ရှရွတ်ခန်း

ဝီကီပီးဒီးယား မှ
ရှရွတ်ခန်း
Shah Rukh Khan
၂၀၁၂ ခုနှစ်တွင် မီဒီယာများနှင့် တွေ့ဆုံပြောကြားနေသော ရှရွတ်ခန်း
မွေးဖွားရှရွတ်ခန်း (Shahrukh Khan)
(1965-11-02) နိုဝင်ဘာ ၂၊ ၁၉၆၅ (အသက် ၅၈)
နယူးဒေလီမြို့အိန္ဒိယနိုင်ငံ[၁]
ဌာနေဘန်ဒရာ၊ မွမ်ဘိုင်းမြို့၊ မဟာရရှ်တရာ ပြည်နယ်၊ အိန္ဒိယနိုင်ငံ
နိုင်ငံလူမျိုးအိန္ဒိယလူမျိုး အစ္စလာမ်ဘာသာဝင်
ပညာရေးဟန်စရာ့ဂျ် ကောလိပ်၊ ဒေလီ တက္ကသိုလ် [၂]
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၈ ခုနှစ် မှ လက်ရှိအချိန်အထိ
အိမ်ထောင်ဖက်(များ)ဂေါ်ရီ ခန်း (လက်ထပ် 1991)
သားသမီး၃ ဦး
လက်မှတ်

ရှရွတ်ခန်း (အင်္ဂလိပ်: Shah Rukh Khan ၊ ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် Shahrukh Khan အဖြစ် မွေးဖွား၊ မြန်မာလို ရှရွတ်ခန်ရှာရွတ်ခန်း စသည်ဖြင့် အမျိုးမျိုး စာလုံးပေါင်းကြ) သည် ကမ္ဘာကျော် အမျိုးသားရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူ့ကို SRK ဟူ၍လည်း သိကြပြီး၊ အိန္ဒိယလူမျိုး ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူနှင့် ရုပ်မြင်သံကြားတွင်နာမည်ကျော်သူ တစ်ဦး ဖြစ်သည်။ မီဒီယာများက ရှရွတ်ခန်း ကို "ဘောလီးဝုဒ်၏ အရှင်သခင်"၊ "ဘောလီးဝုဒ်၏ ဘုရင်" နှင့် "ဘုရင်ကြီး ခန်း" စသည်ဖြင့် သုံးနှုန်းဖော်ပြကြသည်။ ရှရွတ်ခန်းသည် ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားပေါင်း ၈၀ ကားအထက်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ ဖလင်ဖဲရ်ဆု (Filmfare Awards) ၁၄ ဆု အပါအဝင် ချီးကျူးဂုဏ်ပြုမှုများ၊ ဆုပေါင်း အမြောက်အမြားကို လက်ခံရရှိခဲ့သည်။ ရှရွတ်ခန်းသည် ထူးချွန်ဆုပေါင်း ၂၇၀ ကျော် ရရှိထားသူလည်း ဖြစ်သည်။ ရှရွတ်ခန်းသည် ကမ္ဘာအနှံ့တွင် နေထိုင်ကြသော အိန္ဒိယလူမျိုးများနှင့် အာရှတစ်ဝန်းမှ ပရိသတ်များ၏ အရေးပါသော အားပေးမှုများကို ရရှိခဲ့သူလည်း ဖြစ်သည်။ သူ၏ ပိုင်နိုင်ကောင်းမွန်လှသော သရုပ်ဆောင်ချက်များ၊ အားပေးကြသော ပရိသတ်များစွာနှင့် ရရှိသောဝင်ငွေ စသည့်အချက်တို့ကြောင့် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးသော ရုပ်ရှင်အနုပညာကြယ်ပွင့်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်လေသည်။

ရုပ်ရှင်ကားများ

Josh 2000

ကိုးကား[ပြင်ဆင်ရန်]

  1. Chopra 2007, p. 27: "born on 2 November 1965 at Talwar Nursing Home, in New Delhi"
  2. "SRK finally receives graduation degree from Hansraj College after 28 years"၊ The Indian Express၊ 17 February 2016။ 17 February 2016 တွင် ပြန်စစ်ပြီး