Group။ p. 188။ ISBN 0-8239-2240-5OCLC 42680558